backup og meta

အရွယ်တင်နုပျိုစေဖို့အသားအရေထိန်းသိမ်းမှုကို ဘယ်အချိန်မှာစလုပ်သင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွယ်တင်နုပျိုစေဖို့အသားအရေထိန်းသိမ်းမှုကို ဘယ်အချိန်မှာစလုပ်သင့်လဲ

    ဆယ်ကျော်သက်အရွယ်ကိုကျော်လို့ နှစ်ဆယ်ကျော်လာပြီဆို အရွယ်ရောက်ပြီလို့ပြောကြပါတယ်။ ဒီအရွယ်ကကျော်ဖြတ်လာချိန်တွေဟာ မိန်းကလေးတွေရဲ့နုပျိုလှပမှုအပြည့်နဲ့ကာလတွေအဖြစ် ခံယူထားကြပြီး ဒီထက်ပိုအသက်မကြီးရင်ကောင်းမှာပဲလို့တောင် စိတ်ထဲ တွေးမိနေလောက်ပါတယ်။ ဒါမှ အမြဲလှနေမှာပေါ့။ ဒါပေမယ့် လူဆိုတာ အသက်မကြီးတဲ့သူဆိုတာရှိမှမရှိဘဲလေ။ တစ်ခုရှိတာက အသက်ကြီးလာလည်း လူက နုပျိုလှပနေဆဲဆိုရင်တော့ ပျိုမဒီတို့အတွက် အတိုင်းထက်အလွန်ပေါ့။ နောက်ပြီး ပျိုမဒီတို့ အထင်မှားနေတာတစ်ခုက အသက် ၄၀၊ ၅၀ကျော်မှ အိုမင်းရင့်ရော်မှုကစတင်လာမယ်လို့ ထင်တတ်ကြတာပါပဲ။ တကယ်တော့ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီဆိုတဲ့ အသက်ကိုစွန်းလာတာနဲ့ ရင့်ရော်မှုက တပါတည်း ပါလာစမြဲပါ။ ရင့်ရော်မှုက အသက် ၂၅ နှစ်နောက်ပိုင်းမှာ စတင်လာပေမယ့်လက္ခဏာကတော့ ၃၀ကျော်မှ သိသာလာပါတယ်။

    လူ့ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာကို အရင်ဆုံးပြလာတာက အရေပြားပါ။ အသားအရေမှာ ရင့်ရော်လာစေတာက အသက်အရွယ်ကြောင့်ဖြစ်နိုင်သလို အရွယ်မတိုင်မီရင့်ရော်စေတဲ့တခြားအကြောင်းရင်းတွေလည်းရှိပါတယ်(ဥပမာ – စိတ်ဖိစီးမှု၊ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊အအေးဒဏ်၊နေပူဒဏ်စတဲ့ ပတ်ဝန်းကျင်အကြောင်းရင်းတွေ၊ အစားအသောက်နဲ့ ကိုယ်အလေးချိန်)။

    ပြောရရင် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပျိုမဒီတို့ရဲ့လှပတဲ့အသားအရေဟာ ၂၅ နှစ်ကျော်လာတာနဲ့ မသိမသာရင့်ရော်လာတယ်ဆိုတာ အမှန်ပါပဲ။ မယုံရင် ဓါတ်ပုံအဟောင်းလေးတွေနဲ့ အခုရိုက်ထားတဲ့ ဆယ်လ်ဖီလေးတွေ ယှဉ်ကြည့်ပေါ့နော်။

    ဒါဆိုရင် သိသာတဲ့ ရင့်ရော်မှုအဆင့် မရောက်ခင် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

    နုပျိုလှပခြင်းဆိုတာ မရနိုင်တော့တဲ့အရာမဟုတ်ပါဘူး။ခေတ်မီတိုးတက်လာတဲ့ ဒီခေတ်ကြီးမှာ နုပျိုလှပမှုအတွက် နည်းလမ်းကောင်းတွေ၊ဆေးစွမ်းကောင်းတွေ အများကြီးရှိနေပြီဖြစ်လို့ ရင့်ရော်မှုလက္ခဏာတွေဆိုတာကို အံတုဖို့ သိပ်စိတ်ပူဖို့မလိုလောက်တော့ပါဘူး။ အရေးအကြောင်းတွေ၊ လျော့ရဲတဲ့အသားအရေ၊ အစက်အပြောက်တွေလိုမျိုးတွေဖြစ်မလာခင်ကတည်းက အသားအရေကို ကြိုတင်ထိန်းသိမ်းလို့ရပါတယ်။

    အသားအရေထိန်းသိမ်းသူတွေဟာ နုပျိုတင်းရင်းတဲ့ အလှတရားကိုပိုင်ဆိုင်နိုင်မှာဖြစ်ပြီး အသက် ၅၀ကျော်ရင်တောင် အသက်မှန်းရခက်လောက်အောင် အရွယ်တင်တတ်ကြပါတယ်။ အဲလိုဖြစ်ချင်ရင် အခုပြောပြပေးမယ့်အချက်လေးတွေကို ဂရုစိုက်ဖတ်ကြည့်ပေးနော်။

    နေလောင်ဒဏ်ကိုကာကွယ်ပါ –နေလောင်ခြင်းကိုကာကွယ်ပေးတာက အသားအရေထိန်းသိမ်းမှုနဲ့ အရွယ်တင်နုပျိုစေဖို့အတွက် အခြေခံအချက်ပါပဲ။နေရောင်ခြည်က ပျိုမဒီတို့ရဲ့အသားအရေကို ပိုပြီးမြန်မြန်ရင့်ရော်စေပါတယ်။ ဒါ့ကြောင့်နေရောင်ခြည်နဲ့ ခရမ်းလွန် UV rays တို့ဒဏ်က ကာကွယ်နိုင်ဖို့ နေအပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း အမိုးအကာအောက်မှာနေပါ။ သွားစရာရှိရင် ထီး အမြဲယူသွားဖို့မမေ့ပါနဲ့။

    အပြင်သွားရင် sunscreenနေ့တိုင်းလိမ်းပါ – ကိုယ့်အသားအရေကို ကာကွယ်နိုင်ဖို့နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ အရေပြားအစိတ်အပိုင်းမှန်သမျှကို sunscreen လိမ်းပါ။SPF ပါဝင်မှု 30 ထက်များတဲ့sunscreen ကိုရွေးချယ်ပါ။

    moisturizer သုံးဖို့မမေ့ပါနဲ့ –အသက်ကြီးလာတာနဲ့အမျှ အသားအရေက ပိုခြောက်သွေ့လာပါတယ်။ အရေးအကြောင်းတွေလည်းပေါ်လာပါတယ်။moisturizer က အရေပြားထဲမှာရေဓာတ်ကိုထိန်းပေးထားလို့ အသားအရေကိုစိုပြေစေပြီး နုပျိုတဲ့အသွင်ကိုဆောင်စေပါတယ်။

    မျက်နှာကို တစ်နေ့နှစ်ကြိမ် သန့်စင်ပေးပါ – မျက်နှာသစ်တဲ့အခါမှာလည်း သစ်ပုံသစ်နည်းက တော်တော်စကားပြောပါတယ်။ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးကိုရွေးချယ်ပြီးသုံးပါ။ မျက်နှာကို အရမ်းပွတ်တိုက်ပြီး မသစ်မိအောင် သတိထားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement