backup og meta

အဆီဖု၊အဆီခဲတွေကို လျော့နည်းသက်သာအောင် ဘယ်လို ပြုလုပ်ကြမလဲ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီဖု၊အဆီခဲတွေကို လျော့နည်းသက်သာအောင် ဘယ်လို ပြုလုပ်ကြမလဲ။

    အဆီဖု၊ အဆီခဲတွေဟာ အရေပြားပေါ်မှာ ဖြစ်ပေါ်လာတတ်တဲ့ အဖြူရောင် အဖုအပိမ့်အခဲလေးတွေပါ။ အဆီဖု၊ အဆီခဲလေးတွေဟာ စုဝေးပြီး နှာခေါင်း၊ ပါးစပ်နဲ့ မေးစေ့စတဲ့ မျက်နှာအစိတ်အပိုင်းတွေပေါ်မှာ ပေါက်လာတတ်ကြပါတယ်။ မျက်နှာတင်မဟုတ်ပါဘူး၊ လည်ဂုတ်၊ ကျော စတဲ့နေရာတွေမှာလည်း ရှိတတ်ပါတယ်။ ဒါဟာ အရေပြားပေါ်က အမွှေးအမျှင်တွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေလို့ ဖြစ်ပါတယ်။

    အဆီဖု၊ အဆီခဲလေးတွေဟာ မွေးကင်းစကလေးလေးတွေရဲ့ အရေပြားပေါ်မှာလည်း ရှိတတ် ပါတယ်။ (၄၀) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းသော မွေးကင်းစကလေးလေးတွေမှာ ဒီလိုအဆီဖု၊ အဆီခဲလေး တွေရှိတတ်ကြပါတယ်။ မွေးပြီးတစ်လအတွင်း ဖြစ်တတ်ပါတယ်။ ကလေးကြီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဒီလိုအဆီဖု၊ အဆီခဲတွေ ရှိနေနိုင်ပါသေးတယ်။

    ()   သူတို့ကိုဖယ်ရှားဖို့ လက်နဲ့ထိုးဆွတာမျိုး၊ ညှစ်တာမျိုး လုံးဝမလုပ်ပါနဲ့။

    သင့်မျက်နှာပေါ်နဲ့ သင့်ကလေးရဲ့ မျက်နှာပြင်ပေါ်မှာ အဆီဖု၊ အဆီခဲတွေရှိနေခြင်းဟာ သင့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မညှစ်လိုက်ပါနဲ့။ ညှစ်ထုတ်ကုတ်ဖဲ့လိုက်ခြင်းဟာ မျက်နှာပေါ်မှာ အနာဖြစ်စေခြင်း၊ သွေးထွက်ခြင်းနဲ့ အမာရွတ်တွေဖြစ်စေမှာပါ။ အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်ပြုလုပ်လိုက်ခြင်းကြောင့် ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပိုးဝင်လာတဲ့အခါ ပြည်တည်ရောင်ရမ်းခြင်းတွေဖြစ်လာမှာပါ။

    ၆ လအောက် ကလေးတွေမှာ အဆီဖု၊ အဆီခဲတွေ ဖြစ်လာရင်တော့ ဘာမှမလုပ်ဘဲ ဒီအတိုင်းထားလိုက်တာဟာ အကောင်းဆုံးနည်းလမ်းပါ။ စိတ်တိုင်းမကျရင်တော့ မိမိကလေးကို ကလေးဆရာဝန်နဲ့သာ သွားရောက်ပြသပါ။

    ()   သေချာစွာဆေးကြောသန့်စင်ပါ။

    မျက်နှာကို ဆေးကြောသန့်စင်ဖို့ အပျော့စားဆပ်ပြာကိုပဲ သုံးပါ။ အပြင်းစားမျက်နှာသစ်

    ဆပ်ပြာတွေဟာ မျက်နှာပြင်ပေါ်က အဆီလွှာကိုဖယ်ရှာလိုက်နိုင်ပါတယ်။ အဆီလွှာဟာ အရေပြားအစို ဓာတ်ကိုထိန်းညှိပေးပြီး ကျန်းမာစေပါတယ်။ အဆီလွှာရဲ့ ကာကွယ်မှုမရှိတော့ရင် အရေပြားဟာ အလွယ်တကူ ပျက်စီးလွယ်မှာပါ။

    မျက်နှာသစ်ပြီးရင် ရေကို သူ့အလိုလိုခြောက်သွေ့အောင် မသုတ်ဘဲ မထားပါနဲ့။ ရေစိုအတိုင်းထားခြင်းဟာ အရေပြားခြောက်သွေ့မှုကို ဖြစ်စေလို့ပါ။ မျက်နှာသစ်ပြီးတာနဲ့ ရေကို စင်ကြယ်အောင် မျက်နှာသုတ်ပဝါနဲ့ ညင်ညင်သာသာလေး သုတ်ပေးပါ။

    ()   ရေနွေးငွေ့ရဲ့ အကူအညီယူပါ။

    ရေဇလုံ (သို့မဟုတ်) Bathtab ရေချိုးကန်ထဲကို ရေနွေးငွေ့တွေပြည့်အောင်ထည့်ပါ။ ပြီးရင် မျက်နှာကို ထိုရေကန်ရဲ့အပေါ်မှာ သင့်တော်တဲ့အကွာအဝေးနဲ့ ရှိနေပါစေ။ (၅) မိနစ်ကနေ (၈) မိနစ် လောက်ထားထားပါ။ ဒါဆိုရင်တော့ ရေနွေးနဲ့ ပေါင်းတင်ထားတဲ့သဖွယ်ဖြစ်ကာ ရေနွေးငွေ့တွေဟာ သင့်ချွေးပေါက်တွေကို ပွင့်စေပါတယ်။ အရေပြားအောက်က အညစ်အကြေးတွေကို ဖယ်ရှားပြီးသားဖြစ် သွားမှာပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာပြန်သစ်ပေးပါ။

    ()   ညင်သာစွာ ချေးချွတ်ပါ

    ညင်သာစွာချေးချွတ်ခြင်း (Gentle Exfoliation) ဟာ အရေပြားပေါ်က Keratin တွေ များစွာထုတ်လုပ်ခြင်းကို တားဆီးပေးပြီး အဆီဖု၊ အဆီခဲတွေကို သက်သာစေနိုင်ပါတယ်။ ချေးချွတ်တဲ့ မျက်နှာသစ်ဆေး (Exfoliating cleansers) တွေကိုဝယ်ယူတဲ့အခါ Salicylic acid, Citric acid နဲ့ glycolic acid ဆိုတဲ့ ပါဝင် ပစ္စည်းတွေ ထည့်သွင်းထားတဲ့ ထုတ်ကုန်တွေကို ရွေးချယ်ပေးပါ။ ခဏခဏ ချေးချွတ်နေတာမျိုးဟာ သင့်အရေပြားကို ပျက်စီးစေနိုင်လို့ နေ့တိုင်းလုပ်ဖို့မလိုအပ်ပါဘူး။ တစ်ပတ်တစ်ခါဆို လုံလောက်ပါပြီ။

    ()   မနူးကားပျားရည် Mask (Manuka honey mask)

    မနူးကားပျားရည်ဟာ  ပိုးသတ်ပေးပြီး ရောင်ရမ်းမှုတွေကို လျော့ပါးစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ Supermarket တွေမှာ Manuka honey mask ကို ဝယ်ယူနိုင်ပါတယ်။ သာမန်ရိုးရိုးပျားရည်တွေထက် အစွမ်းပိုထက်ပါ တယ်။

    မနူးကားပျားရည်ကို သစ်ဂျပိုးခေါက်နဲ့ ရောပြီး မျက်နှာပေါ် သုတ်လိမ်းခြင်းဟာ ဘတ်တီးရီးယား တွေကို သေစေနိုင်ပြီး အရေပြားကို ကျန်းမာစေနိုင်ပါတယ်။

    ()   Rose water လိမ်းပေးပါ။

    Rose water ဟာ နှင်းဆီပန်းအဆီတွေကနေ သဘာဝအတိုင်းထုတ်ယူထားတဲ့ အရည်ပါ။ တစ်နေ့ ကို နှစ်ကြိမ် (သို့) သုံးကြိမ်ပက်ဖြန်းပေးရုံနဲ့ အဆီဖုတွေကို သက်သာစေပါတယ်။ မျက်လုံးကိုတော့ မထိပါစေနဲ့နော်။

    ()   Peeling ပြုလုပ်ပါ။

    Peeling ဆိုတာ အရေပြားပေါ်ကို ပွတ်လိမ်းကာ တိုက်ချွတ်ဆေးကြောတာမျိုးပါ။ ချေးချွတ်တဲ့ ပုံစံမျိုးပါပဲ။ အရမ်းပြင်းတဲ့ Facial Peels (ထုတ်ကုန်) မျိုးတွေတော့ မသုံးသင့်ပါဘူး။ Salicylic acid နဲ့ glycolic acid ပါဝင်တာမျိုးရွေးဝယ်ပါ။

    (  ဗီတာမင် အေ ပါဝင်တဲ့ ခရင်မ် (retinoid cream) လိမ်းပေးပါ။

    ဗီတာမင်အေဟာ အရေပြားကျန်းမာဖို့အတွက် အလွန်အရေးကြီးပါတယ်။ တစ်နေ့တစ်ခါပုံမှန် လိမ်းပါ။ လိမ်းမယ်ဆိုရင်တော့ နေလောင်ခရင်မ် (sun cream) ကို မဖြစ်မနေသုံးပေးပါ။ ဗီတာမင်အေ ခရင်မ်အသုံးပြုထားသူဟာ သာမန်သူထက် ပိုမိုနေလောင်နိုင်လို့ပါ။

    ()   သင့်တော်တဲ့နေလောင်ကာခရင်မ် (Sunscreen) ရှာဖွေပါ။

    SPE 30 နဲ့ အထက်ပါတဲ့ Sunscreen ကိုသုံးပါ။ အသားအရမ်းဖြူသူဆိုရင်တော့ SPE 100 ထိပါတာ မျိုးကိုရှာဝယ်ပါ။ Sunscreen တော်တော်များများဟာ အဆီကနေ အခြေခံထုတ်လုပ်ထားတာကြောင့် စေးကပ်ပြီး အရေပြားပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့နိုင်ပါတယ်။ သဘာဝဆန်ပြီးစေးကပ်မှု သိပ်မရှိတဲ့ Sunscreen မျိုးကို‌ သေသေချာချာရှာ ဝယ်သင့်ပါတယ်။

    အဆီဖု၊ အဆီခဲတွေဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသွားတတ် ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အထက်ပါနည်းလမ်းတွေနဲ့ မပျောက်ကင်းတာမျိုး ပြန်ဖြစ်တာမျိုးတွေဖြစ်လာရင်တော့ အရေပြားဆရာဝန်နဲ့ သွားရောက်တိုင်ပင် ကုသသင့်ပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement