backup og meta

အိုမင်းရင့်ရော်သော အသားအရေကို ကာကွယ်ဖို့ အဓိကအစားအစာ (၅)မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုမင်းရင့်ရော်သော အသားအရေကို ကာကွယ်ဖို့ အဓိကအစားအစာ (၅)မျိုး

    သင် အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ အသားအရေသည် အိုမင်းရင့်ရော်လာမည် ဖြစ်သည်။ အရေးအကြောင်းများ၊ အသားခြောက်ခြင်း၊ အမည်းစက်များထွက်ပေါ်လာပြီး သင်၏ရုပ်သွင်ကို ထိခိုက်လာနိုင်ပါသည်။ ထိုသို့ပြောင်းလဲခြင်းဖြစ်စဉ်ကို နှေးကွေးစေချင်သည်ဆိုလျှင် အစားအသောက်သည် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အစားအစာများကို စားသုံးခြင်းဖြင့် တိုးတက်မှုကိုသင့်မြင်တွေ့နိုင်ပါသည်။

    ရေ

    ရေသည် ခန္ဓါကိုယ်အတွက် အရေးပါဆုံးဖြစ်သည်။ သင်၏ ခန္ဓါကိုယ်သည် ရေနှင့်အဓိက ဖွဲ့စည်းတည်ဆောက်ထားပြီး သင့် အသားအရေကို နူးညံ့ချောမွေ့စေနိုင်ပါသည်။ ရေအလုံအလောက်သောက်ခြင်းဖြင့် အသားရေခြောက်သွေ့ခြင်းကို လျော့ကျစေနိုင်ပါသည်။ ကျွန်ုပ်တို့သည် ရေကို သောက်သုံးရေနှင့် တခြားအဖျော်ယမကာနှင့် အစားအသောက်များ (ဥပမာ-စွပ်ပြုတ်) မှ ရရှိသည်။ သင်သည် ရေကိုဆာမှသောက်ခြင်းထက် တစ်နေ့ကို ရေ (၈)ခွက်လောက် သောက်သင့်သည်။ ရေကို ခန္ဓါကိုယ်မှ လိုအပ်သည်ထက်ပို၍ သောက်နိုင်ပြီး ပိုသောရေကို ခန္ဓါကိုယ်မှ စွန့်ထုတ်ပါလိမ့်မည်။ သင်သည် အပြင်ထွက်စားသောအခါ ရေတစ်ခွက်တော့ လိုအပ်မှာပါ။ ထို့ကြောင့် သင်နှင့်အတူ ရေတစ်ဘူး ဆောင်ထားနိုင်ပါသည်။

    လိမ္မော်သီး

    လိမ္မော်သီးသည် ရေနှင့် ဗီတာမင် စီ ပါဝင်ပါသည်။ ရေသည် အသားအရေကိုရေဓါတ်ပြည့်ဝစေပြီး ဗီတာမင် စီသည် အသားအရေကို နုပျိုတင်းရင်းစေသော collagen တည် ဆောက်မှုကိုအားပေးသည်။ လိမ္မော်သီ်းတွင် ဗီတာမင် အေလည်းပါဝင် သောကြောင့် အရေပြားဆဲ(လ်) ကြီးထွားမှုကိုအထောက်အကူ ပြုပါသည်။ လိမ္မော်သီးစားသုံးခြင်းသည် အရေပြားအလွှွာကိုအားဖြည့်ပေးပြီး ဝက်ခြံထွက်ခြင်းကိုလျော့နည်းစေနိုင်ပါသည်။ အမျှင်ဓါတ်အတွက် အသီးကိုစားသုံးနိုင်ပြီးဗီတာမင်ဓါတ်တွေရရှိရန်အတွက် လိမ္မော်သီးဖျော်ရည်ကို သောက်သုံးနိုင်ပါသည်။ အကယ်၍ သင်သည် လိမ္မော်သီးနှင့် ဓါတ်မတည့်သောသူဆိုလျှင်တော့ သတိပြုပါ။

    ထောပတ်သီး

    ထောပတ်သီးသည် မပြည့်ဝဆီပါသောကြောင့် သင့်အသားအရေအစိုဓါတ်ကိုထိန်းပေးပါသည်။ ထောပတ်သီးတွင် ဗီတာမင်အမျိုး(၂၀)နှင့် သတ္တုဓါတ်များ၊ အသားအရေအတွက် ကောင်းမွန်သောဗီတာမင် ဘီ ၊ စီ ၊ အီး ပါဝင်ပါသည်။ ၎င်းသည် အိုမင်းရင့်ရော်စေသောလက္ခဏာများ (အရေးအကြောင်းများ၊ အမည်းစက်)ကိုလျော့နည်းစေသည်။ ထောပတ်သီးတွင် ဝက်ခြံကို ဖြစ်စေသော သကြားဓါတ်ပါဝင်မှုနည်းပါသည်။ ထောပတ်သီးကိုအသုပ် (သို့) ဖျော်ရည်ပုံစံဖြင့် စားသုံးနိုင်ပါသည်။ ၎င်းသည် အရသာရှိရုံမျှမကကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။

    စပျစ်သီး

    စပျစ်သီးသည် ဓါတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသော အစားအစာဖြစ် သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် သင့်အသားအရေကို ကြည်လင်စေပြီး နုပျိုစေပါသည်။ စပျစ်သီးတွင်ပါဝင်သော အရည် သည် အသားအရေအတွက် ကောင်းမွန်သောရေဓါတ်ကိုပေးပါသည်။ စပျစ်သီးသည် သင့်အသားအရေကို ခရမ်းလွန်ရောင ခြည်မှ ကာကွယ်ပေးနိုင်သော်လည်း နေပူထဲထွက်မည်ဆိုလျှင် နေရောင်ကာပစ္စည်းများကို အသုံးပြုသင့်ပါသည်။ စပျစ်သီးသည် အသားရေကိုပျော့ပြောင်းစေပြီးအိုမင်းခြင်းကို နှေးကွေးစေနိုင်ပါသည်။

    ဆော်လမွန်ငါး

    ဆော်လမွန်ငါးသည် ဆဲ(လ်)အမြှေးပါးကို အားဖြည့်ပေးသောအိုမီဂါသရီး ကြွယ်ဝပါသည်။ ဆော်လမွန်ငါးစားခြင်း ဖြင့် ကျန်းမာလှပပြီးအရေးအကြောင်းကင်းသော အသားအရေကိုရရှိမှာဖြစ်ပါသည်။ အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေသော ဒြပ်ပေါင်းများကို လျော့ကျစေသောကြောင့် သင့်အသားအရေကို နုပျိုစေနိုင်ပါသည်။ အိုမီဂါသရီးပါဝင်သော အခြားပစ္စည်းများမှာ သစ်ကြားသီး ၊ မက်ကရယ်ငါးနှင့် ဥတို့ဖြစ်ပါသည်။

    အိုမင်းရင့်ရော်ခြင်းသည် မရှောင်လွဲနိုင်သော ပုံမှန်သဘာဝဖြစ်စဉ်ဖြစ်ပါ သည်။ သို့သော်လည်းထိုဖြစ်စဉ်ကို နှေးကွေးအောင် ပြုလုပ်နိုင် သောအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသောပစ္စည်းများကိုစားသုံးခြင်းဖြင့် သင့်အသားအရေကို ထိန်းသိမ်းနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement