အဆင့် ၃ : မျက်နှာကို နှိပ်ပေးပါ။
ညအိပ်ယာမဝင်မီတိုင်းမှာ မျက်နှာကို အသာအယာနှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။ ဒီလို နှိပ်နယ်ပေးခြင်းဟာ မျက်နှာအရေပြားပေါ်မှာ စုပုံနေတဲ့ အညစ်အကြေးတွေကို ကောင်းစွာဖယ်ရှားပေးနိုင်တဲ့အတွက် မွေးညင်းပေါက်တွေကို ကျဉ်းစေပါတယ်။ နှိပ်နယ်ရာမှာ စနစ်တကျ ဖြစ်စေဖို့အတွက် မျက်နှာဧရိယာကို နှစ်ပိုင်းပိုင်းပြီး တပိုင်းစီကို နှစ်မိနစ်သုံးမိနစ်လောက် နေ့စဉ်နှိပ်နယ်ပေးနိုင်ပါတယ်။
အဆင့် ၄ : အစားအသောက်နဲ့ နေ့စဉ်လှုပ်ရှားသွားလာမှု
အသားအရေ လှပဖို့အတွက် အထက်မှာ ဖော်ပြခဲ့တဲ့ အခြေခံ အချက်တွေအပြင် အစားအသောက်၊အားကစား နဲ့ လုံလောက်အောင် အနားယူဖို့ဟာလည်း အရေးကြီးလှပါတယ်။ သင့်အနေနဲ့ တစ်နေ့ကို ၈နာရီလောက် အိပ်ဖို့လိုအပ်ပြီး အရေးအကြောင်းတွေ ဒါမှမဟုတ် ဝက်ခြံတွေကို ကာကွယ်ဖို့အတွက် အိပ်ရေးဝဝ အိပ်ရပါမယ်။ ညဉ့်နက်တဲ့အထိ မနေရပါဘူး။ နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာလည်း အသီးအရွက်တွေ၊သစ်သီးတွေ၊ဗီတာမင်နဲ့ သတ္တုဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုထည့်သွင်းစားသောက်ပေးမယ်ဆိုရင် သင့်အသားအရေအတွက် အထူးကောင်းမွန်ပါလိမ့်မယ်။ ဒါ့အပြင် အသားအရေ ချောမွေ့စိုပြေစေဖို့အတွက် တနေ့ကို ရေနှစ်လီတာလောက် သောက်ပေးရပါမယ်။ အားကစားလုပ်ခြင်းဟာလည်း သင့်ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အားပေးကူညီတဲ့အတွက် သင့်အသားအရေကို စိုပြေသန်စွမ်းကျန်းမာစေမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ လမ်းလျှောက်တာ၊အေရိုးဗစ်ဆော့တာ ဒါမှမဟုတ် ချက်ရင်းပြုတ်ရင်း၊ဖုန်စုပ်ရင်း၊ကြမ်းတိုက်ရင်း အကလေ့ကျင့်ခန်းတွေကို လုပ်လို့ရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံအချက်လေးတွေကို အပတ်စဉ်ချေးချွတ်ခြင်း၊မျက်နှာပေါင်းတင်ကပ်ခွာ ကပ်ပေးခြင်း စတာတွေနဲ့ ပေါင်းစပ်ပြုလုပ်မယ်ဆိုရင်တော့ သင့်အနေနဲ့ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ မလွယ်ဧကန်ပဲ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ အကျိုးအာနိသင်တွေကို ရရှိဖို့အတွက် စိတ်ရှည်ရှည်နဲ့ အချိန်မှန်မှန် ပြုလုပ်သွားဖို့တော့ လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။