backup og meta

နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း (၃) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း (၃) မျိုး

    မိန်းကလေးတွေမှာ ပေါ့ပေါ့ပါးပါးလေးပဲ အလှပြင်ပြင်၊ ပွဲတက်ဖို့ အတွက်ပဲ အလှပြင်ပြင် နှုတ်ခမ်းနီ ကတော့ မပါမဖြစ် ပဲနော်။ ဘာလို့လဲဆိုတော့ မျက်ခုံးမွေးလေး ဆွဲပြီး နှုတ်ခမ်းနီလေး ဆိုးရင်ကို တော်တော်လေး ကြည့်ကောင်းနေပြီလေ။ ဒီတော့ နှုတ်ခမ်းနီ ကတော့ မဖြစ်မနေ လိုပါတယ်။ နှုတ်ခမ်းနီ ဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေကတော့ နှုတ်ခမ်းနီကို ဆိုးနည်း အမျိုးမျိုးနဲ့ ပြောင်းပြီး ဆိုးကြည့်ကြဖို့ ဆန္ဒရှိကြပါတယ်။ နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း (၃) မျိုး က ဘာတွေဖြစ်မလဲဆိုတာဖတ်ကြည့်ပါဦးနော်။

    နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း (၃) မျိုး

    နှုတ်ခမ်းနီဆိုးနည်းတွေ ကတော့  –

    နည်းလမ်း(၁)

    နှုတ်ခမ်းနီ ဆိုးနည်း နည်းလမ်း(၁) ကတော့ ခပ်ထူထူကြီး မဖြစ်နေဘဲ အရောင်လင်းလင်း စိုစိုလေးရှိချင်တဲ့ မိန်းကလေးတွေအတွက် အကောင်းဆုံးပါနော်။ ပုံမှန် အားဖြင့်တော့ ဒီလို ပုံစံလေး ဆိုးမယ် ဆိုရင် အနီရောင်ကို ရွေးချယ်လေ့ ရှိကြပေမယ့် တခြား လိမ္မော်ရောင်၊ ခရမ်းဖျော့ရောင်လေးတွေနဲ့လည်း စမ်းသပ်ပြီး ဆိုးနိုင်ပါတယ်နော်။

    ပထမဆုံး နှုတ်ခမ်းမှာ Balmလိုလေး အဖြူဖျော့ဖျော့လေး ဆိုးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းနီကို အောက်နှုတ်ခမ်းနဲ့ အလယ်(အတွင်းသား) နေရာမှာပဲ ဆိုးပေးပါ။ အရောင်တောက်ချင်ရင်တော့ ထူထူလေးဆိုးလိုက်ပါ။

    ပြီးရင် အပေါ်ဘက်ကို ဆိုးပေးပါ။ လက်ချောင်းလေးနဲ့ နှုတ်ခမ်းသားလေး အပြည့် ဖြစ်သွားအောင် ဖြည်ချလိုက်ပါ။ ဒါဆိုရင်တော့ အောက်က အဖြူရောင်လေးနဲ့ ရောသွားပြီး ငုံဖူးပြီး အရောင်လင်းတဲ့ နှုတ်ခမ်းတစ်စုံ ရရှိပါပြီ။

    နည်းလမ်း(၂)

    နည်းလမ်း(၂) ကတော့ နှုတ်ခမ်းသား ထူထူလေးနဲ့ နှုတ်ခမ်းနီ အပြည့်ဆိုးချင်သူတွေအတွက် အသုံးဝင်မှာပါ။ ကြိုးဆွဲ နှုတ်ခမ်းနီ လိုမျိုး နှုတ်ခမ်းနီကို သုံးရင် ပိုကောင်းပါတယ်နော်။

    ပထမဆုံး နှုတ်ခမ်းနီ မဆိုးခင်နှုတ်ခမ်းပေါ်ကို concealer လေး အရင် ဖုံးအုပ်ပေးပါ။ ပြီးရင် နှုတ်ခမ်းအပေါ်ဘက် အလယ်မှာ ကြက်ခြေခတ်ပုံစံလေး ဆွဲပါ။ ပြီးရင် အောက်နှုတ်ခမ်း အပြင်ဘက်ကို ခပ်ဝိုက်ဝိုက်လေး ဆိုးပါ။ အဲဒါပြီးရင်တော့ နှုတ်ခမ်းဘောင်အနားတွေ ပြည့်အောင် ဆိုးလိုက်ပါ။ နောက်ဆုံးအဆင့် ရောက်မှ အတွင်းသားတွေရော အပြည့်ဆိုးလိုက်ပါ။

    ခုလိုမျိုး အပြင်ဘောင်တွေကို အရင်ဖော်ပြီးမှ ဆိုးတာက နှုတ်ခမ်းသားကို ထူသယောင်ဖြစ်စေပြီး တိလည်း တိကျပါတယ်။ အရောင်ပြည့်ပြည့်လေးနဲ့ လှနေမှာပါ။

    နည်းလမ်း(၃)

    နည်းလမ်း(၃) ကတော့ နှုတ်ခမ်းနီ အရောင် နှစ်ရောင်စပ်ပြီး ဆိုးတာမျိုးပါ။

    ပထမဆုံး နှုတ်ခမ်းသားလေး နူးညံ့ဖို့နဲ့ စိုစိုလေး ဖြစ်ဖို့ Lip Balm လေး ဆိုးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းအလယ်မှာ အဖြူရောင်လေး ဒါမှမဟုတ် ကိုယ် စပ်ဆိုးချင်တဲ့ အရောင်တစ်ရောင် ဆိုးလိုက်ပါ။ နောက်ထပ် တစ်ရောင်နဲ့ နှုတ်ခမ်းဘောင် အနားလေးတွေ အနားသတ်ဆိုးလိုက်ပါ။ ခုနက အဖြူဘေးနားမှာ နှုတ်ခမ်းနီ ဆိုးလိုက်ပါ။ လက်ချောင်းလေးတွေနဲ့ နှုတ်ခမ်းနီလေးတွေ ဖြန့်လိုက်ပြီဆိုရင်တော့ နှစ်ရောင်စပ် နှုတ်ခမ်းနီလေးရပြီနော်။

    ကဲ..ပျိုပျိုမေတို့ရေ နှုတ်ခမ်းလေး ပိုမိုလှပဖို့ ဆိုးကြည့်ပါဦးနော်။ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသား မခြောက်အောင် lip balmလေး ခံဆိုးပေးဖို့၊ ပြီးရင်လည်း သေသေချာချာ ပြန်ဖျက်ဖို့ မမေ့ကြနဲ့ဦးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement