backup og meta

ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

    ကျန်းမာရေး ဂရုစိုက်ပါ ဆိုတဲ့ စကားထဲမှာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေး အကုန်လုံး အကျုံးဝင်ပေမယ့် လူတွေက ခြေထောက်ကျန်းမာရေးကို လျစ်လျူရှု့ ထားတတ်ကြတယ်နော်။ တကယ်တော့ နေ့တိုင်း စိတ်ရှိတိုင်း သွားလာလှုပ်ရှားတာတွေကို မညည်းမညူ လုပ်ပေးတဲ့ ခြေထောက်လေးတွေကို မေ့ထားတတ်ကြတယ်နော်။ ခြေထောက်လေးတွေလည်း ကျန်းမာဖို့ လိုပါတယ်နော်။ ဒီတစ်ခေါက်တော့ ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ခြေထောက်က ဘယ်လိုဖွဲ့စည်းထားတာလဲ

    ခြေထောက်မှာ ခန္ဓာကိုယ်ရဲ့ အရိုး ၂၅ ရာခိုင်နှုန်းပါဝင်နေသလို အဆစ်က ၁၈ ရာခိုင်နှုန်း နဲ့ ကြွက်သား ၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ တကယ်လို့ ခြေထောက်လေးမှာသာ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခုဖြစ်မယ်ဆိုရင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်သလို ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တာတွေကလည်း အများကြီးပါ။ တစ်ကိုယ်လုံးကို ဟန်ချက်ညီအောင်ထိန်းထားပေးတဲ့အစိတ်အပိုင်းကိုသေချာလေးဂရုစိုက်ဖို့ လိုမယ်နော်။

    ခြေထောက်ကို သေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ

    လူတော်တော်များများက ရေသာချိုးလိုက်ကြတာ၊ ခြေထောက်ကို သေချာတိုက်တယ်ဆိုသူက ရှားပါတယ်နော်။ ခန္ဓာကိုယ်ရေစိုနေရင် သုတ်တတ်ပေမယ့်ခြေထောက်များရေစိုနေကြည့် သုတ်ခဲကြတယ်နော်။ ခြေထောက်ကို သေချာဂရုမစိုက်တဲ့အခါ အခုလို ပြဿနာတွေတက်လာနိုင်ပါတယ်နော်။

    ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး

    ခြေထောက် ကျန်းမာဖို့က လူတိုင်းအတွက် အရေးကြီးတာပါ။ ဆီးချို ရောဂါ ရှိသူတွေမှာဆိုရင် ခြေထောက် ကျန်းမာရေးက အလေးထားလုပ်ဆောင်သင့်တဲ့ အချက် တစ်ခုပါနော်။ ဒီတော့ နေ့စဉ် လှုပ်ရှားမှုမှာ အရေးကြီးတဲ့ ခြေထောက်လေးတွေကို နေ့စဉ် ဒီလိုလေး ဂရုစိုက်ပေးပါနော်။

  • ခြေထောက်ကို သန့်စင်ပါ (အနည်းဆုံး တစ်နေ့တစ်ကြိမ်)
  • ခြေထောက်ကို ခြောက်သွေ့အောင်ထားပါ
  • ခြေထောက်မှာ တစ်ခုခု ဖြစ်နေလား ဆိုတာကို ညအိပ်ရာ မဝင်ခင် ပုံမှန် စစ်ဆေးပေးပါ
  • ခြေထောက်နဲ့ သင့်တော်မယ့် ဖိနပ်စီးပါ (အရမ်းကျပ်လွန်းတဲ့ ဖိနပ်မျိုးကို ရှောင်ပါ)
  • အခါအားလျော်စွာ ခြေထောက်ကို စစ်ဆေးမှုလုပ်ပါ (ခြေထောက်တွေ ရောင်နေလား၊ ခြေသည်းတွေမှာ ပိုးဝင် ကူးစက်တာမျိုးများ ရှိလား ဆိုတာကိုပါ)
  • ခြေဖဝါးလေး၊ ခြေဖနောင့်က ဆဲလ်သေတွေကို ဖယ်ရှားပါ။
  • ခြေထောက်ကို ပုံမှန် နှိပ်နယ် ပေးပါ။
  • ခြေသည်းတွေကို ပုံမှန် ညှပ်ပေးပါ။ တိပေးပါ။
  • ခြေထောက် အသားအရေကို အစိုဓာတ် ထိန်းပေးပါ။
  • ဖိနပ် မပါဘဲ လမ်းလျှောက်တာမျိုး မလုပ်ပါနဲ့။
  • အမြဲ ဖိနပ် တစ်ရံပဲ စီးတာမျိုး မလုပ်ပါနဲ့။
  • ခြေထောက် နာတဲ့အခါ လိုအပ်တဲ့ ကုသမှု ခံယူပေးပါ (ဆေးလိမ်းတာ၊ ရေနွေးအိတ် ကပ်တာမျိုး လုပ်ပေးပါ)
  • ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရတဲ့အခါ သေချာ ဆေးလိမ်းပါ၊ ပလာစတာ ကပ်ပါ။
  • အခု ပြောခဲ့တဲ့ အချက်လေးတွေကို သတိထား လုပ်ဆောင်လို့ ခြေထောက်ကို နေ့တိုင်း ဂရုစိုက်ပြီး ကျန်းမာ ပျော်ရွှင်တဲ့ ဘဝ နေထိုင်မှု ပုံစံကို ဖန်တီးလိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement