backup og meta

အသားအရေပြန်လည်ပြုပြင်သော နည်းလမ်းများအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေပြန်လည်ပြုပြင်သော နည်းလမ်းများအကြောင်း

    အရေပြားဟာ ကိုယ်ခန္ဓါရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဒိုင်းသဖွယ် ကာကွယ်ထားပါတယ်။ အိုမင်းလာတဲ့ အရေပြားဟာ အိုမင်းလာတဲ့ ဆဲလ်အလွှာများနဲ့အတူ ထူထဲကာ အရေးအကြောင်းများ၊ ချိုင့်ခွက်များ ဖြစ်ပေါ်လာပါတယ်။ ဒီပြသနာအတွက် ဖြေရှင်းနည်းကတော့ အရေပြားကို အသစ်ပြန်လည်ဖြစ်စေဖို့ပါပဲ။ အရေပြားကို အသစ်ပြန်လည်ပြုပြင်ခြင်းအကြောင်း တီးခေါက်မိနိုင်ဖို့ ဒီဆောင်းပါးကို ဆက်လက်ဖတ်ကြည့်ပါ။

    အရေပြားအသစ်ပြန်လည်ဖြစ်စေခြင်းဆိုတာ ဟောင်းသွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေနဲ့ အစားထိုးစေပြီး အသားအရေကို နုပျိုပြီး ချောမွေ့စေခြင်းပါပဲ။ ဒီနည်းလမ်းမှာ ကော်လဂျင်အမျှင်တွေကို ပြန်လည်ထုတ်လုပ်ခြင်းလည်း ပါဝင်ပါတယ်။ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး အပေါက်ကလေးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။

    အရေပြားမှာ အပေါ်ယံအလွှာ၊ ဒုတိယအလွှာ၊ အောက်ဆုံး တစ်သျှူးအလွှာဆိုပြီး ၃ပိုင်းရှိပါတယ်။ အပေါ်ယံအလွှာဟာ နေ့စဉ် ဆဲလ်အသစ်တွေ မွေးထုတ်ပေးပါတယ်။ ဒါပေမယ့် ဆဲလ်အဟောင်းတွေကို မဖယ်ထုတ်နိုင်ရင် အသစ်ဖြစ်တာ နည်းပါတယ်။

    တချို့ကုန်ပစ္စည်းတွေဟာ ဆဲလ်အသေတွေ ဖယ်ရှားပေးဖို့၊ ဆဲလ်အသစ်တွေဖြစ်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ များသောအားဖြင့် အသားအရေကို ပါးလျားခြောက်သွေ့စေပါတယ်။ အောက်ပါနည်းလမ်းတချို့ဟာ လက်ရှိမှာ တွင်ကျယ်စွာ သုံးစွဲနေကြတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

    သဘာဝနည်းလမ်းများဖြင့် မျက်နှာအရေပြားများကို ပြန်လည်ပြုပြင်ခြင်း

    အမျိုးသမီးများအတွက် စိတ်အချရဆုံး နည်းလမ်းကတော့ သဘာဝပစ္စည်းများကိုသာ သုံးစွဲဖို့ဖြစ်ပါတယ်။ ပျားရည်၊ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ လတ်ဆတ်သောအသီးများ စတာတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေရဲ့ အကျိုးကျေးဇူးကတော့ ရိုးရှင်းစိတ်ချရပြီး အချိန်နဲ့တပြေးညီ ဖန်တီးနိုင်ပါတယ်။ ဈေးနှုန်းလည်း သက်သာပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံစွာ ထိရောက်မှုမရှိသလို ချို့ယွင်းချက်တွေကိုလည်း စိတ်ထင်သလောက် ပြန်လည်မပြုပြင်နိုင်ပါဘူး။

