backup og meta

အံ့သြဖွယ်ရာ နေလောင်ကာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အံ့သြဖွယ်ရာ နေလောင်ကာ

    နေလောင်ကာ ခရင်မ် (Sunscreen) ဟာ မလိမ်းမဖြစ် လိမ်းသင့်တဲ့ အရာပါ။ နေလောင်ကာခရင်မ်ကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် အရေပြားကင်ဆာဖြစ်ပွားမှုကို ကာကွယ်လျှော့ချပေးနိုင်ပါတယ်။ နေလောင်ကာ ခရင်မ်ရဲ့ အံ့သြဖွယ်ရာ အကျိုးကျေးဇူးတွေကို အရေပြားဆရာဝန်တွေက ပြောပြထားကြပါတယ်။

    နေလောင်ကာ ခရင်မ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

    (မိတ်ကပ်တွေနဲ့ BB Cream တွေမှာပါတဲ့ SPF ပမာဏလောက်နဲ့ မလုံလောက်ပါဘူး။               

    နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည် UV rays တွေပါဝင်နေပါတယ်။ UV ရောင်ခြည်တွေဟာ အသားအရေအတွင်းပိုင်းထိ နက်နက်ရှိင်းရှိုင်း ဝင်ရောက်နိုင်တာကြောင့် အမည်းစက်တွေနဲ့ အရေးအကြောင်း တွေဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်တွေမှာပါတဲ့ Sunscreen ပမာဏလောက်နဲ့ တင်းတိမ်မနေဘဲ Sunscreen သီးသန့် ထပ်မံ လိမ်းပေးပါ။

    () ပမာဏများများလိမ်းပါ။

    မျက်နှာတင်မဟုတ်ဘဲ နေရောင်ခြည်ထိတွေ့မယ့် ခန္ဓာကိုယ် နေရာအနှံ့အပြားကို အကုန်လိမ်းပါ။ ချွေးထွက်များတဲ့သူတွေ (ဥပမာ၊ စက်ဘီးစီးသူ)မှာဆိုရင် နှစ်ထပ်လိမ်းသင့်ရင် လိမ်းရပါမယ်။ မနှမြောပါနဲ့။

    () မလိမ်းဖြစ်တဲ့နေရာမရှိအောင်လိမ်းပါ။

    တချို့တွေဟာ နှုတ်ခမ်း၊ နားရွက်၊ ဆံစပ်၊ လည်ပင်း၊ ခြေဖမိုးနဲ့ လက်ချောင်းလေးတွေကို မလိမ်းဘဲ ထားတတ်ကြပါတယ်။ ဒီလိုနေရာတွေဟာလည်း နေနဲ့ထိတွေ့တာပါပဲ။ ဒါကြောင့် ဒီနေရာတွေကိုလည်း ချန်မထားဘဲနဲ့ အနှံအပြား လိမ်းသင့်ပါတယ်။ နှုတ်ခမ်းကိုတော့ နှုတ်ခမ်းအဆီ (Balm) လိမ်းနိုင်ပါတယ်။ တိုက်တေနီယမ်ဒိုင် အောက်ဆိုဒ် (Titanium dioxide)နဲ့ ဇင့် (Zinc) ပါတဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေကနေ ကာထားပေးနိုင်ပါတယ်။

    () တက်တူးထိုးထားခြင်းက သင့်အသားအရေကို အကာအကွယ် မပေးပါဘူး။

    တက်တူးကို နှစ်သက်လို့ထိုးထားကြသူတွေဟာ တက်တူးနေရာကို နေလောင်ကာခရင်မ် လိမ်းစရာမလိုဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့အယူအဆပါ။ တက်တူးထိုးထားတဲ့ အရေပြားနေရာဟာ ပိုလို့တောင် ထိလွယ်ရှလွယ်ပါသေးတယ်။ တက်တူးမင်တွေမှာပါဝင်တဲ့ ဓာတု ပစ္စည်းတွေကြောင့်ပါ။ ဒါကြောင့် တက်တူးနေရာတွေကိုပါ Sunscreen လိမ်းပါ။

    (ဦးရေပြားဟာလည်း နေရောင်ခြည်ကြောင့် ပျက်စီးနိုင်တယ်ဆိုတာကို သတိချပ်ပါ။

    ဆံပင်နဲ့ကာထားတယ်ဆိုပြီး ထင်တစ်လုံးနဲ့ sunscreen လိမ်းစရာမလိုဘူးလို့ မယူဆလိုက်ပါနဲ့။ ဦးထုပ်ဆောင်းလေ့ဆောင်းထမရှိတဲ့သူဆိုရင် နေလောင်ကာ ဒြပ်ပေါင်းတွေပါဝင်တဲ့ ပစ္စည်းတွေသုံးပါ။ ဥပမာ စပရေး Hair Spray, Hair Cream လို အရာမျိုးတွေ သုံးသင့်ပါတယ်။ ၎င်းတို့ဟာ စေးကပ်မှု မရှိဘဲ ဆံပင်ကိုတောင် အာဟာရဖြည့်ပေးနိုင်ပါသေးတယ်။

    () အမာရွတ်နေရာတွေကိုလည်း Sunscreen လိမ်းဖို့ ချန်ထားပါနဲ့။

    အနည်းဆုံး SPF 30 ပါတဲ့ နေလောင်ကာခရင်မ်မျိုး လိမ်းပေးသင့်ပါတယ်။ အမာရွတ်နေရာ ဟာ ပျက်စီးပြီးသား အရေပြားနေရာ ဖြစ်တာကြောင့် ပိုမိုနုနယ်ပါတယ်။ အရေပြားကင်ဆာဟာ ဒီလို အမာရွတ်နေရာတွေက ဖြစ်တာပိုများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အမာရွတ်ဟာ ပိုမည်းသွားနိုင်ပါတယ်။ sunscreen လိမ်းရင် အမာရွတ်နေရာကို ချန်လှပ်မထားဖို့ သတိပေးပါရစေ။

    () နေရောင်ခြည်ဟာ အသားအရောင်မခွဲခြားပါဘူး။

    ‘အသားမည်းသူ၊ ညိုသူတွေဟာ အမည်းရောင်ခြယ်ဓာတ် များတာကြောင့် အရေပြားကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါးတယ်။ Sunscreen လိမ်းစရာ မလိုဘူးလို့ ပြောလေ့ပြောထရှိတတ်ကြပါတယ်။’ သို့ပေမယ့် SFP 30 ကတော့ အနည်းဆုံးလိမ်းသင့်ပါတယ်။ အသားဖြူဖြူ၊ မည်းမည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါသေးတယ်။

    () အိမ်မွေးတိရစ္ဆာန်လေးတွေကိုရော Sun Screen လိမ်းပေးဖို့ လိုအပ်မလား။

    ခွေးလေးတွေ၊ ကြောင်လေးတွေမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါသေးတယ်။ ပါးစပ်နဲ့ ခြေချောင်းလေးတွေမှာ  (Melanoma)လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ အဖြစ်များပါတယ်။ ရောဂါ လက္ခဏာရဲ့အစအဖြစ် ခွေးလေးတွေမှာ ခံတွင်းအနံ့နံလာမယ်။ ခြေသည်း လက်သည်းတွေဟာ ကျိုးလွယ်ပြီး အနာတော်တော်နဲ့ မကျက်တော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် သူတို့လေးတွေကို အရိပ်ထဲမှာပဲထားသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေအတွက် အထူးပြုထုတ် လုပ်ထားတဲ့ sunscreen တွေလည်း ‘Pet Shop’ တွေမှာ ရှာဝယ်နိုင်ပါတယ်။

    ()  Sunscreen ဟာ စိတ်ချရပါတယ်။

    အရေပြားဆရာဝန်တွေဟာ Sunscreen လိမ်းခြင်းဟာ စိတ်ချရပါတယ်လို့ ဆိုကြပါတယ်။ Sunscreen မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် သေဆုံးသူ မရှိဖူးဘူးလို့လည်း ဆိုထားကြပြန်ပါတယ်။ နေလောင်ကာခရင်မ် မလိမ်းရင်သာ အရေပြားကင်ဆာ (Melonama) ဖြစ်ပွားနိုင်ပါတယ်။ စိတ်ပူတတ်ပါက Sunscreen သုံးစွဲချိန် လျှော့ချနိုင်ပါတယ်။ အင်္ကျီရှည်၊ ဘောင်းဘီရှည် ဝတ်တာမျိုး၊ မနက်(၁၀)နာရီမှ နေ့လည် (၂)နာရီအတွင်း နေပူထဲထွက်ခြင်းမှ ရှောင်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ (၆)လအောက် ကလေး တွေကိုတော့ sunscreen မလိမ်းပေးပါနဲ့။ တတ်နိုင်သလောက် အရိပ်ထဲမှာပဲထားပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement