သံပရာရည်က သဘာဝအက်ဆစ်တစ်မျိုးပါ။ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် သံပရာရည်သောက်သုံးမှုက အသားအရေကို ကြည်လင်စေမယ်ဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒါဆိုအသားအရေပေါ်ကို တိုက်ရိုက်သုံးရင်ရော ပိုကောင်းမသွားဘူးလားလို့မေးစရာရှိနေနိုင်ပါတယ်။ သုံးလို့မရဘူးလားဆိုတော့ သုံးလို့ရပါတယ်။
သံပရာရည်ကို အသားအရေအတွက် အသုံးပြုပေးမယ်ဆိုရင် အရေပြားအပေါ်ယံလွှာက ဆဲလ်သေတွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်မှာပါ။ အရေပြားရောင်ရမ်းတာကို သက်သာစေပြီး အဆီပိုတွေကို ဖယ်ရှားပေးနိုင်လို့ အဆီဖုနဲ့ဝက်ခြံတွေကင်းစေမှာလည်း အသေအချာပါပဲ။ ဆားဝက်ခြံရှိသူတွေအတွက်လည်း အသုံးတည့်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပေါ့။
အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံအမာရွတ်တွေကိုလည်းလျော့ပါးစေနိုင်ပါတယ်။ အရေပြားမှာ မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ သံပရာရည်မှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့်ကော်လာဂျင်တွေပျက်စီးမှုကို ကာကွယ်ပေးပြီး အသားအရေကို ချောမွေ့တင်းရင်းစေမှာပါ။ အရေးအကြောင်းတွေ၊ အသက်အရွယ်ရလာလို့ ဖြစ်လာတဲ့ အစက်အပြောက်တွေကို သိသိသာသာသက်သာစေနိုင်မှာပါ။ အသားအရေကို ကြည်လင်စေနိုင်ပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
သံပရာရည်ကို အရေပြားမှာ တိုက်ရိုက်သုံးလိုက်ရုံပဲလား……..
အပေါ်မှာပြောခဲ့သလိုပါပဲ။ သံပရာရည်က သဘာဝအက်ဆစ်တစ်မျိုးပါ။ ဒါကြောင့် အသားအရေအတွက်ကောင်းကျိုးပြုတာမှန်ပေမယ့်သေချာအသုံးပြုတတ်ဖို့လည်း လိုအပ်မှာပါ။ ဒါကြောင့် အသားအရေကြည်လင်ချင်တယ်၊ ဝက်ခြံပျောက်ချင်တယ်ဆိုပြီး သံပရာရည်ကို မျက်နှာအသားအရေပေါ်မှာ တိုက်ရိုက်အသုံးပြုတာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုလုပ်ဆောင်တာက ထိခိုက်တုံ့ပြန်လွယ်တဲ့ အသားအရေတွေမှာဆိုရင် ထိခိုက်နိုင်ခြေကပိုများနေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။