backup og meta

အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား...

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား...

    အသားလေးဖြူရင် ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်။ အသားလေးဖြူတော့ ဘာဝတ်ဝတ် လှတယ်ဆိုတဲ့ စကားတွေက အသားဖြူ ချင်တဲ့ ဆန္ဒတွေကို တဖွားဖွား ဖြစ်ပေါ်စေနေတယ်နော်။ ဒါကြောင့် အသားဖြူဖြူလေးနဲ့ ဘာဝတ်ဝတ်လှပြီး ဘယ်လိုနေနေ ချစ်ဖို့ကောင်းချင်လို့ အသားဖြူကုထုံး ကို ခံယူဖို့ စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဘယ်ကုထုံးက အဆင်ပြေဆုံး ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်လိုက်တော့နော်……..

    အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား…

    အသားဖြူကုထုံး ခံယူဖို့ စဉ်းစားနေသလား… ဒါဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အသားဖြူကုထုံးက တစ်မျိုးထဲရှိတာလား……..

    အသားဖြူ ကုထုံးဆိုတာက အရေပြားပေါ်က အမဲစက်တွေနဲ့ ညိုမဲနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးတဲ့ ကုထုံးပါ။ အမဲစက်တွေ၊ အမာရွတ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေခြင်းအားဖြင့် အရေပြားကို ဖြူစင်လှပစေတဲ့ ကုထုံးပေါ့။ အသားဖြူကုထုံးက တစ်မျိုးမက ရှိနိုင်ပါတယ်။ ဘာတွေများလဲ ကြည့်လိုက်ရအောင်…….

    အသားဖြူ ဆပ်ပြာ

    အသားဖြူ ဆပ်ပြာက အသားဖြူချင်သူ တော်တော်များများရဲ့ ပထမဆုံး ခြေလှမ်းပါ။ ရေချိုးရင်း သုံးပေးရုံနဲ့ အသားကို တဖြည်းဖြည်း ဖြူလာစေတာပါ။ အချိန်တော့ပေးဖို့ လိုပါမယ်။ အသားဖြူ ဆပ်ပြာ သုံးပြီးတဲ့အခါ အရေပြားကို အစိုဓါတ် ထိန်းပေးဖို့ Body Lotion လူးပေးဖို့ လိုသလို နေလောင်ကာခရင်မ်ကိုလည်း မေ့ထားလို့ မရပါဘူး။

    အသားဖြူဆေး ထိုးခြင်း

    အသားဖြူဆေး ထိုးတာက ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေခြင်း၊ မယ်လ်လာနင်ထုတ်လုပ်မှုကို ဟန့်တားတဲ့ နည်းလမ်းနဲ့ အသားကို ဖြူစေတာပါ။ မယ်လနင်ထုတ်လုပ်မှုကို လျှော့ချတဲ့ အသားဖြူကုထုံး တစ်ရပ်ပေါ့။

    အပေါ်ယံအရေပြားလွှာဖယ်ရှားခြင်း ကုထုံး

    လူသိများတဲ့ အသားဖြူကုထုံး တစ်ခုပေါ့။ ဓါတုပစ္စည်း သုံးပြီး အပေါ်ယံ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတဲ့ နည်းလမ်းပါ။ အရေပြားပေါ်က အမာရွတ်နဲ့ အမဲစက်တွေကို လျော့ပါးစေနိုင်ပါတယ်။

    Detan Facial ကုထုံး

    ဒီကုထုံးက အသားအရေ မညီတာတွေအတွက် အထူး သင့်တော်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကို သုံးပြီး အသားအရေကို ညှိပေးတာပါ။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တာကြောင့် ညိုမဲနေတဲ့ အသားအရေတွေကို အကောင်းဆုံး ပြုပြင်ပေးနိုင်ပါတယ်။ အရေပြား အတွင်းပိုင်းထိ အာဟာရ ဖြည့်ပေးပြီး ကော်လာဂျင်တွေ ထွက်လာအောင် လှုံ့ဆော်ပေးမှု ကနေတဆင့် အသားအရေကို ကြည်လင်စေတာပါ။

    အမဲစက်တွေ ဖယ်ရှားပေးခြင်း ကုထုံး

    သဘာဝ အဆီအနှစ်တွေကို အသုံးပြုပြီး အသားအရေ မညီညာတာနဲ့ အမဲစက်တွေကို သက်သာအောင် လုပ်ဆောင်ပေးတဲ့ ကုထုံးပါ။ အာရှ ဒေသတွင်းမှာ လူကြိုက်များတဲ့ ကုထုံး တစ်ခုပေါ့။ အာရှ အသားအရေနဲ့ အသင့်တော်ဆုံး ကုထုံးဆိုလည်း မမှားပါဘူး။

    လေဆာကုထုံး

    လေဆာရောင်ခြည်ကို အသုံးပြုပြီး အရေပြားတွေကို တစ်လွှာချင်း ဖယ်ရှားပေးတဲ့ ကုထုံးပါ။ အပေါ်ယံ အရေပြားလွှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်တွေ ကို လေဆာရောင်ခြည် သုံးပြီး ဖယ်ရှားတာပါ။

    အသားဖြူထုံး ခံယူဖို့ အသင့်တော်ဆုံးသူတွေက ဘယ်သူတွေများလဲ…………….

    • အသားအရောင် မညီတဲ့သူတွေ
    • နေလောင်ဒဏ် ကြောင့် အသားအရေ ညိုမဲပျက်စီးနေသူတွေ
    • ဝက်ခြံအမာရွတ် ရှိနေသူတွေ
    • အမဲစက် ရှိသူတွေ
    • အပြစ်အနာအဆာ ကင်းပြီး ဖြူစင်ဝင်းပတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်လိုသူတွေ ခံယူသင့်ပါတယ်။

    နောက်ဆုံးအနေနဲ့ သတိထားရမယ့် အချက်လေး တစ်ခုကတော့ အသားဖြူချင်လို့ ကုထုံး ခံယူမယ်ဆိုရင် တတ်ကျွမ်းနားလည်သူတွေထံမှာ ခံယူဖို့ပါ။ ဒါမှ ဆိုးကျိုးမရှိဘဲ ဖြူစင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement