backup og meta

နေလောင်ကာခရင်မ်က သွေးကြောတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်နော်


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင်ကာခရင်မ်က သွေးကြောတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်နော်
    တစ်နေ့တခြားပိုပူလာတဲ့ရာသီဥတုေကြာင့်နွေရာသီက ပိုပီပြင်လာခဲ့သလို အသားတွေ နေလောင်တာလည်း အသားကုန်ပဲနော်။နေပူထဲကို ထီးဆောင်းထွက်တာတောင်တော်တော်လေးပူတဲ့အနေအထားမှာ အပူဒဏ်ကြောင့် အသားအရေကို မထိခိုက်စေဖို့ ဘာလုပ်ရင်ကောင်မလြဲတွးနေလာ။နေပူလည်း ထွက်စရာရှိတဲ့အပြင်ကထွက်ရမှာပဲလေ။ ဒီလိုဖြစ်တဲ့အခါ အသားအရေကို အပူဒဏ်ကြောင့်ထိခိုက်မှုနည်းအောင်လုပ်ရမှာက ကိုယ်တိုင်ပါနော်။

    အသားအရေကိုနေလောင်ဒဏ်ကနေကာကွယ်ပေးမယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခု

    အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ဖို့လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကနေလောင်ကာခရင်မ်လူးတာပါနော်။ အပြင်သွားခါနီးတိုင်း နာရီဝက်အလိုလောက်မှာ သတိထားပြီး အသားအရေကိုနေလောင်ကာခရင်မ်လူးပြီးမှထွက်ပေးပါနော်။ ဒီလိုလုပ်တာက ရုံးခန်းထဲမှာထိုင်ပြီး အလုပ်လုပ်နေသူတွေအတွက်လည်း အကျုံးဝင်တာပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့နေရောင်ဝင်နိုင်တဲ့နေရာမှာရှိနေသမျှနေလောင်ခံရနိုင်တာကြောင့်ပါ။ ဒါကြောင့်နေ့တိုင်းလိုလို အသားအရေကိုနေလောင်ဒဏ်က ကာကွယ်ဖို့ဆိုရင်နေလောင်ကာခရင်မ်လူးရမှာကမေးနေစရာတောင်မလိုအောင်ပါနော်။

    နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုက ဘာတွေဖြစ်စေနိုင်လဲ

    ခန္ဓါကိုယ်အရေပြားကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့စေမှုက

    • အသားအရေနေလောင်တာ
    • အသားအရေခြောက်သွေ့တာ
    • အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာနဲ့
    • အရေပြားကင်ဆာတွေဖြစ်စေနိုင်ပါတယ်။

    ဒီပြဿနာတွေကင်းစေဖို့ကနေရောင်ထဲထွက်တဲ့အခါပြည့်စုံတဲ့ ကာကွယ်မှုတွေလုပ်သွားပေးဖို့ပါ။ ဒီလိုလုပ်ဖို့ကလည်းနေလောင်ကာခရင်မ်လူးမယ်၊ ချည်သားလက်ရှည်ပွပွလေးတွေဝတ်မယ်။ ထီးဆောင်းမယ်၊ ဦးထုပ်ဆောင်းမယ်စသဖြင့် ကာကွယ်မှုတွေလုပ်ဖို့လိုပါမယ်နော်။

    နေလောင်ကာခရင်မ်က အသားအရေအတွက်တင်မကဘဲသွေးကြောတွေကိုပါကျန်းမာစေနိုင်ပါတယ်

    နေလောင်ကာခရင်မ်က အသားအရေကိုနေလောင်တာကနေကာကွယ်ပေးတယ်၊ အရေပြားကင်ဆြာဖစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ ဆိုတာက သိထားပြီးသား အယူအဆတစ်ခုပါ။ ဒီအယူအဆအပြင်ထပ်တိုးသိလာရတာတစ်ခုကနေလောင်ကာခရင်မ်ကသွေးကြောလေးတွေကိုပါ ကျန်းမာစေတယ်ဆိုတဲ့အချက်ပါ။

    သိပ္ပံပညာရှင်တွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကတွေ့ရှိခဲ့တဲ့အချက်တစ်ခုကနေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုဖြစ်စေနိုင်တယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် အသားအရေကိုနေလောင်ဒဏ်ကနေကာကွယ်ပေးနိုင်တဲ့နေလောင်ကာခရင်မ်တစ်ခုခုလူးဖို့လိုအပ်မှာပါ။ မကြာသေးခင်ကသိလိုက်ရတဲ့လေ့လာမှုတစ်ရပ်အရနေလောင်ကာခရင်မ်လူးတာက အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးရုံတင်မဟုတ်ဘဲ အသားအရေအောက်မှာရှိတဲ့သွေးကြောတွေကိုပါ ကျန်းမာစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

    နေလောင်ကာခရင်မ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကသွေးကြောတလျှောက်မှာရှိတဲ့ ကြွက်သားတွေကိုပြေလျော့စေပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်သလိုသွေးကြောလေးတွေကို လုပ်ဆောင်မှုတွေအကောင်းဆုံးလုပ်ဆောင်နိုင်အောင်ထောက်ပံ့ပေးပါတယ်။ အရေပြားပေါ်ကိုကျရောက်တဲ့ အပူဒဏ်ကို သက်သာစေပြီးသွေးကြောလေးတွေကိုပြေလျော့စေနိုင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    အရေပြားကို ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ပေးရုံတင်မဟုတ်ဘဲသွေးကြောလေးတွေကိုပါသွေးစီးဆင်းမှုကောင်းစေတယ်ဆိုမှတော့နေပူတာကိုလည်း ကာကွယ်ပြီးသားဖြစ် ခန္ဓါကိုယ်ရဲ့သွေးစီးဆင်းမှုကိုလည်းထောက်ပံ့ပေးပြီးသားဖြစ်ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်လဲနော်။ ဒီနွေပူပူမှာနေလောင်ကာခရင်မ်လေးလူးလို့ အသားအရေရောသွေးကြောလေးတွေကိုပါ ကာကွယ်ပေးလိုက်ရအောင်လား။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement