backup og meta

လေ့ကျင့်ခန်း လုပ်ပြီးနောက် အသားအရေ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်း လုပ်ပြီးနောက် အသားအရေ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများ

    ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ အတွက် အသားအရေထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင်၊ အပြင်မထွက်ခင်၊ ရေချိုးပြီးစတဲ့ အချိန်တွေမှာ အသားအရေ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို သင်ကြားဖူးထားမှာပါ။ သို့သော် အားကစားလေ့ကျင့်ပြီးတဲ့ အခါမှာတော့ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို သင်သတိပြုမိပါသလား။ အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးသွားတဲ့ အခါမှာ များသောအားဖြင့် ပင်ပန်းနေတတ်ပြီး သင့်အသားအရေကို ဂရုစိုက်ဖို့ရာ မေ့လျော့နေတတ်ပါတယ်။ အမှန်မှာတော့ အားကစား လေ့ကျင့်ပြီးတဲ့အခါမှာ အသားအရေကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ ရိုးရှင်းတယ်လို့ ဆိုရပေမယ့် အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ သင့်အသားအရေ ထိန်းသိမ်းခြင်းအတွက် ပို၍ အသုံးဝင်မှာဖြစ်ပါတယ်။

    သင့်ရဲ့ လက်တွေကို ဆေးကြောပါ။

    အားကစားလေ့ကျင့်နေစဉ်မှာ သင့်ရဲ့ လက်တွေဟာ လေ့ကျင့် ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အတွက်ကြောင့် ဘက်တီးရီးယား ပိုးတွေရှိနေနိုင်ပါတယ်။ ဒီပိုးတွေဟာ သင့်ရဲ့ မျက်နှာကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အားကစားလေ့ကျင့်တဲ့ အခန်းထဲက ထွက်လာပြီးတဲ့အခါမှာ လက်ကို ဆပ်ပြာနှင့် ချက်ချင်း ဆေးကြောသင့်ပါတယ်။

    မျက်နှာသစ်ခြင်း။

    သင့်ရဲ့မျက်နှာကို ညင်သာစွာ သစ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အားကစားလုပ်နေစဉ်မှာ သင့်ရဲ့ ခန္ဓါကိုယ်ကို သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ပုံမှန်ထက်စာရင် သွေးပမာဏများစွာ ပို့ပေးရပါတယ်။ ဒါကြောင့် သင့်ရဲ့ မျက်နှာအရေပြားဟာ ပိုပြီး ထိရှလွယ်ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင့်မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း သစ်မိမယ်ဆိုရင်တော့ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ ဒါ့အပြင် အစိုဓါတ် ထိန်းပေးတဲ့ ပစ္စည်းပါဝင်တဲ့ မျက်နှာသစ်ဆေးတွေကိုသာ သုံးပေးသင့်ပါတယ်။

    အဝတ်အစားလဲခြင်း။

    လေ့ကျင့်ခန်း လုပ်တဲ့အခါ သင်ဟာ ချွေးတွေအများကြီးထွက်သွားပြီး ချွေးပေါက်တွေကို ပိတ်ဆို့သွားစေနိုင်ပါတယ်။ ချွေးပေါက် ပိတ်ဆို့ခြင်းဟာ သင့်အသားအရေအတွက် မကောင်းပါဘူး။ ဒါ့အပြင် ခန္ဓါကိုယ်မှာ ဝက်ခြံတွေလည်း ထွက်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ချွေးစိုနေတဲ့ အဝတ်အစားတွေကို လဲပေးပြီး ချွေးပေါက်တွေ ပွင့်သွားအောင် လုပ်ပေးသင့်ပါတယ်။

    ရေပူနှင့် ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။

    လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့ အခါမှာ ရေပူနှင့် ရေချိုးခြင်းဟာ သင့်ကို အလွန်အမင်း သက်သောင့်သက်သာ ရှိစေပါလိမ့်မယ်။ သို့သော် ရေပူဟာဆိုရင် သင့်အရေပြားမှာမရှိမဖြစ် လိုအပ်တဲ့ သဘာဝအဆီဓါတ်တွေကို ခွာချပေးလိုက်ပြီး အသားအရေကို ခြောက်သွေ့ကာ ယားယံစေနိုင်ပါတယ်။ ဒါကြောင့် အရမ်းပူတဲ့ ရေနှင့် မချိုးသင့်ပါဘူး။ ရေချိုးပြီးတဲ့ အခါမှာလည်း သင့်ရဲ့ အရေပြားကို တဘက်အေးအေးလေးနှင့် ညင်သာစွာ သုတ်ပေးသင့်ပါတယ်။

    သင့်အသားအရေ အစိုဓါတ် ထိန်းပေးခြင်း။

    လေ့ကျင့်ခန်းလုပ်စဉ်မှာ သင်ဟာ ချွေးတွေအများကြီး ထွက်သွားတာကြောင့် သင့်အသားအရေမှာ ရေဓါတ်ဆုံးရှုံးပြီး ခန္ဓါကိုယ်က အစိုဓါတ်တွေဟာ ရေငွေ့ပျံသွားပါတယ်။ ဒီအချက်ကြောင့် သင်ဟာ အသားအရေကို ရေဓါတ်ပြန်ဖြည့်ပေးဖို့ရာ အရေးကြီးတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ သင့်ရဲ့အသားအရေကို ရေဓါတ်ပြန်ဖြည့်ပေးဖို့ရာ အကောင်းဆုံး အချိန်ကတော့ ရေချိုးပြီးသော အချိန်ပဲ ဖြစ်ပါတယ်။ သို့သော် အလှဆီအမျိုးအစားများစွာကို သုတ်လိမ်းပေးဖို့ မလိုပါဘူး။ ဒီလိုလုပ်ခြင်းဟာဆိုရင် လေ့ကျင့်ခန်း လုပ်ပြီးတဲ့ အခါမှာ သင့်အသားအရေကို ကျိန်းစပ်ပြီး ထိခိုက်လွယ်စေပါတယ်။

    သင့်အသားအရေကို ကာကွယ်ပေးခြင်း။

    သင်ဟာနေ့အချိန်မှာ အားကစားလေ့ကျင့်ပြီးလို့ အပြင်ထွက်တဲ့ အခါမှာ သင့်ရဲ့အသားအရေကို နေရောင်မှ ထိခိုက်ခြင်း မဖြစ်စေရန် နေလောင်ခံခရင်မ်လိမ်းခြင်း၊ အကျီၤလက်ရှည် ဝတ်ခြင်းနှင့် လျှာထိုး ဦးထုပ်ဆောင်းပေးခြင်း စတာတွေနှင့် ကာကွယ်ပေးသင့်ပါတယ်။ အားကစားလေ့ကျင့်ပြီးတဲ့ အခါ သင့်အသားအရေဟာ အားနည်းနေ ပါတယ်။ ဒါကြောင့် သေချာ ဂရုစိုက်ကာကွယ်ပေးဖို့အတွက် လိုအပ်ပါတယ်။

    အားကစားလေ့ကျင့်ခြင်း ကဲ့သို့ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီးတဲ့အခါ သင့်ရဲ့ အသားအရေဟာ အလွန်အားနည်းပြီး ထိခိုက်လွယ်နေပါတယ်။ ဒါကြောင့် အသားအရေပြန်လည် အားပြည့်လာဖို့အတွက် အချိန်အနည်းငယ်လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ သင့်အသားအရေကို အလွန်ပွတ်တိုက်ခြင်း သို့မဟုတ် ထိမိခိုက်မိခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အသားအရေကို အလှဆီ လိမ်းပေးခြင်းအားဖြင့် ပိုပြီးကြည့်ရကောင်းအောင် ပြုလုပ်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement