မိတ်ကပ်လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေ ကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
မိတ်ကပ်လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေ ကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။
မျက်နှာအသားအရေကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ချွေးပေါက်ကျယ်တာပါ။ ဒါ့အပြင် သင့်ကို ချွေးပေါက်ကို ကျယ်စေတဲ့ အကြောင်းအရင်းက တစ်ခုမက ရှိနေနိုင်ပါတယ်။ သင့်ကို ချွေးပေါက်ကျယ်စေတဲ့ အချက်ကရော ဘယ်အချက် ဖြစ်နိုင်မလဲ။
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ချွေးပေါက်တွေ က ကျယ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားမှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ (ကော်လာဂျင်) နည်းလာတာကြောင့်ပါ။ ဒါကြောင့် အသက် ၃၀ကျော်လာတဲ့အခါ ချွေးပေါက်တွေ ကျယ်နိုင်ခြေက အရင်ကထက်ပိုများလာနိုင်ပါတယ်။
အဆီပြန်တတ်တဲ့အသားအရေရှိသူတွေက အခြားသူတွေထက်ချွေးပေါက်ပိုကျယ်နိုင်ပါတယ်။ အရေပြားပေါ်က အဆီပိုတွေနဲ့ ဆဲလ်သေတွေက ချွေးပေါက်တွေထဲ ပိတ်ဆို့ပြီး ချွေးပေါက်ကို ပိုကျယ်စေနိုင်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင် ဖြစ်မယ်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံးမဟုတ်ဘဲ T-Zoneနေရာဖြစ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာ ချွေးပေါက်ကျယ် စေနိုင်ပါတယ်။
အယ်လ်ကိုဟော သောက်သုံးမှုက အသည်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ သွေးကြောတွေနဲ့ အဆီဂလင်းတွေကိုပါ ကြီးစေနိုင်ပါတယ်။ ဒီလိုကြောင့် မေးစေ့နဲ့ နှာခေါင်း တစ်ဝိုက်က ချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။
ကဲ.. သင့်ကို ချွေးပေါက်ကျယ်စေတဲ့ အချက်ကရော ဘယ်တစ်ခုဖြစ်မလဲ။
ချွေးပေါက်ကျယ်တာကို သက်သာအောင် လုပ်လို့ရပါတယ်။ ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အခုပြောမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။
ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အိမ်တွင်းကုထုံးလေးတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။