backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ရွေးမယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 26/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ရွေးမယ်ဆိုရင်

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ရွေးမယ်ဆိုရင်

မိတ်ကပ်လိမ်းတဲ့နေရာမှာ အောက်ခံမိတ်ကပ်က အခြေခံကျတဲ့ အဓိက အရာပါနော်။ အောက်ခံမိတ်ကပ်ကောင်းမှ အပေါ်က တခြားအလှပြင်ပစ္စည်းတွေရဲ့ အလှအပလည်း ပေါ်လွင်မှာပါ။ အောက်ခံမိတ်ကပ် မကွက်အောင်၊ ပြာနှမ်းနေတာမျိုး မဖြစ်အောင်၊ အောက်ခံမိတ်ကပ်ကြောင့် အသားအရေ ပျက်စီးထိခိုက်တာတွေ မဖြစ်စေဖို့အတွက် အောက်ခံမိတ်ကပ် ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ အောက်ခံမိတ်ကပ်ရွေးချယ်လို့ရမယ့် နည်းလမ်းလေးတွေကို Hello ဆရာဝန်ကနေ မျှဝေလိုက်ပါတယ်။

ဝက်ခြံထွက်တဲ့ အသားအရေ

ဝက်ခြံထွက်တဲ့ အသားအရေဆိုရင်တော့ အစိုဓာတ်များများ ပါတဲ့ အောက်ခံမိတ်ကပ်တွေအစား ခြောက်သွေ့မှုကို ပေးစွမ်းနိုင်တဲ့ မိတ်ကပ်ကို ရွေးရမှာပါ။ salicylic acid နည်းနည်းပါဝင်တဲ့ အောက်ခံမိတ်ကပ်ဆိုရင် ဝက်ခြံထွက်ခြင်းတွေကို လျှော့ချပေးပါတယ်။

အရေးအကြောင်းရှိတဲ့ အသားအရေ

အရေးအကြောင်းရှိတဲ့ အသားအရေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အစိုဓာတ်ပါတဲ့ အောက်ခံမိတ်ကပ်လေး ရွေးပေးပါ။ ရေဓာတ်ရရှိခြင်းက အရေးအကြောင်းတွေကို သက်သာစေပြီး အများကြီး မဖြစ်အောင်လည်း လျှော့ချပေးပါတယ်။ အစိုဓာတ်ပါတဲ့ အရည်မိတ်ကပ်က သဘာဝအတိုင်းလေး ဖြစ်အောင် မိတ်ကပ်လေး ညီညာနေမှာ ဖြစ်ပြီး နုပျိုတဲ့ မျက်နှာလေး ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

အဆီပြန်တတ်တဲ့ အသားအရေ

အဆီပြန်တတ်တဲ့ အသားအရေဆိုရင်တော့ အရည်ပုံစံ အောက်ခံ မိတ်ကပ် မဟုတ်တာက ရွေးချယ်ယူပါ။ မျက်နှာမှာ ပြောင်ပြောင်လေး ဖြစ်ချင်တယ်ဆိုရင်တော့ ဟိုက်လိုက်လေးတွေ သုံးနိုင်ပါတယ်။ ဝယ်တဲ့အခါမှာ အဆီတွေကို ထိန်းချုပ်ပေးတဲ့ မိတ်ကပ်ကိုသာ ဝယ်ယူပါ။ မိတ်ကပ်လိမ်းတဲ့ အခါမှာ လက်နဲ့ မလိမ်းဘဲ ဘရက်ရှ် ဒါမှမဟုတ် မိတ်ကပ်ဆွဲတဲ့ ဖော့သုံးပြီး လိမ်းပေးပါ။ လက်က အဆီတွေ မျက်နှာကို ထိရင် ပိုပြီး အဆီပြန်စေနိုင်တာကြောင့်ပါ။

ပုံမှန်အသားအရေ

ပျိုပျိုမေလေးတွေ ပုံမှန်အသားအရေဆိုရင်တော့ ကိုယ့်မျက်နှာအသားအရောင်နဲ့ လိုက်ဖက်တာကို ရွေးချယ်နိုင်ပါတယ်။ ကိုယ်နဲ့ တည့်တဲ့ မိတ်ကပ် ဟုတ်မဟုတ်ကိုတော့ သေချာလေး စဉ်းစားဖို့ လိုပါတယ်။

အောက်ခံမိတ်ကပ် လိမ်းတော့မယ်ဆိုရင်

အောက်ခံမိတ်ကပ် စလိမ်းတော့မယ်ဆိုရင် နှာခေါင်းနဲ့ တဝိုက်နဲ့ အစက်အပျောက်ရှိတဲ့ နေရာတွေကို စလိမ်းပါ။ မျက်လုံးနား တဝိုက်ကိုတော့ အောက်ခံမိတ်ကပ် မလိမ်းဘဲ Concealer လေးသာ လိမ်းပါ။ လက်နဲ့ လိမ်းမယ်ဆိုရင်တော့ မိတ်ကပ်ကို ကိုယ့်ရဲ့ အသားအရေလေး စိမ့်ဝင်အောင် လိမ်းပါ။ ဒါဆိုရင် တောက်တောက်ပပလေး ဖြစ်နေမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 26/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement