backup og meta

အသားမဲတာ ပတ္တမြားခဲပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားမဲတာ ပတ္တမြားခဲပါ

    အသားမဲလို့ဆိုပြီး စိတ်ညစ်နေလား။ သမီးကိုဘာလို့ အသားဖြူဖြူလေးမွေးမထားရတာလဲ မေရယ်ဆိုပြီး အပြစ်တင်နေမိလား။ အပြစ်မဆိုပါနဲ့နော်။ အရာရာတိုင်း၊ ကိစ္စရပ်တိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲနေတာပါ။ တစ်ခါတလေကျ ငါ့ကျမှဒါမျိုးဖြစ်ရလားဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ အချို့သောကိစ္စတွေက ဆိုးတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာတော့ကောင်းကျိုးလေးတွေရှိနေပါတယ်နော်။

    အသားမဲတာက မကောင်းဘူးလို့ ဘယ်သူပြောလဲ

    အသားအရောင်တွေက အမျိုးမျိုးနော်။ အာရှအသားအရေကပိုတောင် စုံသေးတယ်။ ရာသီဥတုအခြေအနေစုံလင်သလို အသားအရောင်ကလည်း အသားဖြူဖြူလေးတွေရှိသလို ဝါညက်ညက်လေးတွေ၊ ညိုပြာညက်လေးတွေ၊ အသားရောင် အညိုရင့်ရင့်လေးတွေရယ်ဆိုပြီး အမျိုးအစားကိုစုံနေတာပါပဲ။ လူတိုင်း အထူးသဖြင့်လေဒီလေးတွေက အသားဖြူတာကို သဘောကျကြတယ်နော်။ သတိထားမိကြမလားမသိဘူး။ အသားညိုတာက အရေပြားပြဿနာတွေကို အသားဖြူသူတွေလောက်မခံစားရဘူးဆိုတာကိုလေ။

    အသားအရောင်ကွာခြားရတာက ခန္ဓါကိုယ်က ထုတ်လုပ်တဲ့ မယ်လ်လာနင် ပမာဏကွာခြားတာကြောင့်ပါ။ အသားအရောင်ဖြူလေလေနေပူအောက်မှာ အသားအရေထိခိုက်နိုင်ခြေ များလေလေပါနော်။ အသားညိုတဲ့သူ အသားမဲတဲ့သူတွေရဲက အရေပြားက မယ်လ်လာနင်ကြွယ်ဝတာကြောင့် ပူပြင်းတဲ့နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကို အသားဖြူသူတွေ၊ အသားလတ်သူတွေထက် ပိုပြီး ကာကွယ်နိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အသားအရောင်ရင့်တာက ကိုယ်တွင်းကဖောလိတ်ဓါတ်တွေ မကုန်ဆုံးအောင် ကာကွယ်ပေးနိုင်သလို DNA ပျက်စီးမှုတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အခုလိုပူတဲ့နေရောင်အောက်မှာ အသားဖြူဖြူလေးတွေကခြေကုန်လက်ပန်းကျလို့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလူးအလဲခံနေရချိန်မှာ အသားညိုသူတွေက ခပ်အေးအေးပါပဲနော်။ ဒီတော့ အသားမဲတာက ပတ္တမြားခဲဆိုတာ လက်ခံရမယ့်အချက်တစ်ခုပေါ့။

    အသားညိုသူတွေ၊ အသားအရောင်ရင့်သူတွေက အရေပြားပြဿနာခံစားရနိုင်ခြေနည်းပါတယ်။နေလောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်အပြင် အပူဒဏ်ကြောင့် ဝက်ခြံထွက်နိုင်ခြေကလည်း အသားဖြူသူတွေနဲ့ယှဉ်ရင် နည်းပါတယ်။ ဒီလိုဆိုတာနဲ့တော့နေပူထဲကို ထင်သလိုတော့ မထွက်စေချင်ပါဘူးနော်။ သစ္စာရှိရှိ အစဉ်အလာမပျက် တစ်နှစ်ထက်တစ်နှစ်ပိုတိုးပူလာတဲ့နွေရဲ့နေရောင်အောက်မှာ အပြင်သွားမယ်ဆိုရင် လိုအပ်တဲ့ကာကွယ်မှုလေးတွေတော့ လုပ်သွားစေချင်ပါတယ်နော်။နေလောင်ကာခရင်မ်လူးတာ၊ရေများများသောက်တာ၊ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ၊ ချည်သားပွပါချောင်ချောင်လေးတွေ ဝတ်တာမျိုးပေါ့။

    အသားညိုသူတွေရဲ့ အရေပြားကနေရောင်မျာပါတဲ့ UVAရော UVB တို့ကြောင့်ပါ ထိခိုက်နိုင်ခြေနည်းတာပါ။ အသားညိုတဲ့သူတေါအတွက် စိတ်ပူစရာတစ်ခုရျိတာကနေရောင်ရတာနည်းတဲ့ ကာလတွေမှာ ဗီတာမင် D ချို့တဲ့မှာကိုပါ။ ဒါကလည်းမြန်မာနိုင်ငံ အတိုင်းအတာနဲ့ဆိုရင်တော့ ပူစရာမလိုပါဘူး။မြန်မာနိုင်ငံက ရာသီ ၃ ခုစလုံးမှာနေရောင်ကို သင့်တင့်မျှတစွာရရှိနေတာကြောင့်ပါ။ အခုလိုနွေရာသီမှာ အသားဖြူတာတွေကို အားကျမနေပါနဲ့ ညိုပြာညက်လေးတို့ရေ။ ကိုယ်တွေကိုတောင် သူတို့က အားကျရဦးမှာနော်။နေရောင်ကြောင့် အသားအရေကို ထိခိုက်မှုများလေလေ အရေပြားကင်ဆြာဖစ်နိုင်ခြေကများလေလေပါနော်။ ဒီတစ်ချက်ကတော့ အသားညိုသူတွေရော အသားဖြူသူတွေပါ သတိထားရမယ့်အချက်ပါ။ ဒါကြောင့် ထိခိုက်နိုင်ခြေနည်းပေမယ့်လည်း အသားအရေကိုနေရောင်ဒဏ်ကနေ အကောင်းဆုံးကာကွယ်ပါကြပါနော် Helloဆရာဝန်ပရိသတ်ကြီးရေ။

    ဒါကြောင့်ပြောချင်တာကတော့ နွေအပူရှိန်မှာ ထိခိုက်မှုနည်းတာက အသားညိုပြာညက်လေးတွေပါနော်။ အသားမဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲနော်…………………………

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement