backup og meta

အသားအရေထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ

    လူတိုင်းဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပေမယ့် အတတ်နိုင်ဆုံးတော့ ကြည့်ကောင်းအောင် ပြုပြင်နေကြတာပါပဲ။ ကောင်းမွန်တဲ့ အသားအရေ ရရှိဖို့ နံမည်ကြီး တံဆိပ်ပေါင်းစုံကို ပိုက်ဆံအကုန်အကျခံပြီး ဝယ်ယူအသုံးပြုဖို့ မလိုအပ်ပါဘူး။ ပုံမှန် အရေပြား ထိန်းသိမ်းဖို့သာ လိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ အသားအရေရဖို့အတွက် အခြေခံကျတဲ့ အချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။

    နေလောင်ဒဏ်ကနေ ကာကွယ်ပါ။

    နှစ်ပေါင်းများစွာတု့ံးက အလှအပဆိုင်ရာ နည်းလမ်းတိုင်းမှာ အဆင့်လေးဆင့် ပါဝင်ပါတယ်။ အခုခေတ်မှာတော့ နောက်တစ်ဆင့်ပါ ထပ်ထည့်ရမှာပါ။ နေပူဒဏ် လိမ်းဆေးတွေ လိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ အရေပြားကို ကျန်းမာစေဖို့ နေပူဒဏ်က ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ နေလောင်ခြင်းဟာ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ အခြားအရေပြား ပြဿနာတွေကို ရရှိစေပါတယ်။ ပြီးတော့ အရေပြား ကင်ဆာဖြစ်ပွားနှုန်းကိုလည်း တိုးတက်စေပါတယ်။ အရေပြား ရောဂါတွေကနေ ကာကွယ်နိုင်စေဖို့အတွက် အောက်ဖော်ပြပါ အချက်အလက်တွေကို ပြုလုပ်သင့်ပါတယ်။

    • နေပူခံလိမ်းဆေးကို အသုံးပြုပါ။ SPF 15 အနည်းဆုံး ပါဝင်တဲ့ နေပူခံလိမ်းဆေးတွေကို သုံးပါ။ နေရောင်ခြည်နဲ့ ထိတွေ့မှုရှိတဲ့ နေရာတွေကို လိမ်းပေးသင့်ပြီးတော့ နှစ်နာရီတစ်ခါ ပြန်လိမ်းပေး သင့်ပါတယ်။ ရေကူးပြီးရင် (သို့) ချွေးထွက်သွားရင်လည်း ပြန်လည်လိမ်းပေးသင့်ပါတယ်။

    • မနက် ၁၀နာရီကနေ ၄ နာရီအတွင်းဟာ နေအပူဆုံး ဖြစ်တာကြောင့် ရှောင်ရှားသင့်ပါတယ်။

    • အကာအကွယ်ဖြစ်စေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ နားပန်းအကြီးပါတဲ့ ဦးထုတ်တွေကို ဝတ်ဆင်သင့်ပါတယ်။ ပုံမှန် အဝတ်အစားတွေထက် ပိုပြီး ခရမ်းလွန်ရောင်ခြည် တွေကို စုပ်ယူပေးတဲ့ အထူးပြုလုပ်ထားတဲ့ အဝတ်အစားတွေလဲ ရှိပါတယ်။

    ဆေးလိပ်မသောက်ပါနဲ့။

    ဆေးလိပ်သောက်ခြင်းဟာ ကိုယ်ခန္ဓါအစိတ်အပိုင်းအကုန်လုံးကို ထိခိုက်စေပြီးတော့ အရေပြားကတော့ သူပထမဆုံး ထိခိုက်စေတဲ့အရာပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားကို ရင့်စေပြီးတော့ အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ အရေပြား အပေါ်ယံလွှာတွေမှာ သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကိုလျော့ကျစေတာကြောင့် အရေပြားကို အောက်စီဂျင်နဲ့ အာဟာရဓါတ်ပေးခြင်းကို ကန့်သတ်လိုက်ပါတယ်။

    ဆေးလိပ်သောက်ခြင်းဟာ အရေပြားကို အားအင်နဲ့ ကျုံနိုင်ဆန့်နိုင်ခြင်းကိုဖြစ်စေတဲ့ ကော်လဂျင် နဲ့ ကျုံ့ဆန့်တစ်ရှူး တို့ိကို ထိခိုက်စေပါတယ်။ အရေပြားမှာ ဒီပစ္စည်းတွေ ဆုံးရှုံးခြင်းဟာ အရေပြားရွဲစေပြီး ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကို တားမြစ်ပါတယ်။

    ဆေးလိပ်သောက်နေမယ်ဆိုရင် သင့်အရေပြားကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆေးလိပ်ရပ်လိုက်တာပဲဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးမယ့်နည်းလမ်းတွေကို ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

    အရေပြားကို ညင်သာစွာ ဆက်ဆံပါ။

    အရေပြားဟာ အလွန်နူးညံ့ပြီး ပိုးမွေးသလို မွေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ခြင်းနဲ့ နေ့စဉ် အမွှေးရိတ်ခြင်းတို့ဟာ အရေပြား ကြမ်းတမ်းစေပါတယ်။ အရေပြား ကောင်းမွန်စေဖို့ ရေချိုးချိန်ကို ကန့်သတ်သင့်ပြီး ရေပူနဲ့ ရေချိုးခြင်းကို ရှောင်ကျဉ် သင့်ပါတယ်။ ရေပူဟာ ချွေးပေါက်တွေကို ကျယ်စေပြီးတော့ ရေအကြာကြီးချိုးခြင်းဟာ အရေပြားပေါ်က လိုအပ်တဲ့အဆီတွေကို ဖယ်ထုတ်လိုက်တာကြောင့် ရေဓါတ်ခမ်းခြောက်ပြီး အရေပြား ခြောက်သွေ့စေပါတယ်။

    ပြင်းတဲ့ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်တွေဟာ အရေပြားကို ယားယံစေပါတယ်။ သူတို့ကို သုံးမယ့်အစား ပျော့ပြီး နူးညံ့တဲ့ အနံ့မပါတဲ့ ဆပ်ပြာကို အရေပြားထိခိုက်လွယ်သူတွေအတွက် အသုံးပြုနိုင်ပါတယ်။

    အမွှေးရိတ်ခြင်းဟာ အရေပြားကိုထိခိုက်စေပါတယ်။ အရေပြားကို ချောမွေ့စေဖို့အတွက် အမွှေးမရိတ်ခင်မှာ ခရင်မ်၊ လိုးရှင်း၊ ဂျဲလ်တွေကို လိမ်းသင့်ပါတယ်။ သန့်ရှင်းပြီး ထက်တဲ့ ဘရိတ်ထားကိုလည်း အသုံးပြုသင့်ပါတယ်။ အမွှေးပေါက်တဲ့ ဘက်အတိုင်းအလိုက်သင့် ရိတ်သင့်ပါတယ်။

    ရေချိုးပြီး (သို့) အမွှေးရိတ်ပြီးရင် အရေပြားကို တဘက်နဲ့ မပွတ်သင့်ပါဘူး။ ဖြည်းညင်းစွာ ပုတ်ပြီး ခြောက်သွေ့စေသင့်ပါတယ်။ moisturiser ကို လိမ်းသင့်ပါတယ်။ အသားအရေခြောက်သွေ့သူတွေအတွက်ကတော့ moisturiser (သို့) လိုးရှင်းတစ်ထပ်ကို ရေမချိုးခင်မှာ လိမ်းသင့်ပါတယ်။

    ကျန်းမာစေတဲ့အစာတွေကို စားသုံးပါ။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဟာ ကျန်းမာတဲ့ ကိုယ်ခန္ဓါကို ရရှိဖို့ အဓိကကျပါတယ်။ အသားအရေ လှပစေဖို့ အသီးအရွက်တွေ၊ အစေ့အဆံ တွေနဲ့ အဆီမပါတဲ့အသားဓါတ်ပရိုတင်း တွေ အများအပြား စားသောက်သင့်ပါတယ်။ ဗီတာမင်ကြွယ်ဝပြီး အဆီနည်းတဲ့ အစာတွေ (သို့) ကာဗိုဟိုက်ဒရိုက် တွေဟာလည်း အရေပြားကို နူးညံ့စေပါတယ်။

    စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။

    စိတ်ဖိစီးမှုဟာ သင့်ကိုယ်ခန္ဓါအတွက် ဆိုးကျိုးဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ရှိတဲ့အချိရှိတဲ့အချိန်မှာ အရေပြားဟာ ပိုပြီးတော့ ဝက်ခြံနဲ့ အခြားပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အနားယူဖို့ အစီအစဉ်ဆွဲပါ။ အလုပ်ကို အိမ်ကို သယ်မလာပါနဲ့။ လုပ်စရာ ရှိတဲ့အလုပ်တွေကို ကိုင်တွယ်ဖြေရှင်းပြီး သင်ပျော်တဲ့ အရာတွေ ပြုလုပ်ဖို့အတွက် အချိန်ပေးပါ။

    အသားအရေလှပဖို့အတွက် ဆေးတွေကိုလည်း သောက်နိုင်ပါသေးတယ်။ ဒါပေမယ့် ဆေးသောက်ရပ်လိုက်တာနဲ့ သူတို့ရဲ့ အာနိသင်တွေဟာလည်း မရှိတော့ပဲ ဖြစ်တတ်ပါတယ်။ ဒီအချက်တွေကတော့ ကျန်းမာ လှပတဲ့ အသားအရေကို ရရှိစေဖို့ အခြေခံအကျဆုံး နည်းလမ်းတွေပဲဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement