backup og meta

လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့

    ပစ္စည်းလေးတစ်ခုခုကိုပဲကောက်ကိုင်ကောက်ကိုင်၊ ကွန်ပျူတာမှာစာရိုက်ရင်းဖြစ်ဖြစ်၊ လက်ချောင်းလေးတွေကို လှုပ်ရှားရတဲ့ ကိစ္စတစ်ခုခုကိုလုပ်တိုင်း ကိုယ့်လက်ချောင်းလေးတွေက အသားအရောင် သိပ်မကောင်းလို့များစိတ်ညစ်နေလား။ ကြည့်လိုက်တိုင်းလှနေစေမယ့် လက်ချောင်းလေးတွေဖြစ်အောင် မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပြုပြင်ရအောင်လား။ လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့  ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့

    လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့ လုပ်ဆောင်မယ့် နည်းလမ်းလေးတွေကတော့

    ရေနွေး လက်လေးတွေကိုရေကြက်သီးနွေးလေးထဲစိမ်ပေးပါ။ စိမ်မယ့်ရေနွေးထဲကို လာဗင်ဒါဆီ ဒါမှမဟုတ် နှင်းဆီပန်းအဆီ အနည်းငယ်ထည့်ဖို့တော့လိုပါမယ်။ ၁၀ မိနစ်လောက် စိမ်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါနော်။

    Vaselineယနေ့ခေတ်မှာ အသုံးများလာတဲ့ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးပေါ့။ လက်ကိုရေနွေးနွေးလေးထဲစိမ်ပြီးသွားရင်ဖြစ်ဖစ် ညမအိပ်ခင်ဖြစ်ဖြစ် vaselineလေးလူးပြီး လက်အိတ်လေးစွပ်အိပ်ပေးပါ။ နူးညံ့ဖြူဝင်းတဲ့လက်ကလေးပိုင်ဆိုင်နိုင်မှာပါ။

    ပဲနီလေး – ပဲနီလေးက စားလို့ပဲကောင်းတယ်ထင်နေတာဟုတ်။ စားလို့ကောင်းရုံတင်မဟုတ်ပါဘူး။ အသားအရေကိုပါဖြူစင်ဝင်းပစေနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရုံတင်မဟုတ်ပါဘူး။နေလောင်တာနဲ့ အသားအရေခြောက်သွေ့ညိုမွဲမှုတွေကိုပါ သက်သာစေနိုင်တာပါ။ ပဲနီလေးကို တစ်ညလုံးရေစိမ်ထားပြီး ကြိတ်လိုက်ပါ။ပြီရင် ကြိတ်ထားတဲ့ ပဲနီလေးကို ခရမ်းချဉ်သီးအရည်၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့နဲ့ရောစပ်ပြီး ရလာတဲ့အနှစ်ကို လက်မှာ နှံ့နေအောင်လူးပေးပါ။ပြီးရင် ၁၅ မိနစ်လောက်ထားပေးပါ။ပြီးရင်တော့ရေခပ်နွေးနွေးလေးနဲ့ဆေးချလိုက်ပါနော်။

    သခွားသီး – သခွားသီး အနှစ် လက်ဖက်ရည် ဇွန်း ၄ ဇွန်းစာကို ရှားစောင်းလက်ပပ် အနှစ် လက်ဖက်ရည် ဇွန်း ၂ ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။ပြီးရင် ဗူးလေးနဲ့ ထည့်ထားပြီး မနက်ခင်း တစ်ကြိမ်၊ ည အိပ်ရာ မဝင်ခင် တစ်ကြိမ် နေ့စဉ် လူးပေးပါ။ပြီးရင် လက်ကို နှိပ်နယ်ပေးပါ။နေ့စဉ်ပုံမှန်လုပ်ပေးပါ။ တစ်ပတ် အတွင်း သိသိသာသာ ဖြူစင်ဝင်းပ လာပါ လိမ့်မယ်။

    သံပရိုသီး – သံပရိုသီး တစ်လုံးကို အရည် ညှစ်ပါ။ပြီးရင် ဒိန်ချဉ် လက်ဖက်ရည် ဇွန်း ၂ ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည် ဇွန်း ၄ ဇွန်းတို့ကို ရောစပ်ပြီး အနှစ် ဖြစ်အောင် မွှေပါ။ ရလာတဲ့ အနှစ်ကို လက်မှာ လိမ်းကျံပေးပါ။ ၁၅ မိနစ် ထားပြီးရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

    မုန့်ဖုတ်ဆော်ဒါမုန့်ဖုတ်ဆော်ဒါကို ရေနည်းနည်းနဲ့ ရောစပ်လိုက်ပါ။ ပြီးရင် လက်မှာလူးပေးပါ။ ၁၀မိနစ်ထားပြီးရေဆေးချလိုက်ပါ။ပြီးရင်တော့ လက်ကို အစိုဓါတ်ထိန်း ခရင်မ် ပြန်လူးပေးဖို့ သတိရပါ။

    Rose WaterRose Water ကို နို့နည်းနည်းနဲ့ ရောစပ်ပြီး လက် အရေပြားပေါ်မှာ လူးလိုက်ပါ။ ၁၅ မိနစ်လောက် ထားပြီးရင် ဂွမ်းစမှာရေနွေးနွေးလေး စွတ်ပြီး သန့်စင်ပေးလိုက်ပါနော်။

    အုန်းရည် -နေ့တိုင်း အုန်းရည် သောက်ပေးတာက အသားအရေအတွက် တော်တော်လေး ကောင်းကျိုး များပါတယ်။ အုန်းရည် သောက်ရမှာ မကြိုက်ဘူး ဆိုရင်လည်း အုန်းရည်ကို လက်မှာ လူးပေးပါ။ အမာရွတ် ရှိရင်တောင် သက်သာစေနိုင်ပါတယ်။

    ကဲ ဒီ နည်းလေးတွေ အတိုင်း လုပ်ကြည့်ပြီး ပြစ်မျိုးမှဲ့မထင် ဖြူစင်ဝင်းပတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement