backup og meta

မျက်နှာအရေပြားပင့်တင်ခြင်းများ၏အနာဂတ်


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာအရေပြားပင့်တင်ခြင်းများ၏အနာဂတ်

    အရေပြားလျော့ရဲတွဲကျခြင်းဟာ အိုမင်းလာခြင်းရဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမယ့် ဒါကို မျက်နှာပင့်တင်ခြင်းနည်းများဖြင့် ပြုပြင်နိုင်ပါတယ်။

    Thread lift ဟုခေါ်သော မျက်နှာပင့်တင်ခြင်းနည်းဟာ ‘မျက်နှာပင့်တင်ခြင်းနည်းတွေရဲ့ အနာဂတ်’ လို့ခေါ်ရလောက်အောင်ထိ တစ်နေ့တခြားနာမည်ကြီးလာသော နည်းတစ်နည်းဖြစ်ပါတယ်။

    ထိုနည်းနဲ့ပတ်သတ်လို့ ဘာကြောင့်နာမည်ကြီးခေတ်စားလာရသလဲ သိရဖို့ လေ့လာကြည့်လိုက်ရအောင်။

    Thread lift ဆိုတာဘာလဲ

    အသက်အရွယ်အိုမင်းခြင်းကြောင့် အရေပြားလျော့ရဲခြင်းအတွက် ခွဲစိတ်စရာမလိုတဲ့ မျက်နှာပင့်တင်ပေးသောနည်းတစ်မျိုးဖြစ်တယ်။ ကုသလိုတဲ့ အရေပြားအောက်မှာ တွယ်အပ်များထည့်ပေးခြင်းဖြင့် ကုသသောနည်းဖြစ်ပါတယ်။

    ခွဲစရာ၊စိတ်စရာမလိုဘဲ အပ်လေးထိုးရုံနဲ့ပြီးသွားတဲ့ နည်းတစ်နည်းပါ။ အရေပြားထဲကို ထိုးအပ်နဲ့ထည့်လိုက်တဲ့ တွယ်အပ်ငယ်လေးတွေက တွဲကျနေတဲ့ တစ်သျှူးများကို ထိန်းပေးပါလိမ့်မယ်။ ထိုနည်းဟာ အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းများလျော့ပါးသွားစေနိုင်ပါတယ်။

    နှစ်နည်းရှိပါတယ်။ သုံးတဲ့တွယ်အပ်ပေါ်မူတည်ပြီး ခွဲခြားတယ်- ပျော်ဝင်သောတွယ်အပ်နဲ့၊ မပျော်ဝင်သောတွယ်အပ်တို့ဖြစ်တယ်။ ကုသမှုပြီးလျှင် ရလဒ်က ၂ နှစ်ခန့်ခံပါတယ်။

    ဥရောပ၊ အမေရိက၊ အာရှတခွင်မှာ ထိုနည်းကို အောင်မြင်စွာအသုံးပြုလျက်ရှိတယ်။

    ဘာကြောင့်နာမည်ကြီးရသလဲ

    ပုံမှန်မျက်နှာပင့်တင်ခြင်းနည်းများနှင့် ယှဉ်ကြည့်ပါက အကျိုးကျေးဇူးများတွေ့ရမည်ဖြစ်တယ်။ ခွဲစိတ်ကုသမှုလောက် ရလဒ်မရပေမယ့် လျစ်လျူရှုမပစ်နိုင်စရာ ကိုယ်ပိုင်ကောင်းကျိုးရှိနေပါတယ်။

    တခြားသောခွဲစိတ်မှုနည်းတွေထက် ပိုအန္တရာယ်နည်းပြီး ပိုသက်တောင့်သက်သာရှိပါတယ်။ ကုသမှုမှာ ဖြတ်ခြင်း၊ ရှခြင်း မရှိတဲ့အတွက် အပြီးမှာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းလည်း မကျန်ခဲ့ပါဘူး။ ပိုသက်တောင့်သက်သာဖြစ်စေဖို့ ထုံဆေးတော့သုံးကောင်းသုံးနိုင်ပါတယ်။

    အရာသေးသေးလေးတွေကျန်ခဲ့နိုင်တဲ့ ဆေးထိုးခြင်းတော့ လိုပါတယ်။ ဒါပေမယ့် ထိုအရာတွေက ဆံပင်တွေ၊ နားတွေနောက်မှာတင်ပျောက်သွားမှာပါ။ ဒါကြောင့် သိသာတဲ့ အမာရွတ်တွေ ကျန်ခဲ့နိုင်တဲ့ ပုံမှန်မျက်နှာပင့်တင်ခွဲစိတ်ခြင်းနည်းနဲ့ မတူပိုသာပါတယ်။

    ပြန်ကောင်းဖို့အချိန်ကြာကြာလည်းမလိုပါဘူး။ တစ်ပတ်အတွင်းမှာတင် ပုံမှန်နေ့စဉ်လှုပ်ရှားမှုအတိုင်း ပြန်လုပ်လို့ရပါပြီ။

    ထို Thread lift နည်းဖြင့် နာကျင်မှုမရှိ၊ ခွဲစိတ်မှုရဲ့နောက်ဆက်တွဲပြဿနာတွေကို စိုးရိမ်စရာမလိုဘဲ ရိုးရှင်း ဘေးကင်း အာနိသင်ရှိသော အရေပြားပြုပြင်ခြင်းတစ်ခုရရှိနိုင်ပါတယ်။ နောက်ထပ်လုပ်မယ့် မျက်နှာပြုပြင်ခြင်းတွေကိုလည်း ထိခိုက်မှာမဟုတ်တာြေဲကာင့် ပူစရာမလိုပါဘူး။

    သဘာဝအတိုင်း တောက်ပနုပျိုသော အသားအရေကိုပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ ခွဲစိတ်ပင့်တင်ခြင်းကတော့ မူလသွင်ပြင်နဲ့လုံးဝကွာခြားပြီး တမူထူးခြားသွားမယ့်အသွင်အပြင်ကိုဖြစ်စေပါလိမ့်မယ်။

    ခွဲစိတ်မှုအစား Thread lift ကိုရွေးချယ်ခြင်းက သင့်ကိုကောင်းကျိုးအများအပြားပေးနိုင်ပါလိမ့်မယ်။ ပိုတိကျတဲ့အချက်အလက်တွေနဲ့ အကောင်းဆုံးဆုံးဖြတ်ချက်အတွက်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement