backup og meta

အလှအပအတွက် ဟိမဝန္တာပန်းရောင်ဆားရဲ့အသုံးဝင်ပုံ (၁၀) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလှအပအတွက် ဟိမဝန္တာပန်းရောင်ဆားရဲ့အသုံးဝင်ပုံ (၁၀) မျိုး

    ဟိမဝန္တာတောင်တန်းဒေသမှာ သဘာဝအတိုင်းဖြစ်လာတဲ့ ပန်းရောင်ဆားဟာ ကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောကြပါတယ်။ အရိုးတွေသန်မာစေတယ်၊ သွေးတိုးတောင်ကျစေတယ်လို့သူ့ရဲ့အစွမ်းအာနိသင်အကြောင်းလည်း လူပြောများကြတာစုံလို့ပါပဲ။ သိပ္ပံပညာအရ အတည်ပြုနိုင်တဲ့တွေ့ရှိမှုနည်းသေးပေမယ့် Spaတွေမှာက ပန်းရောင်ဆားကို အသုံးပြုနေတာ ဒီအကြောင်းရင်းတွေကြောင့်ဆိုတာပြောပြချင်လို့ပါ။ အလှအပရေးရာအတွက် ပန်းရောင်ဆားက ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲလေ့လာကြည့်ရအောင် –

    အလှအပအတွက် ဟိမဝန္တာပန်းရောင်ဆားရဲ့အသုံးဝင်ပုံ (၁၀) မျိုး

    (၁) အသားအရေကို အဆိပ်အတောက်သန့်စင်စေတယ်

    ပန်းရောင်ဆားက ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်တွေကို သန့်စင်နိုင်သလိုချွေးပေါက်တွေအတွင်းကို ဝင်ရောက်နေတဲ့ချေးတွေ၊ဖုန်တွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သူက အသားအရေကို ကြည်လင်သန့်စင်စေနိုင်ပါတယ်။

    ရေချိုးကန်နဲ့ဆို ရေနွေးစပ်ထားတဲ့အထဲ ပန်းရောင်ဆားပန်းကန်လုံးတစ်လုံးလောက်ရောထည့်ပြီး လာဗင်ဒါဆီလေးထည့်ချိုးလို့ရပါတယ်။ ရိုးရိုးရေဇလားနဲ့ဆို ဆားလျှော့ထည့်ပေါ့။

    (၂) ဆဲလ်သေဖယ်ရှားနိုင်တယ်

    Salt scrubတွေက အရင်တည်းက ကြားရတာအဆန်းမဟုတ်ပေမယ့် ပန်းရောင်ဆားကိုတော့ အခုနောက်ပိုင်းခေတ်စားလာတာပါ။ ပန်းရောင်ဆားက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွတ်စေပါတယ်။

    ပန်းကန်လုံးထဲမှာ ပန်းရောင်ဆားတွေထည့်ပြီး သံလွင်ဆီ သို့မဟုတ် အုန်းဆီအနည်းငယ်ထည့်ပါ။ တစ်ပတ်တစ်ကြိမ်လောက် scrub လုပ်ပေးလို့ရပါတယ်။

    (၃) အရေပြား pH ကိုထိန်းညှိပေးတယ်

    အရေပြားသန့်စင်ပေးတဲ့ထုတ်ကုန်တွေအများစုက အယ်ကာလိုင်းသဘာဝပါရှိပါတယ်။ ဒီအချက်ကြောင့်ပဲ အရေပြား pH ကို ထိန်းညှိနိုင်ဖို့ အဆင်မပြေဖြစ်ရပါတယ်။ ပန်းရောင်ဆားကတော့အရေပြား pH ကိုထိန်းညှိပေးနိုင်ပါတယ်။

    (၄) ချွေးနံ့ပျောက်စေတယ်

    ချွေးနံ့ဆိုးတွေကိုပြယ်စေပြီး ခန္ဓါကိုယ်အဆိပ်အတောက်တွေပြေစေနိုင်တယ်။ ဖျန်းဆေးဘူးတစ်ခုထဲမှာ ပန်းရောင်ဆားနှစ်ဇွန်း၊ ပေါင်းခံရေ သုံးအောင်စ၊ မုန့်ဖုတ်ဆိုဒါ ဇွန်းတစ်ဝက်ထည့်ပါ။ ကိုယ်နှစ်သက်တဲ့essential oil တစ်ခုခုကို ၁၀ စက်လောက်ထည့်ပါ။ အဖုံးကိုပိတ်ပြီး လှုပ်ခါပါ။ သုံးလို့ရပြီနော်။

    (၅) တိုနာ

    ဆားကခြောက်သွေ့စေတယ်ဆိုပေမယ့် နည်းလမ်းတကျသုံးတတ်ရင် တိုနာအဖြစ်တောင်သုံးလို့ရပါတယ်။ အသားအရေကိုတင်းရင်းစေတယ်၊ချွေးပေါက်ကျဉ်းစေတယ်၊ အရေးအကြောင်းတွေလျော့စေတယ်။ ပန်းရောင်ဆားဇွန်းတစ်ဝက်ရယ်၊ သံလွင်ဆီတစ်ဇွန်း၊lemon oil နှစ်စက်၊ရေသန့်ခွက်တစ်ဝက်ရယ်ရောပြီး ဖျန်းဆေးဘူးလေးထဲထည့်ပါ။ အသားမခြောက်စေဖို့ သံလွင်ဆီဖြစ်ဖြစ် အုန်းဆီသန့်ဖြစ်ဖြစ်တော့ ပါမှဖြစ်ပါမယ်။

    (၆) ဆံပင်အုံထူသလိုဖြစ်စေတယ်

    ခေါင်းလျှော်ရည်နဲ့ရောလျော်ရင် ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်တဲ့အပြင် ဆံပင်ပျော့ဆေးနဲ့ရောသုံးလည်း ဆံပင်ဖွဖွလေးနဲ့အုံထူသလိုဖြစ်စေပါတယ်။ အမြဲတော့မသုံးဖို့ သတိပြုပါ။

    (၇) အဆီပြန်ခြင်းကင်းစေတယ်

    ပန်းရောင်ဆားက အဆီပြန်တဲ့အသားအရေအတွက် ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ပန်းရောင်ဆားနဲ့ scrub လုပ်ရင်း ရနိုင်တဲ့အကျိုးေကးဇူးတစ်ခုပါ။

    (၈) ဝက်ခြံပျောက်စေတယ်

    ပန်းရောင်ဆားဟာ သဘာဝပိုးသတ်ဆေးဖြစ်တဲ့အတွက် ဝက်ခြံဖြစ်လွယ်တဲ့အသားအရေအတွက်ဆေးတစ်လက်ပေါ့။ ပန်းရောင်ဆားက ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားကိုသေစေတာကြောင့် ဝက်ခြံမဖြစ်စေတော့ဘူး။ ဝက်ခြံဖြစ်နေတယ်ဆို ပန်းရောင်ဆားဇွန်းတစ်ဝက်နဲ့ရေခွက်တစ်ဝက်ရောပြီး တို့ပါ သို့မဟုတ် ဖျန်းပါ။

    (၉) သွားကျန်းမာစေတယ်

    သတ္တုဓါတ်တွေကြွယ်ဝတဲ့ ပန်းရောင်ဆားက သွားကိုလည်းကျန်းမာစေတယ်။ ခံတွင်းနံ့ဆိုးကိုပျောက်စေတယ်ဆိုတော့ ခံတွင်းသန့်ဆေးအဖြစ်သုံးလို့ရပါတယ်။ ပုလင်းသန့်တစ်လုံးထဲမှာ ပန်းရောင်ဆား တစ်ဇွန်း၊ပေါင်းခံရေတစ်ခွက်၊peppermint oil ၅ စက်ကိုထည့်ပြီး လှုပ်ခါပါ။ ပလုတ်ကျင်းဆေးရည်အဖြစ် ပုံမှန်သုံးလို့ရပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement