home

Uncategorized

ကျန်းမာရေးဗဟုသုတ

Uncategorized

အနောက်တိုင်းဆေးပညာကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတဲ့ တခြားတစ်ဖက်မှာ အနောက်တိုင်းဆေးတွေက ပြင်းတယ်။ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး တခြားဆေးနည်း ပြောင်းသုံးကြသူတွေလည်း ရှိပါတယ်။ ဒီနည်းလမ်းတွေထဲမှာ သဘာဝဆေးဖက်ဝင်အပင်များ နဲ့ ရိုးရာဆေးနည်းများကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဘယ်လို နည်းလမ်းနဲ့ပဲဖြစ်ဖြစ် နည်းလမ်းမှန်မှန်၊ ကျွမ်းကျင်သူတွေနဲ့ ကုသမယ်ဆိုရင် သက်သာလာနိုင်ပါတယ်။ သဘာဝဆေးဖက်ဝင်အပင်များ သဘာဝဆေးဖက်ဝင် အပင်များဆိုတာ သဘာဝကရတဲ့ အပင်တွေရဲ့ ပဉ္စငါးပါးကို လိုသလို ပြုတ်ထောင်းပြီး သောက်ကြတာပါ။ ဆေးမြီးတိုလို့ ပြောလို့ရပါတယ်။ တိုင်းရင်းဆေးနဲ့ မတူပါဘူး။ တိုင်းရင်းဆေးက ရိုးရာဆေးနည်း တစ်မျိုးဖြစ်ပြီး သူ့မှာ စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ သဘာဝကရတဲ့ အပင်တွေ၊ အခေါက်တွေကို အနောက်တိုင်း ဆေးဝါးပုံစံ ဆေးတောင့်အနေနဲ့လည်း ထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။ သဘာဝဆေးဖက်ဝင်အပင်များ ကို သုံးစွဲတဲ့အခါ သတိထားရမယ့် အချက်များ တခြားသောက်လက်စဆေးတွေ၊ အနောက်တိုင်းဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဆေးဖက်ဝင်အပင်နဲ့ […]

အမေးအဖြေကဏ္ဍ

Uncategorized နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

Uncategorized

COVID-19 ရောဂါ ပိုးဟာ မတူကွဲပြားတဲ့ မျိုးစိတ်တွေရှိလာသလို ခြားနားတဲ့ လက္ခဏာသစ်တွေလည်း ပြသလာတာမို့ လေ့လာမှုတွေ ထပ်မံပြုလုပ်ခဲ့ကြရာမှာ နောက်ထပ် ထူးခြားတဲ့ တွေ့ရှိမှုတစ်ရပ်ကို သိလာရပါတယ်။ ဒါကတော့ SARS-CoV-2 ဆိုတဲ့ ကိုဗစ်ပိုးဟာ ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်တယ် ဆိုတာပါပဲ။ COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဘယ်လောက်အထိတိုက်ခိုက်နိုင်လဲ တခြားဘယ်နေရာတွေကို ထိခိုက်နိုင်သေးလဲဆိုတာကို ထပ်မံလေ့လာနေကြဆဲလည်းဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တဲ့ COVID-19 ရောဂါကို တွန်းလှန်ဖို့ နိုင်ငံတိုင်းက ကြိုးပမ်းနေကြပါတယ်။ ရောဂါက အသစ်အဆန်းဖြစ်နေတာမို့ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်လုပ်ရာမှာ အခက်အခဲတွေနဲ့ ကြံ့ကြာမှုတွေကတော့ အတိုင်းအတာတစ်ခုမက ကြုံဆုံနေရတာပေါ့။ ဒါကြောင့် ကမ္ဘာတစ်လွှားမှာ ဒီရောဂါရဲ့ သဘောသဘာဝနဲ့ ကုသနိုင်မယ့်နည်းလမ်းတွေကို အင်တိုက်အားတိုက် သုတေသနပြုနေကြတာပါ။ ဒီသုတေသနရလဒ်တွေကြောင့်ပဲ ရောဂါကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ဖော်ထုတ်လာနိုင်တာဖြစ်ပါတယ်။ လက်တလောမှာတော့ COVID-19 […]

Uncategorized

နှာခေါင်းကနေစလို့ အဆုတ်လေအိတ်ငယ်မှာ ဆုံးသွားတဲ့ အသက်ရှူလမ်းကြောင်း ဟာ ရောဂါပေါင်းစုံ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ပိုးဝင်တဲ့ ပြဿနာ အဖြစ်များပါတယ်။ သာမန် အအေးမိတုပ်ကွေးကနေစလို့ အဆုတ်ရောင်တဲ့အထိ ဖြစ်တာတွေ ရှိပါတယ်။ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း တွေက ဘာလဲဆိုတာ ပြောပြပေးသွားပါမယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အမျိုးအစား အသက်ရှူလမ်းကြောင်းကို တည်ဆောက်ပုံအရ အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ခွဲလိုက်ပါတယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းက နှာခေါင်းကနေ အသံအိုးထိ ပါပါတယ်။ အသံအိုးကနေ အဆုတ်လေအိတ်ငယ်တွေထိကိုတော့ အောက်ပိုင်း အသက်ရှူလမ်းကြောင်းအဖြစ်သတ်မှတ်ပါတယ်။ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းမှာ အဖြစ်များတဲ့ ပိုးဝင်ကူးစက်ခြင်းများ အအေးမိတုပ်ကွေး ထိပ်ကပ်နာ အာသီးရောင် လည်ပင်းနာ အသံအိုးရောင် စတာတွေက အဖြစ်များပါတယ်။ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများပြီး အခြေအနေဆိုးလေ့မရှိပါဘူး။ တစ်ပတ် ၂ပတ်လောက်ဆို သက်သာသွားကြပါတယ်။ အောက်ပိုင်း အသက်ရှူလမ်းကြောင်းမှာ အဖြစ်များတဲ့ […]

Uncategorized

လက်သည်းခြေသည်းလေးတွေက အလှတိုးစေသလို ကျန်းမာရေးကို ဖော်ပြပေးနေတဲ့ အရာလေးတွေဆိုရင်လည်း မမှားပါဘူး။ လက်သည်းခြေသည်းလေးတွေကိုလည်း အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နည်းတူ စောင့်ရှောက်ဖို့ လိုပါမယ်။ ဒီတစ်ခါက်တော့ ကျန်းမာရေးရဲ့ ပြတင်းပေါက်ဖြစ်သလို အလှတိုးစေမယ့် ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘယ်လိုစောင့်ရှောက်မှုတေါ ပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ခြေသည်းလက်သည်းလေးတွေက နေမကောင်းဖြစ်တတ်လား။ ခြေသည်းလက်သည်းလေးတွေကလည်း အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တတ်ပါတယ်။ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတွေ၊ လက်သည်းနီစတာတွေအပြင် အခြားသော ဓာတုပစ္စည်းတွေက လက်သည်းခြေသည်းတွေကို နာမကျန်းစြေစေနိုင်ပါတယ်။ လက်သည်းခြေသည်းတွေက မကျန်းမမာဖြစ်နေမယ်ဆိုရင် လက်သည်းခြေသည်းလေးတွေ အရောင်က ပန်းသွေးရောင်မဟုတ်ဘဲပြာနေတာ၊ ညိုနေတာ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်နေတာ အစင်းကြောင်းလေးတွေပေါ်နေတာ လက်သည်းတွေ ကြွပ်ဆတ်နေတာ လက်သည်းခြေသည်းမှိုပိုးဝင်တာ လက်သည်းခြေသည်းတွေ ပဲ့တာတွေခံစားရနိုင်ပါတယ်။ လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင် စားပါ။ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေအတွက်တင် အာဟာရကို လိုတာမဟုတ်ပါဘူး။ လက်သည်းခြေသည်းတွေကလည်း အာဟာရပြည့်ဝစွာရရှိဖို့ လိုပါမယ်။ […]

Uncategorized

WHO အဆိုအရတော့ အစားအသောက်တွေမှာပါတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေ၊ ဓာတုပစ္စည်းတွေကြောင့် ရောဂါပေါင်း ၂၀၀လောက် ဖြစ်နိုင်ပါတယ်တဲ့။ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဆိုတာ နဂိုအစားအသောက်မှာ ပါလာတဲ့ ပိုးတွေ အပြင် အစားအသောက်ထုတ်လုပ်ချိန်ကစလို့ နောက်ဆုံးစားသောက်တဲ့အချိန်အထိ ကြားထဲက အဆင့်တွေမှာ ပိုးတွေပါလာတာကို ဆိုလိုပါတယ်။ ဒီရောဂါတွေက သင်ထင်တာထက် ပိုများသလို ပိုလည်းဆိုးပါတယ်။ ဥပမာ ပြောရရင် စစချင်း အစားအသောက်တွေကို ရတဲ့ မြေထု၊ ရေထုကစလို့ အစားအသောက်ကို သိုလှောင်သိမ်းဆည်းပုံမမှန်လို့၊ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှု အားနည်းလို့ ပိုးတွေပါလာနိုင်ပါတယ်။ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က ဝမ်းပျက်ဝမ်းလျှောအပါအဝင် ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း လက္ခဏာတွေ မဟုတ်ဘဲ အာရုံကြောစနစ်၊ မျိုးပွားစနစ်နဲ့ ခုခံအားကို ထိခိုက်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် […]

Uncategorized

ရောဂါကူးစက်နည်းတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး ကြားဖူးမှာပါ။ လိင်ကတဆင့် ကူးစက်တာတို့၊ ထိတွေ့ရုံနဲ့ ကူးစက်တာတို့၊ သွေးကနေကူးစက်တာတို့ စသဖြင့်င့် နည်းလမ်းပေါင်းစုံရှိပါတယ်။ ဒီထဲမှာ လေထဲကနေ ကူးစက်တယ်ဆိုတာလည်း ရှိပါတယ်။ ရောဂါပိုးရှိတဲ့သူတစ်ယောက်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးမယ်၊ စကားပြောမယ်ဆိုရင် ပါးစပ်နဲ့ လည်ချောင်းထဲက အမှုန်အမွှားတွေ လေထဲကို ရောက်သွားနိုင်ပါတယ်။ ဒါတွေနဲ့အတူ ပါလာတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက လေထဲမှာ အချိန်တစ်ခုကြာအောင် ရှိနေနိုင်ပါတယ်။ မျက်နှာပြင်ပေါ်ကို ကျသွားပြီး ပစ္စည်းတွေမှာ ကပ်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ တစ်ယောက်ယောက်က ပိုးရှိတဲ့ လေကို ရှူသွင်းမိမယ် ဒါမှမဟုတ် ပိုးရှိတဲ့ ပစ္စည်းတွေကို ကိုင်ပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတာတွေကို ပွတ်သပ်မိမယ်ဆိုရင် ပိုးတွေက ကိုယ်ထဲကို ဝင်သွားနိုင်ပါတယ်။ လေထဲက ကူးစက်တဲ့ ရောဂါတွေဟာ အကူးလွယ်တာကြောင့် ကိုင်တွယ်ရခက်ပါတယ်။ မြန်မာနိုင်ငံမှာ […]

Uncategorized

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူအရေအတွက်က ဆက်တိုက်ကျဆင်းလာနေပါတယ်။ ယခုရက်တွေမှာဆိုရင် ပျမ်းမျှအားဖြင့် ရောဂါပိုး စစ်ဆေးခံရသူအရေအတွက်ရဲ့ ၅% အောက် ပမာဏမှာသာ Positive လူနာတွေ တွေ့ရတော့တာမို့ အခြေအနေတိုးတက်လာနေပြီလို့ဆိုရမှာပါ။ ဒါပေမယ့် ဒီလိုအချိန်မျိုးနဲ့တိုက်ဆိုင်စွာ နိုင်ငံတကာမှာ ဗီဇကွဲမျိုးစိတ်သစ်တစ်ခု ထပ်မံပေါ်ထွက်လာတာမို့ တစ်ကမ္ဘာလုံးမှာ တတိယလှိုင်းဆိုတဲ့ စကားစုက ခေတ်စားလာနေပါတယ်။ မျိုးစိတ်သစ်ဟာ ကူးစက်နိုင်စွမ်းမြန်ဆန်သလို ကာကွယ်တားဆီးနိုင်စွမ်း မရှိလိုက်ခင်မှာတင် ကမ္ဘာအနှံ့က တိုင်းပြည်တစ်ချို့ဆီကို ရောက်ရှိသွားတာပါ။ အိမ်နီးချင်းထိုင်းနိုင်ငံတွေမှာ ဒီရောဂါပိုးတွေ့ရှိသူတွေရှိလာနေပြီမို့ မြန်မာနိုင်ငံထံကိုလည်း မကြာခင်မှာ ဝင်ရောက်မလာဘူးလို့ ပြောမရတဲ့အခြေအနေပါ။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနဲ့က နယ်နိမိချင်းထိစပ်မှုရှည်လျားပြီး ကုန်သွယ်ရေးနဲ့ ရွှေ့ပြောင်းလုပ်သားကိစ္စတွေကြောင့် နေ့စဉ်ဝင်ထွက်သွားလာမှုတွေ မပြတ်ရှိနေတဲ့ အခြေအနေမျိုးကလည်း ရှိနေတယ်မဟုတ်လား။ တကယ်လို့ COVID-19 မျိုးစိတ်သစ်သာ ပြည်တွင်းကိုရောက်ရှိလာမယ်ဆိုရင် စည်းကမ်းပိုင်းလျော့ရဲနေပြီဖြစ်တဲ့ ခုလိုကာလမျိုးမှာ တတိယလှိုင်းဖြစ်လာနိုင်ခြေက သိပ်ကိုမြင့်မားသွားမှာပါ။ ဒီအခြေအနေမှာ လူတိုင်းက မျှော်လင့်နေကြတာကတော့ […]

Uncategorized

ကမ္ဘာကြီးဟာ COVID-19 ကပ်ဘေးကို ရင်ဆိုင်နေရတာ ၁ နှစ်ကျော်လွန်လာခဲ့ပါပြီ။ ရောဂါကပ်ဘေးကြောင့် လူသန်းပေါင်းမြောက်များစွာရဲ့ ဘဝတွေ ထိခိုက်ပျက်စီးခဲ့ရသလို ကမ္ဘာတစ်လွှား စီးပွားရေး လူမှုရေး ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် အခက်အခဲပေါင်းမြောက်များစွာကို ရင်ဆိုင်ခဲ့ကြရတာပါ။ ဒီလိုရင်ဆိုင်ခဲ့ကြရတဲ့ အခက်အခဲတွေ၊ ရောဂါအန္တရာယ်ဘေးတွေကြောင့် COVID-19 နဲ့ နောက်ဆက်တွဲဘေးဆိုးတစ်ခုကလည်း အရိပ်ပမာ ကပ်တွယ်လာပါတော့တယ်။ ဒီကပ်ဘေးကိုတော့ စိတ်ကျန်းမာရေးကပ်ဘေးလို့ ဆိုကြပါတယ်။ COVID-19 ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွေကနေ အပြင်မထွက်ပဲ လနဲ့ချီနေထိုင်ခဲ့ရတဲ့ လူတွေဟာ အထီးကျန်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ ပူပင်သောကတွေနဲ့ ဝမ်းနည်းကြောက်ရွံ့စိတ်တွေ တိုးပွားလာနေကြပြီး အမျိုးမျိုးအသွယ်သွယ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ထိခိုက်ခံစားနေကြရပါတယ်။ ရောဂါဆိုးကြီးကြောင့် ထိခိုက်ခံရသူ လူ သန်း ၈၈ သန်းနီးပါးသာရှိသေးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရသူတွေကတော့ ရေတွက်လို့ မရနိုင်လောက်အောင်ပါပဲ။   လူငယ်တွေ ပိုခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းလား ကိုဗစ်အကျပ်အတည်းမှာ စိတ်ပိုင်းဆိုင်ရာ […]

Uncategorized

ကိုဗစ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ တစ်ကမ္ဘာလုံး စိတ်ပူနေကြတာကတော့ တတိယလှိုင်းပါပဲ။ စကတည်းက ပညာရှင်တွေက ကိုဗစ်က လှိုင်းနဲ့ လာတတ်တယ်။ မျိုးဗီဇတွေပြောင်းတတ်တယ်လို့ သတိပေးထားပေမယ့်လည်း တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ကြုံတဲ့အခါ အလဲလဲ အကွဲကွဲပါပဲ။ ဒါတောင် တိုးတက်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေပါ။ မြန်မာနိုင်ငံအနေနဲ့ရော ကိုဗစ်တတိယလှိုင်းရန်က လွတ်ပါ့မလား။ ဘာတွေကြိုပြင်ထားသင့်သလဲ။ ကိုဗစ်နဲ့ မျိုးဗီဇပြောင်းလဲမှု သတိသာ မထားမိကြတာ ကိုဗစ်က မျိုးဗီဇပြောင်းလဲတာ မကြာခဏ ဖြစ်ပါတယ်။ ဒုတိယလှိုင်းတုန်းကလည်း ပြောင်းခဲ့သေးတာပဲ။ ခုလည်း ထပ်ပြောင်းပြန်ပါပြီ။ ဒီထဲမှာမှ လတ်တလော နာမည်ကြီးနေတာက ယူကေက ဗီဇပြောင်းပိုးနဲ့ တောင်အာဖရိကက ဗီဇပြောင်းပိုးပါပဲ။ ယူကေက ဗီဇပြောင်းကိုဗစ်ပိုး ဒီဇင်ဘာ ၁၄ရက်နေ့လောက်က ယူကေက အာဏာပိုင်တွေက ဗီဇပြောင်းပိုးတွေ့တယ်လို့ WHOကို အသိပေးခဲ့ပါတယ်။ ဘာမှန်း ရေရေရာရာ မသိသေးတာကြောင့်  SARS-CoV-2 VUI […]

Uncategorized

အထက်လန်အောက်လျှော ဆိုတာ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မထူးဆန်းလှတဲ့ ကိစ္စပါ။ လူတိုင်းလိုလို ဖြစ်ဖူးကြတာကိုး။ အန်လည်း အန်၊ ဝမ်းလည်းလျှောနေပြီဆိုရင် ဘယ်သူမှ မေးမနေတော့ပါဘူး။ ဒါ အထက်လန်အောက်လျှောတာပဲဆိုတာ တန်းသိနေပါပြီ။ ဒီလိုအဖြစ်များတဲ့ ရောဂါအတွက် ဆောင်ရန်ရှောင်ရန်လေးတွေက ဘာများလဲ။ အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ အဓိကကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တာများပါတယ်။ ဗိုင်းရပ်စ်ထဲမှာဆိုရင် နိုရိုနဲ့ ရိုတာဗိုင်းရပ်စ်က အဖြစ်အများဆုံးပါပဲ။ ဗိုင်းရပ်စ်ကတော့ ဖြစ်ရင် လူအစုအပြုံလိုက်ဖြစ်တတ်ပါတယ်။ နိုရိုကတော့ လူကြီးရော၊ ကလေးမှာပါ ဖြစ်တတ်ပါတယ်။ ရိုတာဗိုင်းရပ်စ်ကတော့ ကလေးတွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားထဲမှာဆိုရင်တော့ အီးကိုလိုင်၊ ဆယ်မွန်နဲလား၊ ကမ်ပိုင်လို စတာတွေကြောင့် ဖြစ်တာများပါတယ်။ ကပ်ပါးပိုးထဲမှာဆိုရင်တော့ ဂျီယားဒီးရား Giardiaကြောင့် ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကြောင့် ဖြစ်တာကတော့ ရှားပါတယ်။ အထက်လန်အောက်လျှောရဲ့ လက္ခဏာများ အဓိကလက္ခဏာတွေကတော့ ရုတ်တရက် […]

Uncategorized

အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက်မှာ အနာမျိုးစုံဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာ အနာအဖြစ်များပါတယ်။ သူတို့ နှစ်ခုကို ပေါင်းပြီး peptic ulcer လို့ ခေါ်ပါတယ်။ ခုပြောမှာကတော့ သူတို့ နှစ်ခုထဲက တစ်ခုဖြစ်တဲ့ အစာအိမ်အနာအကြောင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အနာ ဆိုတာ အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲအမြှေးပါးကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေနည်းသွားပြီး အနာဖြစ်လာတဲ့အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။ အစာအိမ်အနာ ဖြစ်စေတဲ့ အကြောင်းအရင်း အစာအိမ်အနာဖြစ်စေတဲ့ အကြောင်းရင်းတွေက အလွယ်ပြောရရင် အစာအိမ်အချွဲလွှာကို ပါးစေတဲ့ အကြောင်းရင်းတွေပါပဲ။ H.pylori ဘက်တီးရီးယား ဒီဘက်တီးရီးယားက အကြမ်းခံတဲ့ ဘက်တီးရီးယားပါပဲ။ […]

expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy