backup og meta

Cellulite တွေကို ဘယ်လိုကုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Cellulite တွေကို ဘယ်လိုကုမလဲ

    Cellulite ဆိုတာ သင့်အရေပြားအောက်က အဆီလွှာကို ဆိုလိုတာပါ။ ပုံမှန်ဆိုရင်  အရေပြားနဲ့ ကြွက်သားတွေကို တွယ်ဆက်တစ်သျှူးတွေက တွယ်ထားတာပါ။ ဒီကြားထဲကို Celluliteတွေက ဝင်လာပြီး အရေပြားကို တွန်းလိုက်ပါတယ်။ ဒါကြောင့် အရေပြားပေါ်မှာ တွယ်ဆက်တစ်သျှူးတွေ ရှိနေတဲ့နေရာမှာ အချိုင့်တွေ ဖြစ်လာပါတယ်။ Cellulite တွေကို သင့်ပေါင်ရင်းနဲ့ ဝမ်းဗိုက်တွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဒါက ပုံမှန်ဆိုပေမယ့် သင့်အတွက် အနှောက်အယှက်ဖြစ်မယ်ဆို ဒါကို ပိုပြီး မသိသာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

    Cellulite တွေ မသိသာစေဖို့

    လေ့ကျင့်ခန်းလုပ်ခြင်းက Cellulite ကုသမှုတွေထဲက အကောင်းဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက Celluliteတွေကို ပျောက်သွားစေမှာ မဟုတ်ပေမယ့် ဖုထစ်နေတဲ့ နေရာအောက်က တောင့်တင်းတဲ့ ကြွက်သားတွေက သင့်အရေပြားကို ညီညာအောင် လုပ်ပေးနိုင်မှာပါ။ သင့်တင့်တဲ့ အစားအသောက်၊ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း၊ ကြွက်သားလေ့ကျင့်ခန်း ၃ မျိုးပါတဲ့ အစီအစဉ်တစ်ခုကို စမ်းကြည့်ပါ။

    • အစားအစာတွေကို ဆင်ခြင်စားပါ၊

    ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ ကောက်ပဲ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ ပေါင်မုန့်၊ သကြားလုံး၊ အချိုရည်တွေမှာ ပါတဲ့ ရိုးရိုး carbs ဒါမှမဟုတ် ပြုပြင်ထားတဲ့ carbs တွေက ကယ်လိုရီကို တက်စေပါတယ်။ ဒါက အဆီတက်စေပါတယ်၊၊ အထူးသဖြင့် Cellulite များတဲ့နေရာတွေမှာပါ။

    • ကိုယ်အလေးချိန် ဖြည်းဖြည်းချင်းချပါ

    ပိန်ပိန်ဝဝ  Cellulite ရှိပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် ပိုများတာက Celluliteတွေကို ပိုမြင်ရစေပါတယ်။ တကယ်လို့ သင်က အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့တာက အကူအညီပေးနိုင်ပါတယ်။ ဝိတ်ချရင် ဖြည်းဖြည်းချင်း ချတာက အကောင်းဆုံးပါ။ ဝိတ်အများကြီးကို မြန်မြန်ချလိုက်ရင် လျော့ရဲသွားတဲ့ သင့်အရေပြားမှာ Cellulite တွေကို ပိုတွေ့ရမှာပါ၊၊

    • ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်တာက သင့်အရေပြားဆီ သွေးပို့ပေးတဲ့နေရာမှာ သက်ရောက်မှု ရှိစေပါတယ်။ အရေပြားကို ပါးပြီး လျော့ရဲစေပါတယ်။ ဒါက သင့်လက်မောင်း၊ ပေါင်ရင်းနဲ့ အောက်ပိုင်းတွေက Celluliteတွေကို ပိုမြင်ရစေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါ။

    • လျော့ရဲသွားတဲ့နေရာတွေကို အနှိပ်ခံပါ

    အဆင်မပြေတဲ့နေရာတွေကို နေ့တိုင်း မိနစ် အနည်းငယ် အနှိပ်ခံပါ။ Shower ခန်းထဲမှာ ဒါမှမဟုတ် lotion လူးထားတဲ့အချိန် ပြုလုပ်ကြည့်ပါ။ အနှိပ်ခံတာက သွေးလှည့်ပတ်မှုကို တိုးတက်စေပြီးတော့ ပိုနေတဲ့ အရည်တွေကို ဖယ်ရှားပေးပါတယ်။ ဒါက လျော့ရဲနေတာတွေကို အတိုင်းအတာတခုအထိ မသိသာအောင် လုပ်ပေးပါတယ်။

    • Retinol cream ကို စမ်းသုံးကြည့်ပါ

    Firming cream ကို ရှာတဲ့အခါ retinol ဆိုတဲ့ စကားလုံးကို လမ်းညွှန်စာလုံးအဖြစ် သုံးပါ။ ဒါက celluliteကို မပျောက်ကင်းစေပါဘူး။ ဒါပေမယ့် သင့်အရေပြားရဲ့ အသွင်အပြင်နဲ့ နူးညံ့မှုကို တိုးတက်စေနိုင်ပါတယ်။ အနည်းဆုံး ၆လလောက် အသုံးပြုရပါမယ်။ Retinol ဝ.၃% ပါတာ အကောင်းဆုံးပါ။ ဒါက သင့်အပေါ်အရေပြားကို သူ့အောက်က လျော့ရဲနေတာတွေကို ဖုံးကာပေးဖို့အတွက် တင်းရင်းစေပါတယ်။

    Cellulite အတွက် ကုသနည်းများ

    • အနှိပ်ခံခြင်းနဲ့ suction တွဲလုပ်ခြင်း

    Lipomassage ဆိုတာ rolling suction device ကို သုံးပြီး သင့်အရေပြား စုဖို့ နှိပ်တာပါ။ ဒီကုသနည်းကို ရလဒ်ကောင်းရဖို့ အကြိမ်များများ ခံယူနိုင်ပါတယ်။ သင်ထပ်ကာထပ်ကာ မလုပ်ရင် ဒီအကျိုးရလဒ်တွေက ပျောက်ကွယ်သွားမှာပါ။ တတ်ကျွမ်းတဲ့သူနဲ့ လုပ်ဖို့လည်း လိုပါတယ်၊၊

    • Laser သို့မဟုတ် RF

    Laser ဒါမှမဟုတ် radiofrequency (RF) က သင့်အရေပြားကို အပြင်ကနေ ပူစေပြီး massage နဲ့ suction ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါက သင့်အဖုအထစ်တွေကို ချောမွတ်စေပြီး တချို့တွေမှာ ၆လနဲ့အထက် တာရှည်ခံပါတယ်။ အများကြီး မနာကျင်စေပေမယ့် ကုန်ကျစားရိတ်များပါတယ်။ မကြာခဏလည်း ကုသမှု ခံယူရပါမယ်။

    • Cellulaze

    ဒီနည်းက ခွဲစိတ်ပြီး celluliteတွေကို ရှင်းပစ်တာပါ။ အရေပြားအောက်က အဆီဆဲလ်တွေကို ကျုံ့သွားအောင် laser နဲ့ ပြုလုပ်ပြီး လျော့ရဲစေတဲ့ ကြမ်းတမ်းတဲ့နေရာတွေကို ဖြတ်ပေးပြီး အရေပြားထူအောင် လှုံ့ဆော်ပေးပါတယ်။ ဒါပေမယ့် ရေရှည်ရလဒ်ကတော့ မသိရှိကြပါဘူး။ ဒါကို လုပ်မယ်ဆိုရင်လည်း စိတ်ချရတဲ့ နေရာမှာ တတ်ကျွမ်းသူနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်၊၊

    တကယ်လို့ သင်က တအားအဝလွန်တာ ဒါမှမဟုတ် ထူထဲတဲ့ celluliteရှိနေရင် cellulaze က အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သင့်ဆရာဝန်ဆီက ညွှန်ကြားမှုကို မေးမြန်းပါ။

    ရေးသားသူ- Wuthun Myat Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement