home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းကင်ဆာဖြင့် ရှင်သန်နေသူများအတွက် ထောက်ပံ့မှု အဖွဲ့ကို ဘယ်လိုရှာရမလဲ

အသည်းကင်ဆာဖြင့် ရှင်သန်နေသူများအတွက် ထောက်ပံ့မှု အဖွဲ့ကို ဘယ်လိုရှာရမလဲ

အသည်းကင်ဆာဖြင့် ရှင်သန်နေသူများအတွက် ထောက်ပံ့မှု အဖွဲ့ကိုဘယ်လိုရှာရမလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၂ ခုနစ်တွင် ထုတ်ပြန် ချက်အရအသည်းကင်ဆာသည် အမျိုးသားများတွင် ပဉ္စမမြောက် အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်သည်။ သင် သို့ မဟုတ် သင့်ဆွေမျိုးများတွင် အသည်းကင်ဆာ ဖြစ်ပွားပါကထိုခက်ခဲသောအချိန်များကိုရင်ဆိုင်နိုင်ရန် သင်သည် ထောက်ပံ့မှုများလိုအပ်ပါလိမ့်မည်။

အသည်းကင်ဆာ၊ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု လိုအပ်ခြင်း။

အသည်းကင်ဆာရောဂါသည်များနှင့် သူတို့၏ မိသားစုဝင်များသည် ထိုသေစေနိုင်သောရောဂါနှင့် ပတ်သတ်၍ ကူညီနိုင်သောစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများလိုအပ် သည်။ ကင်ဆာရောဂါသည်များသို့မဟုတ် ကင်ဆာရောဂါရှိ သူ၏ မိသားစုဝင်များသည် အပြန်အလှန် ထောက်ပံ့မှုရှိရန် လိုအပ်သည်။

အသည်းကင်ဆာလူနာအများစုမှာအမျိုးသားများ ဖြစ် သည်။ အမျိုးသားများသည် များသောအားဖြင့် ထောက်ပံ့မှု အဖွဲ့များတွင် ပါဝင်ဆင်နွဲလေ့မရှိပါ။ သို့သော်လည်းလူနာ နှင့် မိသားစုသည် တိကျသောအချက်အလက်များရရှိရန်နှင့် သောကများကို မျှဝေရန် ဆန္ဒရှိပါကအသည်းကင်ဆာကိုထိန်းချုပ်ရန် ပို၍ လွယ်ကူသည်။

အသည်းကင်ဆာ၊ အွန်လိုင်းမှ ထောက်ပံ့မှုအဖွဲ့များ

အချို့လူများသည် အွန်လိုင်းမှ ထောက်ပံ့မှုအဖွဲ့များကိုဆက်သွယ်ရန် နှစ်သက်ကြသည်။ ထိုအဖွဲ့များသည် အပြင် ထွက်ရန် မလိုအပ်ခြင်းစသောအကျိုးကျေးဇူးများရှိသည်။ ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိပြီးတိကျသောအချက်အလက် များစွာရယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အွန်လိုင်းစကားပြောအခန်းများတွင် အမည်မဖော်ပြဘဲပါဝင်နိုင်ပြီးသင် အလိုရှိသလောက် ပါဝင်နိုင်သည်။ ဝက်ဆိုက်အတွက် သင် မှတ်တမ်းစာရင်းတင်ရမည်။ သင်တစ်ခါ တင်ပြီးပါကသင်၏ ကိုယ်ရေးအချက်များကိုဘယ်သူမှ မရယူနိုင်ပါ။ သင် မပါဝင်ချင်တော့ပါကပါဝင်စရာမလိုပါ။ ဆက်သွယ်ပြီးလူတိုင်းပြောဆိုနေသည်များကိုတွေ့နိုင်သည်။ အလွန် လုံခြုံမှု ရှိပြီးသီးသန့်ဖြစ်သည်။

သို့သော်လည်းအွန်လိုင်းစကားပြောခန်းများနှင့် ဝက်ဆိုက်မှ ရရှိသောအချက်အလက်များကိုသတိပြုပါ။ အွန် လိုင်းစကားပြောခန်းများနှင့် ဝက်ဆိုက်များသည် ကျွမ်းကျင် ပညာရှင်များသို့မဟုတ် လေ့ကျင့်ထားသောပညာရှင်များမှ စေ့စပ်စွာစစ်ဆေးမထားပါကအသည်းကင်ဆာနှင့် ပတ် သက်သောအချက်အလက်များသည် အမြဲတမ်းတိကျမှု မရှိ နိုင်ပါ။ ကောင်းစွာသိနားလည်သောထောက်ပံ့သူသည် အဖွဲ့ ကိုဦးဆောင်ရန် အရေးကြီးပါသည်။ ထို့အပြင် သင်လိုအပ် သောအချက်အလက်ကိုရရှိရန် အဖွဲ့များစွာတွင် ပါဝင်ရန် လိုအပ်သည်။ ကျွန်တော်သည် အဖွဲ့များစွာတွင် ပါဝင်ဖူးသည်။

နောက်ဆုံးတွင် အသည်းအစားထိုးလူနာများအတွက် ထောက်ပံ့မှုအဖွဲ့ကိုရှာတွေ့ခဲ့သည်။

အသည်းကင်ဆာ၊ အွန်လိုင်းမှထောက်ပံ့မှုအဖွဲ့များကိုရှာခြင်း

အသည်းကင်ဆာလူနာများအတွက် အွန်လိုင်းမှ ထောက် ပံ့မှုအဖွဲ့များကိုရှာနိုင်သောရင်းမြစ်များမှာ –

  • ACS ၏ ကင်ဆာရောဂါသည်များကွန်ရက် (CSN) တွင် လူနာများ၊ ရောဂါဖြင့် ပျောက်ကင်းသူများ နှင့် သူတို့၏ မိသားစုဝင်များမှ ရေးသားထားသောမက် ဆေ့များကိုရှာဖွေနိုင်သည်။ သင်သည် သိလိုသောအဓိကအချက်များအပေါ် ဆွေးနွေးထားသည်ကိုလည်းဖတ်ရှုနိုင်သည်။
  • ကင်ဆာအွန်လိုင်းရင်းမြစ်များအဖွဲ့အစည်း (ACOR) သည် လူနာများကိုထောက်ပံ့သောအကျိုးအမြတ် မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကင်ဆာ နှင့် ပတ်သက်သောသတင်းအချက်အလက်များကိုပေးနိုင်သောအွန်လိုင်းထောက်ပံ့မှုအဖွဲ့ ပေါင်း ၇၀ သို့ လင့်ခ်များကိုရှာဖွေနိုင်သည်။
  • OncoChatဆိုသည်မှာကင်ဆာလူနာများ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများအတွက် ထောက်ပံ့ရေးအဖွဲ့ တစ်ခုဖြစ်သည်။ ကင်ဆာနှင့် ပတ်သက်သော အ တွေ့အကြုံများကို မျှဝေသောနေရာဖြစ်သည်။
  • The Wellness Community သည် လူနာများ၊ ကျန်းမာရေးစောင့်ရှောက်သူများ နှင့် ကင်ဆာကုသမှု ခံယူထားသူများကိုအွန်လိုင်းမှတစ်ဆင့် ထောက်ပံ့မှု ပေးသည်။ ၎င်းသည် အွန်လိုင်းမှရောလူကိုယ်တိုင် ပါ ထောက်ပံ့မှုများစွာကိုပေးသည်။

အသည်းကင်ဆာအတွက် ထောက်ပံ့မှုများကိုအွန်လိုင်းမှ တစ်ဆင့် သို့မဟုတ် လူကိုယ်တိုင် ရှာဖွေနိုင်သည်။ ဘာသာရေးအဖွဲ့၊ မိသားစုသို့မဟုတ် သူငယ်ချင်းများထံမှ ရယူနိုင် သည်။ ဤအရာများသည် သင့်ကျန်းမာရေးအခြေအနေအတွက် တိကျသောအချက်အလက်များကိုရယူနိုင်သောလိုအပ်သည်များ ဖြစ်သည်။

Translated by ZinWai Yan Linn

Hello Health Group does not provide medical advice, diagnosis or treatment.

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Dr. Zin Wai Yan Lin မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။