    ဗီတာမင်များဖြင့် မျက်နှာအရေပြားကို ပြုပြင်ခြင်း

    ဗီတာမင်စီ

    ဗီတာမင်စီဟာ ရေမှာပျော်ဝင်နိုင်ပါတယ်။ အာနိသင်ကောင်းတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အသားအရေကို ထိန်းသိမ်းတဲ့ ကုန်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။ အရေပြားဆဲလ်များ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ အထွေထွေ အခြေအနေကိုလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့ခြင်းကနေဖြစ်ပေါ်လာတဲ့ အစက်အပြောက်တွေကို ဖယ်၇ှားပေးနိုင်ခြင်း ဖြစ်ပါတယ်။

    ဒလိမ့်တုံးနည်းသုံး၍ အရေပြားဆဲလ်များကို ပြန်လည်ပြုပြင်ခြင်း

    ကော်လဂျင်ဓါတ်တွေကို ပြန်လည်ဖြစ်ပေါ်စေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းကို မြင့်တက်လာစေလို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အသားအရေရဲ့ ပျက်စီးမှုတွေကို သဘာဝအတိုင်း ဘေးကင်းစွာ ပြန်လည်ပြုပြင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ ဒလိမ့်တုံး၊ ဒါမှမဟုတ် လှိမ့်တဲ့ဘောလ်ပင်တမျိုးပါဝင်ပြီး ချွန်ထက်ပြီး သေးငယ်တဲ့ အပ်ကလေးပေါင်း ၂၀၀နီးပါးခန့် တပ်ဆင်ထားပါတယ်။ အဲဒီအပ်ကလေးတွေကို လှိမ့်လိုက်တဲ့အခါ အပ်ကလေးများဟာ အရေပြားထဲ ဝင်သွားပြီး ဒဏ်ရာအသေးစားလေးများ ဖြစ်ပေါ်စေပါတယ်။

    အပ်ကလေးတွေကို ဖယ်လိုက်တဲ့အခါ အပေါ်ယံ အရေပြားဟာပြန်စေ့သွားပြီး အရေပြားလည်း မပျက်စီးပါဘူး။ ဒါပေမယ့် ကိုယ်ခန္ဓါဟာ ဒီအခြေအနေကို ပျက်စီးမှုတခုအနေနဲ့ မှတ်တမ်းတင်ပြီး အနာကျက်စေတဲ့ နည်လမ်းနဲ့ ပြန်လည်ပြုပြင်ပါတယ်။ အဲဒီအခါမှာ ကော်လဂျင်နဲ့ အလက်စတင်ဓါတ်တွေ အသစ်ဖြစ်ပေါ်လာပါတယ်။

    လေဆာရောင်ခြည်အသုံးပြု၍ ပွတ်တိုက်ကာ အရေပြားပြုပြင်ခြင်း

    မကြာသေးမီက အရေပြားရင့်ရော်လာခြင်းကို ကုသဖို့ ထွက်ပေါ်လာတဲ့ လေဆာနည်းလမ်းအသစ် ဖြစ်ပါတယ်။ ယခင် အသုံးပြုနေကြလေဆာနည်းလမ်းများဟာ တစ်သျှူးမျက်နှာပြင်တခုလုံးပေါ် သက်ရောက်ပါတယ်။ ဒီနည်းလမ်းမှာတော့ အပူစွမ်းအင်ကို အသုံးပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အစက်အပြောက်လေးတွေ ဖြစ်နေတဲ့ အရေပြားတစ်သျှူးတွေဆီ ရည်ရွယ်ပါတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် အရေပြားဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်ကောင်းနိုင်ပါတယ်။ အရေပြား ကွာမသွားဘဲ မာတဲ့အလွှာတွေကလည်း ဒီအတိုင်းပဲ ကျန်ရစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့တစ်သျှူးတွေဟာ ပင်မဆဲလ်ရင်းမြစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။

    အရေပြားပြန်လည်ပြုပြင်ခြင်းနဲ့ ပတ်သက်တဲ့ ဒီအချက်အလက်တွေဟာ အကျိုးရှိစေမယ်လို့ ယူဆပါတယ်။ အရေပြားကို နုပျိုလှပအောင် ပြန်လည်ပြုပြင်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement