backup og meta

အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း

    လူဆီ ရမယ်၊ လူဆီ ဆိုတာကကြော်ငြာထဲမှာပဲ ရယ်ရတာပါ။ လက်တွေ့ဘဝမှာ အဆီပြန်တာက တော်တော်လေး ခံရခက်စေတယ်နော်။ ဒီတစ်ခေါက်တော့ အဆီပြန်တာကြောင့် အလှပျက်နေရတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေ အတွက်အဆီပြန်တဲ့ အသားအရေထိန်းသိမ်းနည်းလေးကို ပြောပြမယ်နော်။ အလှအပ မဟုတ်တဲ့ အသားအရေထိန်းသိမ်းနည်းကို ပြောပြမှာ ဆိုတော့ လေဒီတွေတင် မဟုတ်ဘဲ ကိုကိုတွေပါဖတ်လို့ရပါတယ်နော်။ ကဲ …… အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း လေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း

    အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း လေးတွေကို  အတူတူ ကြည့်လိုက်ရ

    အဆီပြန်တာက အမွေရတာပါ

    တော်တော်များများသတိမထားမိတဲ့အချက်ကအသားအရေအမျိုးအစားတွေဆိုတာကလည်း အမွေဆက်ခံမှုတစ်ခုပါပဲနော်။ အထူးသဖြင့် အဆီပြန်တတ်တဲ့ အသားအရေ၊ခြောက်သွေ့တဲ့အသားအရေ၊ပေါင်းစပ်အသားအရေဆိုတာတွေကမေမေဖေဖေတို့ဆီကနေ ဆက်ခံထားတဲ့အမွေတစ်ခုပါပဲနော်။ အဆီပြန်ရတယ်ဆိုတာက Sebumတွေအရမ်းထွက်လို့ပါ။ ဒီလိုဆိုတာနဲ့ Sebum က မကောင်းဘူးလို့ မဆိုလိုပါဘူးနော်။ အသားအရေခြောက်သွေ့မှုကင်းစေပြီး စိုပြေနေစေဖို့က Sebumလေးရှိမှာဖြစ်မှာပါ။ ဒါပေမယ့် အရမ်းများလွန်းရင်တော့ချွေးပေါက်တေါကျယ်စေပြီး အဆီတွေပြန်စေတော့တာပေါ့။ ဒီလိုမျိုးမှာ အပြင်ကို အဆီတွေထွက်မလာဘူးဆိုရင်လည်းချွေးပေါက်တွေထဲမှာ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ပေါင်းလို့ ချွေးပေါက်ပိတ်ပြီး အရေပြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။

    အဆီပြန်တတ်သူလား

    အသားအရေအမျိုးအစားတစ်ခုချင်းစီတိုင်းမှာ သူ့ပုံစံနဲ့သူရှိတတ်ကြပါတယ်။ အဆီပြန်တတ်သူတွေမှာဆိုရင်တော့ –

    • အသားအရေက အဆီကြောင့် ပြောင်ပြောင်လေးဖြစ်နေမယ်
    • ထိလိုက်ရင်စေးကပ်ကပ်ဖြစ်နေမယ်
    • ချွေးပေါက်လေးတွေ ကျယ်နေမယ်( လိမ္မော်ခွံလိုမျိုး အပေါက်လေးတွမြင်နေရမယ်)
    • ဘာလူးထားထားမျက်နှာမှာ ကြာကြာမခံဘူးဆိုရင်တော့ သင်က အဆီပြန်တဲ့ အသားအရေပိုင်ရှင်လေးပါနော်။

    ဘယ်လိုစမ်းသပ်မလဲ

    • မျက်နှာကို အရင်ဆုံးသစ်လိုက်ပါ။
    • ဘာမှမလိမ်းဘဲ တစ်နာရီလောက်ထားပါ။
    • တစ်သျှူးစသန့်သန့်လေးတစ်ရွက်ကို ယူပြီး မျက်နှာရဲ့ T-Zoneဖြစ်တဲ့ နှာဖူး၊နှာခေါင်း၊မေးစေ့တို့ကို တို့သုတ်လိုက်ပါနော်။
    • ပြီးရင် တစ်သျှူးမှာ အဆီတွေအများကြီးပါလာရင် အဆီပြန်တဲ့ အသားအရေဆိုတာသေချာသွားပါပြီနော်။

    အသားအရေစထိန်းကြစို့

    အဆီပြန်တတ်သူသေချာသွာပြီဆိုရင်တော့ ဒီအဆင့်လေးတွေ ဆက်လုပ်ကြမယ်နော်။

    ရေနွေးနွေးလေးသုံးမယ်

    မျက်နှာကို တဘက်စသန့်သန့်လေးမှာရေနွေးနွေးလေး ဆွတ်ပြီး မျက်နှာကို ခပ်ဖွဖွလေးဆွဲသုတ်ပေးပါ။ အဆီတွေသက်သာစေဖို့ပါ။ရေနွေးငွေ့ခံပေးလို့လည်းရပါတယ်နော်။

    မျက်နှာသစ်မယ်

    အဆီပြန်တတ်သူဖြစ်တာကြောင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်လေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ပါ။ ဒါမှ တစ်နေ့တာမှာ အဆီပြန်တာကို သက်သာစေတော့မပေါ့။ မျက်နှာသစ်တဲ့အခါ လက်ချောင်းလေးတွေကို သုံးလို့ စက်ဝိုင်းသဏ္ဍာန်လေးနှိပ်နယ်ပေးပါ။သွေးလည်ပတ်မှုကောင်းစေပြီးချွေးပေါက်တွေထဲမှာ အဆီတွေနဲ့ ဆဲလ်သေတွေ ပိတ်ဆို့တာကို ကာကွယ်နိုင်မှာပါ။

    ဆဲလ်သေတွေဖယ်ရှားပါ

    အသားအရေအမျိုးအစားတိုင်းကျော်သွားလို့မရတဲ့ အဆင့်တစ်ခုပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ကျန်းမာစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

    တိုနာသုံးပါ

    အဆီပြန်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ တိုနာကို ဂွမ်းစသန့်သန့်လေးမှာ ဆွတ်ပြီး မျက်နှာပြင်အနှံ့ကို သုံးပေးပါ။ အယ်လ်ကိုဟောနဲ့အမွှေးနံ့ကင်းတဲ့ တိုနာမျိုးကိုသုံးပေးပါ။

    Moisturizer သုံးပါ

    အဆီပြန်နေတာပဲ အစိုဓါတ်ထိန်းဖို့ မလိုဘူးလို့ မထင်ပါနဲ့နော်။ ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အသားအရေနဲ့ လိုက်ဖက်မယ့်Moisturizer လူဖို့လိုပါမယ်နော်။ အစိုဓါတ်ထိန်းမှာ Sebum ထွက်ရှိမှုကို တားဆီးနိုင်မှာပါနော်။ ဒါကြောင့် ဒီအဆင့်လေးကိုလည်းကျော်မသွားပါနဲ့နော်။

    Sunscreen လိမ်းမယ်

    အဆီပြန်တာပိုဆိုးသွားမယ်ဆိုပြီးနေလောင်ကာခရင်မ်မလူးဘဲမနေပါနဲ့နော်။ အသားအရေကို ထိခိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့် အဆီပါဝင်မှုနည်းတဲ့နေလောင်ကာခရင်မ်ကို လူးပေးပါနော်။

    မျက်နှာပေါင်းတင်မယ်

    တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ လုပ်သင့်တဲ့အရာပေါ့။ မျက်နှာပေါင်းတင်တဲ့အခါ အသင့်တော်ဆုံးဖြစ်မယ့်mask အမျိုးအစားတွေက Clay mask နဲ့Charcoal-Based mask တို့က အဆင်ပြေဆုံးပါနော်။

    စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင်နေဖို့နဲ့၊ အသီးအရွက်များများစားဖို့၊ရေသောက်ဖို့ နဲ့ အချိုတွေ လျှော့စားဖို့ မမေ့ပါနဲ့နော်။ ဒီအဆင့်လေးတွေကို သတိထား လုပ်ဆောင်ကြည့်ပြီး အဆီပြန်တာကြောင့် အလှအပကို မထိခိုက်အောင် ထိန်းသိမ်းစောင့်ရှောက် လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement