backup og meta

မျက်နှာအသားအရေဖြူစင်လှပမှုအတွက် ဘာတွေသိထားကြသလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာအသားအရေဖြူစင်လှပမှုအတွက် သင်သိထားတဲ့အချက်တွေကိုဖြေဆိုပြီး L’Oreal ရဲ့ White Perfect Set ကို လက်ဆောင်အဖြစ်ရယူကြရအောင်။အောက်ကမေးခွန်းလေးတွေကိုဖြေကြည့်ပါ။ အဖြေမှန်အများဆုံး (၃)ဦးကို L’Oreal ရဲ့ White Perfect Set တစ်ခုစီ လက်ဆောင်ပေးမှာဖြစ်ပါတယ်။ White Perfect Set တစ်ခုမှာဆိုရင် Facial Foam, Toner, Scrub, Day Cream and Night Cream ငါးမျိုးလုံးပါဝင်မှာဖြစ်တဲ့အတွက် အသားရေဖြူဝင်းလှပဖို့အတွက် အစအဆုံးပါဝင်ပြီးသားဖြစ်ပါတယ်။ အဖြေမှန်သူ သုံးဦးထက်ပိုပြီးများနေတယ်ဆိုရင်တော့ မဲနှိုက်ပြီးတော့ရွေးချယ်ပေးမှာဖြစ်ပါတယ်။

    အသားဖြူရင် လှတယ်လို့ အများစုလက်ခံထားကြတဲ့ အာရှမှာတော့ အသားအရေလှပချင်တဲ့သူတွေချည်းပါပဲ။ အသားမဖြူရင်တောင် အသားအရေကြည်လင်ပြီး စိုပြေဝင်းလက်တဲ့အနေအထားရှိရင် အပေါ်ယံ မိတ်ကပ် အပြင်အဆင်မပါလည်း လှနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အသားဖြူချင်၊ အသားအရေလှပချင်တဲ့ ပျိုမဒီလေးတွေက အသားအရေထိန်းသိမ်းမှုတွေလုပ်ကြတာပေါ့။ ဒါပေမယ့် မျက်နှာအသားအရေဆိုတာ နူးညံ့လွန်းပြီး ထိခိုက်လွယ်တာကြောင့် တစ်ချက်အရွေးမှားတာနဲ့ အသားအရေပျက်စီးနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် အသားဖြူဖို့၊ အသားလှဖို့ လုပ်မိနေတဲ့နည်းလမ်းတွေ အရွေးမမှားဖို့အရေးကြီးပါတယ်။ “မျက်နှာအသားအရေစိုပြေဝင်းလက်စေမယ့်နည်းလမ်း ၁၀ ခု” ဆောင်းပါးမှာတုန်းက ဖော်ပြခဲ့ဖူးသလိုပဲ မျက်နှာဖြူဝင်းလှပမှုအတွက် ပျိုမဒီတို့ ဘာတွေသိထားပြီလဲဆိုတာ အောက်မှာဖြေကြည့်ကြပါနော်။

    ၁) အသားအရမ်းညိုသူတွေ ချက်ချင်းအသားဖြူအောင်လုပ်ဖို့ လွယ်ပါတယ်

    မှန်

    မှား

    အဖြေ – မှားပါတယ်။ မလွယ်ပါဘူး။ အသားအရောင် skin toneတွေက အဆင့်ဆင့်ရှိတာကြောင့် အသားအညိုဆုံးအဆင့်ကနေ အဖြူဆုံးအဆင့်အထိ ချက်ချင်းရောက်ဖို့မလွယ်ပါဘူး။ အသားညိုသူတွေအသားဖြူဖို့က စိတ်ချရတဲ့အသားအရေထိန်းသိမ်းမှုပစ္စည်းတွေသုံးပြီး နည်းလမ်းမှန်နဲ့အသားအရေကိုထိန်းသိမ်းရင်း အချိန်တစ်ခုအထိစောင့်ရပါတယ်။

    ၂) Day Cream ရွေးချယ်တဲ့အခါ ______ ပါဝင်မှုကို ဦးစားပေးရွေးကြတယ်

    Collagen

    ဗီတာမင် E

    – SPF

    – antioxidant

    အဖြေ – Day Cream သုံးတဲ့ အခါမှာလဲ ဖြစ်နိုင်ရင် နေရောင်ခြည် ဒဏ် ကာကွယ်ဖို့ အတွက် SPF, PA ပါတဲ့ Day Cream ကို ရွေးချယ် အသုံးပြုသင့် ပါတယ်။ ဥပမာ – L’Oreal Paris ရဲ့ White Perfect Day Cream မှာ ဆိုရင် SPF 17 PA++ ပါဝင်လို့ နေရောင်ခြည်ဒဏ် ကာကွယ်ရုံမက ရေဓါတ် ချက်ချင်း ရကာ အသားအရေ ဖြူဝင်း ကြည်လင်စေပါတယ်။

    ၃) Toner ကို လက်နဲ့သုံးတာ မှန်သလား

    မှန်

    – မှား

    အဖြေ – မှားပါတယ်။ လက်နဲ့သုံးလို့ မရတာတော့မဟုတ်ပေမယ့် cotton pad ကို သုံးခြင်းဖြင့် အသားအရေ အတွင်းထိ သေချာစိမ့်ဝင်နိုင်ပြီး အညစ်အကြေး အကြွင်းအကျန် များကိုလဲ သေချာ သန့်စင်ပေးနိုင်ပါတယ်။ နည်းမှန် လမ်းမှန်ကတော့ Cotton Pad ကိုသုံးပြီး မျက်လုံး တဝိုက်ကို ရှောင်ပြီး မျက်နှာတပြင်လုံး နှံ့စပ်အောင် လိမ်းသင့်ပါတယ်။

    ၄) ဆဲလ်သေဖယ်ရှားခြင်း (Exfoliation) ကို ဘယ်နှကြိမ်လုပ်သင့်သလဲ

    – တစ်နေ့ တစ်ကြိမ်

    – တစ်ပတ် တစ်ကြိမ်

    – တစ်လ တစ်ကြိမ်

    – နှစ်လ တစ်ကြိမ်

    အဖြေ -တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် Exfoliateလုပ်ပေးသင့်ပါတယ်။Deep Cleansing လုပ်ဖို့ Scrub သို့ Deep Cleansing Foam မျိုး သုံးပြီး သန့်စင်ခြင်းဖြင့် မျက်နှာပေါ်ရှိ ဆဲလ် အဟောင်းတွေ ဖယ်ပြီး ဆဲလ် အသစ်များ ဖြစ်စေလို့ ပိုချောမွေ့တဲ့ အသားအရေကို ရရှိစေပါတယ်။

    ၅) မျက်နှာခဏခဏသစ်တာ အသားဖြူဖို့အတွက် အထောက်အကူပြုတယ်။

    မှန်

    မှား

    အဖြေ – မှား။ တစ်နေ့နှစ်ကြိမ်(မနက်+ည) မျက်နှာသစ်ရင်လုံလောက်ပါပြီ။ မကြာခဏ မျက်နှာသစ်နေတာတော့မလုပ်သင့်ပါဘူး။ တချို့လူတွေက ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။ မကြာခဏရေချိုး၊ချေးတွန်းပွတ်တိုက်လွန်းတာ၊သန့်စင်တာ၊ မျက်နှာခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေလုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့အသားအရေရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ်ပြာတွေမကြာခဏထိတွေ့ရလွန်းတာတွေ မဖြစ်သင့်ပါဘူး။cleanser သုံးတာများလွန်းရင် အသားအရေပျက်စီးနိုင်ပါတယ်။

    ၆) ရေချိုးဆပ်ပြာများများသုံးရင် အသားဖြူလာနိုင်လား

    မှန်

    မှား

    အဖြေ – မှားပါတယ်။ ရေကိုကြာကြာချိုးရင်၊ ရေချိုးဆပ်ပြာများများသုံးရင်၊ ဒါမှမဟုတ် ရေချိုးတဲ့အခါ ဆပ်ပြာသုံးလေးကြိမ်တိုက်ရင် အသားပိုဖြူလာမယ်လို့တချို့ကထင်ကြပါတယ်။ ဒါပေမယ့် ရေချိုးဆပ်ပြာသုံးတာ လွန်ကဲသွားရင် အသားမလှတဲ့အပြင် အရေပြားမှာရှိတဲ့သဘာဝအဆီတွေပါဖယ်ရှားခံရပြီး အသားခြောက်သွေ့ကြမ်းတမ်းလာစေနိုင်ပါတယ်။

    ၇) Bleaching လုပ်ရင် အသားဖြူတယ်လို့ပြောတယ်။ Bleaching လုပ်တာကောင်းပါသလား။

    မှန်

    မှား

    အဖြေ – ဓါတုနည်းနဲ့ Bleaching လုပ်တာ မကောင်းပါဘူး။ အသားဖြူစေတဲ့ Bleaching ခရင်မ်တွေမှာပြဒါးဓါတ်ပါဝင်တာကြောင့် သုံးတာများလာရင်ပြဒါးအဆိပ်သင့်စေနိုင်ပြီး အရေပြားပါးလာခြင်း၊အသားအရောင် မညီတော့ခြင်း၊အရေပြားနီရဲရောင်ရမ်းခြင်းကနေ အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။

    ၈) Micellar Water သုံးရင် ရေနဲ့ မဖြစ်မနေ မျက်နှာသစ်ဖို့လိုအပ်တယ်။

    မှန်

    – မှား

    အဖြေ – ရေနဲ့မျက်နှာသစ်ဖို့ မဖြစ်မနေ မလိုအပ်ပါဘူး။ Micellar Water က မျက်နှာ၊ နှုတ်ခမ်း၊ မျက်လုံးတဝိုက်က မိတ်ကပ်အားလုံးကို ရေမလိုဘဲ၊ ပွတ်ဆွဲစရာမလိုဘဲ အလွယ်တကူဖျက်ပေးနိုင်ပါတယ်။ Double cleansing လုပ်ချင်ရင်တော့ Micellar Water သုံးပြီးမှ သင့်တော်ရာမျက်နှာသစ်ဆေးနဲ့ ထပ်သစ်နိုင်ပါတယ်။

    ၉) L’Oreal Paris White Perfect Night Cream မှာ ပါတဲ့ Melanin Vanish ရဲ့အာနိသင်ကဘာလဲ

    – အသားဖြူစေတယ်

    – ရေဓါတ်ဖြည့်ပေးတယ်

    – အစက်အပျောက်တွေပါးစေတယ်

    – နေလောင်ဒဏ်ကိုကာကွယ်တယ်

    အဖြေ – L’Oreal Paris ကထုတ်တဲ့ White Perfect Night Cream ဟာ Melanin Vanishပါဝင်မှုကြောင့် ၄ ပတ်အကြာမှာ မျက်နှာပေါ်ကအစက်အပျောက်တွေပါးသွားစေနိုင်ပါတယ်။

    ၁၀) မျက်နှာသစ်ပြီးရင် ဘာကိုအရင်ဆုံးသုံးသင့်သလဲ

    day / night cream

    – toner

    – serum

    – moisturizer

    အဖြေ – Toner ဖြစ်ပါတယ်။ မျက်နှာသစ်ပြီးရင် toner အရင်ဆုံးသုံးပြီးမှ serum နဲ့ moisturizer သုံးရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement