backup og meta

Waxing လုပ်ပြီး အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Waxing လုပ်ပြီး အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ

    မလိုတဲ့အမွေးအမျှင်တွေကို waxing လုပ်ပြီးဖယ်ရှားလိုက်တယ်ဆို ရှင်းတော့ရှင်းသွားပါရဲ့။ အသားအရေကိုထိမှာလား စိုးရိမ်ကြသူတွေရှိတယ်။ ဒီနည်းလုပ်လို့ အသားအရေတွေ ပွန်းပဲ့ပျက်စီးမှာလား၊ အသားမာတွေဖြစ်ကုန်မှာလား၊ မည်းသွားမှာလား စိတ်ပူနေဖို့ မလိုပါဘူး။ ဒီအချက်တွေသာ ဂရုစိုက်ပေးရင်ရပါပြီ။

    အရေပြားပေါ်ကအမွေးအမျှင်တွေကို နှုတ်တာပဲလေ၊ ခဏတော့ ဖျတ်ခနဲနာတာရှိမှာပေါ့။ အရေးကြီးတာက အဲဒီအရေပြားကို ဂရုစိုက်ထိန်းသိမ်းမှုဆက်လုပ်ပေးဖို့လိုပါတယ်။ ဘာလေးတွေဆောင်ရန်၊ရှောင်ရန်သိထားဖို့လိုလဲ ကြည့်ရအောင်။

    အကျပ်မဝတ်နဲ့

    ချိုင်းကြားအသားအရေနဲ့ ပေါင်ခြံ၊ ဆီးခုံတဝိုက်မှာ waxing လုပ်တာက ဘာမှမဖြစ်လောက်ဘူးလို့ထင်ရပေမယ့် သေချာဂရုမစိုက်ရင် ဂျင်းဘောင်းဘီတို့၊ အင်္ကျီကျပ်ကျပ်တို့နဲ့ဆို အရေပြားပွန်းကုန်နိုင်တယ်။waxing လုပ်ထားကာစမှာ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေရွေးဝတ်ပါ။

    ကလိုရင်း ရေတွေ ရှောင်ပါ

    ကလိုရင်းနဲ့ ဆားငန်ရေတွေ မထိတွေ့ပါစေနဲ့။ waxing လုပ်ထားပြီးရေကူးတာ၊ ကမ်းခြေမှာ ကဲတာတွေ မလုပ်မိဖို့သတိထားပါ။ waxing လုပ်ထားတယ်ဆို အသားအရေက နုနေပြီး ထိခိုက်လွယ်တာကြောင့် အနည်းဆုံး ၁၂ နာရီအတွင်းတော့ ဒီရေတွေကိုရှောင်ပါ။နောက်တစ်ချက်က ရေနွေးနဲ့ချိုးတာလည်းရှောင်ပါ။

    နေပူမခံပါနဲ့

    (မျက်နှာ သို့မဟုတ် ခြေသလုံးတို့လို ဖုံးအုပ်မထားတဲ့နေရာတွေ) waxing လုပ်ပြီးတဲ့အခါ တတ်နိုင်သလောက် နေရောင်ခြည်နဲ့ထိတွေ့မခံပါနဲ့။ ပုံမှန်အသားအရေထက် ပိုထိခိုက်လွယ်ပါတယ်။

    ဓာတုပြင်းတာတွေ ရှောင်ပါ

    အသားအရေက ပိုထိခိုက်လွယ်တဲ့အတွက် skin careတွေလိမ်းတဲ့အခါ အမွှေးနံ့၊ ဓာတုပစ္စည်းပြင်းတာတွေ မသုံးပါနဲ့။ ရက်ပိုင်းလောက်အတွင်းတော့ မျက်နှာသစ်ဆေး၊ လိုးရှင်း၊ အစိုဓာတ်ထိန်းပစ္စည်း စတာတွေကို အပျော့စားလေးတွေပဲသုံးပါ။

    ကိုင်ကြည့်မနေပါနဲ့

    အမွေးအမျှင်တွေရှင်းသွားပြီး ပြောင်ရှင်းရှင်းဖြစ်နေပြီဆိုတာနဲ့ လက်နဲ့သွားကိုင်ကြည့်နေတာမျိုးက ပိုးဝင်ဖို့လွယ်စေပါတယ်။မွေးညင်းပေါက်တွေမှာ ဒါမှမဟုတ် ပေါက်ပြဲမှုတစ်ခုခုရှိခဲ့ရင် လက်မှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်သွားနိုင်ခြေပိုလွယ်စေပါလိမ့်မယ်။ တစ်ခုခုလိမ်းတဲ့အခါလည်း လက်ကိုသန့်အောင်ဂရုစိုက်ပါ။

    waxing မလုပ်ခင် အရင်ရေချိုးသန့်စင်ပါ

    ရေချိုးတာနဲ့ ရေချိုးဆပ်ပြာတွေကwaxing လုပ်ထားကာအသားအရေကို ပွန်းစေ၊ခြောက်သွေ့နိုင်စေလို့ရေသေချာချိုးပြီးမှwaxing လုပ်တာကောင်းပါတယ်။waxingပြီးရင် အဝတ်နု သို့မဟုတ် wet tissueလေးနဲ့ အသာလေးသုတ်လိုက်ရင်ရတာပဲ။

    အပျော့စား အသားအရေထိန်းပစ္စည်းတွေသုံးပါ

    waxing လုပ်ပြီးနောက်ပိုင်းအသားအရေက ပုံမှန်ထက်တော့ ပိုထိခိုက်လွယ်တဲ့အနေအထားမို့ အသားအရေထိန်းပစ္စည်းတွေနဲ့ဆပ်ပြာပြင်းပြင်းတွေသုံးလိုက်ရင် ပိုဆိုးနိုင်ပါတယ်။ အမွှေးနံ့မပြင်းတဲ့cleanserတွေ၊ moisturizerတွေသုံးပါ။

    waxing လုပ်ထားတဲ့ ဧရိယာတဝိုက်ကိုနောက် ၂၄ နာရီအတွင်း သန့်ရှင်းအောင်ထားပါ၊ မပူအောင်၊ မပွန်းအောင်ထားပါ။ ဆိုလိုတာက –

    • ရေနွေးနဲ့မချိုးပါနဲ့။
    • အားကစားလုပ်တာ၊လေ့ကျင့်ခန်းလုပ်တာတွေရှောင်ပါ။
    • မသန့်ရှင်းတဲ့လက်နဲ့ ထိတွေ့တာ၊ ကုတ်တာရှောင်ပါ။
    • ချိုင်းကို waxing လုပ်ထားတာဆိုရင် ချွေးနံ့ပျောက်ဆေး Roll Onတွေမလိမ်းပါနဲ့ဦး။ waxing လုပ်တဲ့နေရာတွေကို ဘော်ဒီစပရေး၊ ပေါင်ဒါ၊ လိုးရှင်းတွေ မလိမ်းပါနဲ့ဦး။
    • အစိုဓာတ်ထိန်းတဲ့ သဘာဝဂျယ်လ်လေးတွေ လိမ်းပေးလို့ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement