home

အိပ်စက်ခြင်း

အိပ်ရေး ဝဝအိပ်ဖို့ လိုတယ်ဆိုတာ လူတိုင်း သိပြီးသား ကိစ္စဖြစ်မှာပါ။ လူတစ်ယောက်ဟာ အနည်းဆုံး တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီကြား ရှိဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန်က ကိုယ်ခံအားကို အားဖြည့်ပေးပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ အိပ်ရေး ဝဝအိပ်စက်စေနိုင်မယ့် အကြောင်းအရာတွေနဲ့ အိပ်စက်ခြင်းရဲ့ အရေးပါမှုတွေကို ဒီကဏ္ဍမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့လည်စာလေးစားပြီး သောက်ပြီးလို့ နေ့ခင်းနေ့လယ်ချိန်ကို ရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိတာ ဓမ္မတာပါပဲ။ လူအများစုမှာ ဒီလိုအခြေအနေမျိုးကို ကြုံဆုံရတတ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးချိန်တွေ၊ နေအိမ်မှာ အားလပ်နေချိန်မျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။ နေ့လယ်စာ စားထားသည်ဖြစ်စေ […]

အိပ်စက်ခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အိပ်စက်ခြင်း

Insomnia ဆိုတဲ့ အိပ်မပျော်တဲ့ ဝေဒနာပါ။ အိပ်မပျော်တဲ့ ပြဿနာက သာမန်ပြဿနာတစ်ခုလို ထင်မြင်စရာဖြစပေမယ့် ကြာလာရင် နောက်ဆက်တွဲဆိုးကျိုးတွေများလွန်းလှပါတယ်။ ဒီတော့ ကိုယ် အိပ်မပျော်ဖြစ်နေရင် ဒါမှမဟုတ် Insomnia ဝေဒနာခံစားနေရတယ်ဆိုရင် သက်သာမှုပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေ သိထားသင့်တယ် မဟုတ်လား။ လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံး ၇ နာရီပြည့်အောင် မအိပ်စက်ဖြစ်ဘူးဆိုရင် အိပ်မပျော်တဲ့ ဝေဒနာလို့ သတ်မှတ်လို့ရတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီဝန်းကျင်အိပ်စက်ပေးမှ တစ်နေ့တာလုံး ခွန်အားပြည့်ဝ လန်းဆန်းနေမှာပါ။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ခံစားနေရတာဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ အိပ်မပျော်တဲ့သူတွေဟာ ဆေးဝါးမှီဝဲတတ်ကြပါတယ်။ ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဆေးဝါးမဟုတ်တဲ့ နောက်ထပ်ရွေးချယ်စရာကတော့ မိမိရဲ့ နေအိမ်မှာပဲ ကုစားနိုင်မယ့် အိမ်တွင်းကုထုံးနည်းလမ်းတွေပါ။ အသိများပြီး ဘေးကင်းတဲ့ နည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြပေးချင်ပါတယ်။ Melatonin Melatonin က […]

အိပ်စက်ခြင်း

အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပါ။ ကောင်းကောင်း အိပ်မပျော်ရင် စိတ်ရောကိုယ်ပါ မကျန်းမမာဖြစ်နိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ မှန်ကန်သင့်လျော်ပြီး အိပ်စက်ခြင်းကို အားပေးတဲ့ အစားအစာတွေကို မှီဝဲပေးမယ်ဆိုရင် ညစဉ် အိပ်မပျော်တဲ့ဝေဒနာကို ခံစားရနိုင်ခြေနည်းပါးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအစားအစာတွေက ကောင်းကောင်းအိပ်စက်အနားယူနိုင်အောင် ကူညီပေးမယ့် သင့်လျော်တဲ့ အစားအစာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။ ကီဝီသီး - ကီဝီသီးကို မြန်မာပြည်မှာတော့ အစားနည်းကြပါတယ်။ ဒါပေမယ့် ကီဝီသီးဟာ သင့်ရဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် C ၊ ဗီတာမင် E ၊ Folate နဲ့ တခြားသော သက်စောင့်ဓာတ်များစွာပါဝင်တဲ့ ကီဝီသီးဟာ ကောင်းကောင်းအိပ်စက်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ချယ်ရီသီး - ချယ်ရီသီးနဲ့ ချယ်ရီသီးဖျော်ရည်တွေကလည်း […]

အိပ်စက်ခြင်း

လူတိုင်း ကောင်းကောင်းအိပ်ပျော်ချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် လူတိုင်းတော့ ဆန္ဒမပြည့်ဝကြပါဘူး။ တစ်ချို့က အိပ်ရေးဝဝအိပ်ချင်ပေမယ့် အိပ်မပျော်ကြတာမို့ အခက်တွေ့နေကြပါတယ်။ ဒီအခြေအနေကို ကုစာပေးနိုင်မယ့် နည်းလမ်းကတော့ အိပ်ယာဝင်ခါနီးမှာ သင့်လျော်တဲ့ အဖျော်ယမကာ တချို့ကို မှီဝဲ သောက်သုံးပေးတာပါပဲ။ တချို့သော သဘာဝအစားအစာတွေဟာ အိပ်ပျော်အောင် ကူညီပေးနိုင်ကြပါတယ်။ ဒါပေမယ့် ညပိုင်းတွေမှာ အစားအစာမှီဝဲတာက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တာမို့ ဖျော်ရည်တွေကို မှီဝဲပေးတာက ပိုကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အိပ်ယာဝင်ခါနီး ၁နာရီနဲ့ ၁ နာရီခွဲဝန်းကျင်မှာ အောက်ပါ ဖျော်ရည်တွေကို မှီဝဲပေးမယ်ဆိုရင် ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့ အကူအညီပေးနိုင်လိမ့်မယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။ ကောင်းကောင်းအိပ်ပျော်စေမယ့် အဖျော်ယမကာများ နို့ - အိပ်စက်ခြင်းအတွက် အကောင်းဆုံး လက်နက်ပါပဲ။ နို့မှာပါဝင်တဲ့ Amino Acid က အိပ်ပျော်စေဖို့ အထောက်အကူပေးပါတယ်။ ဒါကြောင့် အိပ်ယာဝင်ခါနီးအချိန်တွေမှာ နို့တစ်ခွက် […]

အိပ်စက်ခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon