backup og meta

လေဒီ တို့ရေ … စကင်န်ကဲ (skin care) ကြမယ်လေ


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီ တို့ရေ … စကင်န်ကဲ (skin care) ကြမယ်လေ

    လေဒီ တို့ အထင်မှားနေတာ တစ်ခုက အသက် ၄၀၊ ၅၀ကျော်မှ အိုမင်းရင့်ရော်မှု က စတင်လာမယ် လို့ ထင်တတ်ကြတာပါပဲ ။ တကယ်တော့ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီ ဆိုတဲ့ အသက်ကို စွန်းလာတာ နဲ့ ရင့်ရော်မှု က တပါတည်း ပါလာစမြဲပါ။

    ရင့်ရော်မှုက အသက် ၂၅ နှစ် နောက်ပိုင်း မှာ စတင်လာပေမယ့် လက္ခဏာ ကတော့ ၃၀ ကျော်မှ သိသာလာပါတယ်။ ဒီအချိန် လူ့ခန္ဓာကိုယ် မှာ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာ ကို အရင်ဆုံး ပြလာတာက အရေပြားပါ။

    အသားအရေမှာ ရင့်ရော်လာစေတာ က အသက်အရွယ် ကြောင့် ဖြစ်နိုင်သလို အရွယ်မတိုင်မီ ရင့်ရော်စေတဲ့ တခြားအကြောင်းရင်းတွေ လည်း ရှိပါတယ်

    (ဥပမာ – စိတ်ဖိစီးမှု ၊ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ အအေးဒဏ် ၊ နေပူဒဏ် စတဲ့ ပတ်ဝန်းကျင် အကြောင်းရင်းတွေ ၊ အစားအသောက် နဲ့ ကိုယ်အလေးချိန်) ။

    ပြောရရင် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လေဒီ တို့ရဲ့ လှပတဲ့ အသားအရေ ဟာ ၂၅ နှစ် ကျော်လာတာ နဲ့ မသိမသာ ရင့်ရော်လာတယ် ဆိုတာ အမှန်ပါပဲ ။ မယုံရင် ဓါတ်ပုံ အဟောင်းလေးတွေ နဲ့ အခု ရိုက်ထားတဲ့ ဆယ်လ်ဖီလေး တွေ ယှဉ်ကြည့်ပေါ့ နော်။

    ရင့်ရော်မှု သိသာတဲ့အဆင့် မရောက်ခင် လေဒီ တို့ အသားအရေ ကို ဘယ်လို ထိန်းသိမ်းကြမလဲ

    အသားအရေ ထိန်းသိမ်းသူ တွေ ဟာ နုပျို တင်းရင်း တဲ့ အလှတရား ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး အသက် ၅၀ ကျော်ရင်တောင် အသက်မှန်းရခက်လောက်အောင် အရွယ်တင် တတ်ကြပါတယ်။

    အဲလိုဖြစ်ချင်ရင် အခု ပြောပြပေးမယ့် အချက်လေး တွေကို ဂရုစိုက် ဖတ်ကြည့်ပေးနော်။

    နေလောင်ဒဏ် ကို ကာကွယ်ပါ

    နေလောင်ခြင်း ကို ကာကွယ်ပေးတာက အသားအရေ ထိန်းသိမ်းမှု နဲ့ အရွယ်တင် နုပျိုစေဖို့ အတွက် အခြေခံ အချက် ပါပဲ ။ နေရောင်ခြည်က ပျိုမဒီတို့ရဲ့ အသားအရေ ကို ပိုပြီး မြန်မြန် ရင့်ရော်စေပါတယ်။

    ဒါ့ကြောင့် နေရောင်ခြည် နဲ့ ခရမ်းလွန် UV rays တို့ ဒဏ်က ကာကွယ်နိုင်ဖို့ နေအပြင်းဆုံး အချိန် ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီ အတွင်း အမိုးအကာ အောက်မှာ နေပါ။

    သွားစရာ ရှိရင် ထီး အမြဲယူသွားဖို့ မမေ့ပါနဲ့။

    အပြင်သွားရင် sunscreen နေ့တိုင်း လိမ်းပါ

    ကိုယ့်အသားအရေ ကို ကာကွယ်နိုင်ဖို့ နေရောင် နဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အရေပြား အစိတ်အပိုင်း မှန်သမျှကို sunscreen လိမ်းပါ ။ SPF ပါဝင်မှု 30 ထက် များတဲ့ sunscreen ကို ရွေးချယ်ပါ။

    moisturizer သုံးဖို့မမေ့ပါနဲ့

    အသက်ကြီးလာတာ နဲ့ အမျှ အသားအရေ က ပို ခြောက်သွေ့ လာပါတယ်။ အရေးအကြောင်းတွေ လည်း ပေါ်လာပါတယ် ။ moisturizer က အရေပြားထဲမှာ ရေဓာတ်ကို ထိန်းပေးထားလို့ အသားအရေကို စိုပြေစေပြီး နုပျိုတဲ့ အသွင်ကို ဆောင်စေပါတယ်။

    မျက်နှာ ကို တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးပါ

    မျက်နှာသစ်တဲ့ အခါ မှာလည်း သစ်ပုံသစ်နည်း က တော်တော် စကားပြောပါတယ် ။ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး သုံးပါ။ မျက်နှာကို အရမ်း ပွတ်တိုက်ပြီး မသစ်မိအောင် သတိထားပါ။

    လေဒီ တို့ရဲ့ နုပျိုတဲ့ အလှတရားကို အမြဲ ထိန်းသိမ်းထားချင်တယ်ဆို စကင်န်တော့ ကဲ ပေးပါလို့…

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement