backup og meta

အရေပြား ခြောက်သွေ့အက်ကွဲခြင်းကို ကုသခြင်း


Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြား ခြောက်သွေ့အက်ကွဲခြင်းကို ကုသခြင်း

    ရာသီဥတုဟာ လူသားတွေရဲ့ ကျန်းမာရေးကို ပြဿနာများစွာ ဖြစ်ပေါ်စေပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း သို့မဟုတ် ရာသီအလိုက် ဓါတ်မတည့်မှုများ ဖြစ်ပွားခြင်း စတာတွေအပြင် အရေပြားများ ခြောက်သွေ့ အက်ကွဲခြင်းဟာလည်း ရာသီဥတုနှင့် သက်ဆိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာတဲ့ အခါမှာ နာကျင်မှု အပျော့စားကနေ ပြင်းထန်တဲ့ နာကျင်မှုအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ၎င်းကို ဘယ်လို အန္တရာယ်ကင်းစွာ ထိထိရောက်ရောက် ကုသနိုင်မလဲ ဆိုတာက အမှန်တကယ်ကို လိုအပ်နေပါတယ်။

    ဘာကြောင့် လူတွေဟာ အရေပြားခြောက်သွေ့ အက်ကွဲကြသလဲ။

    အရေပြားဟာ အစိုဓါတ် ပြတ်တောက်သွားတဲ့ အခါ အရေပြားခြောက်သွေ့ အက်ကွဲခြင်းကို ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခြေအနေဟာ များသောအားဖြင့် ဖြေဖဝါးနှင့် လက်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေဟာ အဆီဂလင်းတွေ မရှိတဲ့အတွက်ကြောင့် စိုစွတ်မှု ထိန်းထားနိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် အရေပြားခြောက်သွေ့ အက်ကွဲခြင်းကို ဖြစ်ပေါ်စေတဲ့ အခြားအကြောင်းအရင်းတွေလည်း ရှိပါတယ်။ ၎င်းတို့ကတော့-

    • ရေပူအချိုးများသူများ၊

    • နှင်းခူနဲ့ psoriasis ဟုခေါ်သော အရေပြားပြဿနာ ရှိသူများ၊

    • ဆီးချို သို့မဟုတ် လည်ပင်းရှိသိုင်းရွိက်ဂလန်း ပြဿနာကဲ့သို့ ရောဂါရှိသူများ၊

    • အစိုဓါတ်ထိန်းသိမ်းနိုင်စွမ်းမပါသော ရေချိုးဆပ်ပြာ သို့မဟုတ် ရေချိုးဆပ်ပြာဆီ အသုံးများသူ များ၊

    • ရာသီဥတုအေးခြင်း

    • ပုံမှန်အားဖြင့် လေအေးပေးစက်အောက်တွင် အနေများသူများ

    • အသက်ကြီးလာခြင်း စတာတွေကြောင့် အသားအရေရဲ့ စိုစွတ်မှုပမာဏ လျော့ကျလာစေပါတယ်။

    အရေပြားခြောက်သွေ့ အက်ကွဲတဲ့အခါ ဘယ်လို ပြဿနာတွေကို ခံစားရလေ့ရှိသလဲ။

    အရေပြားခြောက်သွေ့ အက်ကွဲလာတဲ့အခါ ဆိုးရွားသော နာကျင်မှုကို မခံစားရခင်မှာ အောက်ပါလက္ခဏာ အချို့ကို ဖော်ပြလေ့ရှိပါတယ်။ ၎င်းတို့ကတော့

    • ယားယံခြင်း

    • နီရဲခြင်း

    • အရေပြားတွင် အကွက်များ ဖြစ်ပေါ်ခြင်း

    • အရေပြား၌ အက်ကွဲရာများ ဖြစ်ပေါ်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဒီလို အရေပြားခြောက်သွေ့ အက်ကွဲလာတဲ့အခါ ဘယ်လို ကုသမလဲ။

    ကုသမှု မခံယူခင်မှာအောက်ပါ ပစ္စည်းတွေကို ပြင်ဆင်ထားသင့်ပါတယ်။ ၎င်းတို့ကတော့

    • လိုးရှင်း သို့မဟုတ် အဆီပျစ်ပျစ် သို့မဟုတ် ဟင်းရွက်ဆီ

    • နူးညံ့သော ချည်ဖြင့် ပြုလုပ်ထားသည့် ခြေအိတ်များ

    • နူးညံ့သော တဘက်

    • ဘတ်တီးရီးယားပိုး တိုက်ခိုက်နိုင်သော ရေချိုးဆပ်ပြာအဆီ သို့မဟုတ် ဆပ်ပြာတုံး

    • သံပယိုသီး၊ရှောက်သီး

    • ချေးတွန်းကျောက် စတာတွေပဲ ဖြစ်ပါတယ်။

    ပြုလုပ်ရမယ့် နည်းလမ်းကတော့ အောက်ပါအစီအစဉ်တိုင်းပဲ ဖြစ်ပါတယ်။

    အဆင့် (၁) ။ အရေပြားဆဲလ်အသေတွေနဲ့ အသားမာနေရာတွေကို ချေးတွန်းကျောက်နှင့် တိုက်ချွတ်ကာ ဖယ်ရှားပစ်ပါ။ တကယ်လို့ သင်ဟာနာကျင်မှု ဝေဒနာခံစားလာရပြီဆိုရင်တော့ ရပ်လိုက်ပါ။

    အဆင့်(၂) ။ အရေပြားခြောက်သွေ့ အက်ကွဲနေတဲ့ နေရာတွေကို အမြဲတမ်း ပုံမှန် အစိုဓါတ် ပေးနေရပါမယ်။ ပထမဦးစွာ အဆီပျစ်ပျစ် သို့မဟုတ် လိုးရှင်း သို့မဟုတ် ဟင်းရွက်ဆီကို သုတ်လိမ်းပေးပြီး ခြေအိတ်ဝတ်လိုက်ပါ။ ၎င်းနေရာကို သန့်ရှင်းတဲ့ တစ်စုံတစ်ခု နှင့် အုပ်လိုက်ပါ။ ၎င်းကိုနေ့တိုင်းပြုလုပ်ပြီး ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေကို စောင့်ကြည့်ပါ။

    အဆင့်(၃)။ ခြောက်သွေ့ အက်ကွဲနေတဲ့ နေရာတွေကို ဘတ်တီးရီးယားပိုး ကာကွယ်တဲ့ ဆပ်ပြာကိုသုံးပြီး ဆေးကြောပါ။ ဆေးကြောပြီးတဲ့နောက်မှာ နူးညံ့ပြီး သန့်ရှင်းတဲ့ တဘက်နှင့် ခြောက်သွေ့အောင် သုတ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုပြီးနာကျင်စေတဲ့ ပိုးဝင်ခြင်းမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

    အဆင့်(၄)။ ဒီခြောက်သွေ့ အက်ကွဲနေတဲ့ အရေပြား နေရာတွေကို ရှောက်ရည်၊ သံပရာရည်နဲ့ စိုစွတ်သွားအောင် ပြုလုပ်ပြီး အရေပြားကို နူးညံ့အောင် ပြုလုပ်ပါ။ သင်တစ်ခါလုပ်တိုင်း လုပ်တိုင်းမှာ ၁၀မိနစ်လောက်ကြာအောင် လုပ်ပေးခြင်းအားဖြင့် ရလဒ်ကောင်းတွေ ရရှိစေပါတယ်။

    အဆင့် (၅)။ ရေဓါတ်ပြည့်ဝနေအောင် ရေများများသောက်ပေးပါ။ ကော်ဖီ သို့မဟုတ် အရက်တွေဟာ အသားအရေ ခြောက်သွေ့ စေပြီး ပိုပြီးဆိုးစေနိုင်တဲ့ အတွက်ရှောင်ကြဉ်ရပါမယ်။

    သတိပြုရန် အချက်များ။

    တကယ်လို့ အခြေအနေ ပိုကောင်းမလာပဲ သင်ယခုကဲ့သို့ ပြုလုပ်နေတာတောင်မှ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ရဲ့ အကူအညီကို ရယူပါ။

    ဒီလို အသားခြောက်သွေ့ အက်ကွဲခြင်းမျိုးမဖြစ်အောင် ဘယ်လို ကာကွယ်သင့်သလဲ။

    ဒီအခြေနေကို ကာကွယ်ရန်အတွက် နည်းလမ်း အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

    ဒီလိုအသားအရေ ခြောက်သွေ့မှုကို ထိန်းချုပ်စီမံရန်အတွက် တိကျသေချာတဲ့ ဆေးဝါးကုသမှုကို ခံယူဖို့ရာ ဆရာဝန် နှင့်တိုင်ပင်သင့်ပါတယ်။

    အရေပြားခြောက်သွေ့ အက်ကွဲနေတဲ့ နေရာတွေကို ကုတ်ခြင်း သို့မဟုတ် ပွတ်တိုက်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ တကယ်လို့ ယားယံခဲ့မယ်ဆိုရင် ၎င်းနေရာတွေကို ရေခဲဝတ် ကပ်ပေးခြင်း သို့မဟုတ် ရေအေးဝတ်ဖြင့် ဖိကပ်ပေးခြင်း စတဲ့ အေးမြတဲ့နည်းလမ်းတွေကိုပဲ သုံးပေးသင့်ပါတယ်

    သင့်ရဲ့ အသားအရေကို ခြောက်သွေ့ပျက်စီးစေတဲ့ လုပ်ဆောင်ခြင်းတွေဖြစ်တဲ့ ရေပူစိမ်ချိုးခြင်း သို့မဟုတ် အသားအရေကိုခြောက်သွေ့ ပျက်စီးစေတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်း ဥပမာ အနံ့စူးသော ဆပ်ပြာတွေကို သုံးခြင်း စတာတွေကနေ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

    အသားအရေကိုပွတ်တိုက်ပြီး တဘက်ဖြင့် သုတ်ပေးခြင်းထက်စာရင် ဖွဖွလေးသာ သုတ်ပေးပါ။

    ချွေးထုတ်ခန်း သွားခြင်း သို့မဟုတ် ရေနွေးဖြင့် စိမ်ချိုးခြင်း နှင့် ရေပူဖြင့် ရေချိုးခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ်။ ရေကြက်သီးနွေးဖြင့်သာ ချိုးပေးဖို့ အကြံပေးပါတယ်။

    ရေချိုးပြီးတဲ့ အခါမှာလည်း အသားအရေကို အစိုဓါတ်ပြန်ဖြည့်ပေးပါ။

    ချောင်ချိ၍ သက်သောင့်သက်သာရှိသော ဖိနပ်ကိုသာဝတ်ဆင်ပါ။

    အရက်နှင့် ကဖင်းဓါတ်ပါသော အစားအသောက်များကို ရှောင်ကြဉ်ပါ။

    ဒီလိုအရေပြားခြောက်သွေ့ အက်ကွဲခြင်းဟာ ယားယံခြင်း၊ ပူလောင်မှု ခံစားရခြင်း စတဲ့လက္ခဏာတွေကို လမ်းလျှောက်တဲ့ အခါမှာ ခံစားရနိုင်ပြီး သက်သောင့်သက်သာ မရှိနိုင်ပါဘူး။ ဒါ့အပြင် တစ်ခါတစ်လေမှာ သွေးတောင် ထွက်တတ် ပါတယ်။ ဒါကြောင့် ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ရရှိဖို့ရာ အထက်ပါ လမ်းညွှန်ချက်များကို လိုက်နာသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement