backup og meta

ဓါတုနည်းဖြင့်အရေပြားခွာခြင်းအကြောင်းသိကောင်းစရာ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓါတုနည်းဖြင့်အရေပြားခွာခြင်းအကြောင်းသိကောင်းစရာ

    အသက်ကြီးလာတာနဲ့အမျှ အိုမင်းခြင်းလက္ခဏာတွေ မျက်နှာမှာစသတိပြုလာပါပြီ။ မျက်လုံးတဝိုက် ၊ နှဖူးနဲ့ ပါးစပ်တဝိုက်မှာ အရေးအကြောင်းတွေဖြစ်နိုင်ပါတယ။် အရင်ကလို အသားအရေ နူးညံ့မနေတော့တာလည်း သတိထားမိမှာပေါ့။

    ဒါမှမဟုတ် သင်က ငယ်ရွယ်နေရင်တောင်မှ ဝက်ခြံတွေရှိနေတာ၊ အသားအရေမညီညာတာ စတဲံ့ ပြဿနာတွေရှိနေနိုင်ပါတယ်။ မပူပါနဲ့၊ အရေပြားခွာခြင်းနည်းတစ်မျိုးက သင့်အသားအရေပြဿနာတွေကို ပြုပြင်ထိန်းညှိပေးဖို့ ကူညီပေးနိုင်မှာပါ။

    ဒါလေးတွေကတော့ သိထားသင့်တဲ့အချက်လေးတွေပေါ့-

    ထိုဓါတုနည်းဖြင့် အရေပြားခွာခြင်းဆိုတာ ဓါတုဆေးရည်တစ်မျိုးကို အရေပြားမှာသုတ်လိမ်းကာ အရေပြားအပေါ်ဆုံးအလွှာခွာချဖယ်ပစ်ခြင်းဖြစ်တယ်။ ကော်လဂျင်များထွက်အောင်လှုံ့ဆော်ပြီး အရေပြားအလွှာအသစ်ဖြစ်လာစေပါတယ်။ မျက်နှာတင်မကဘဲ လည်ပင်း၊ လက် စသည်ဖြင့် တခြားခန္ဓါကိုယ်အစိတ်အပိုင်းများမှာလည်း သုံးနိုင်တယ။်

    သင်ဟာထိုနည်းလမ်းအတွက်သင့်လျောပါရဲ့လား

    လူတိုင်းနဲ့အဆင်ပြေတဲ့နည်းတော့မဟုတ်ပါဘူး။ ဒါတွေကိုလိုချင်ရင်တော့ အရေပြားခွာနည်းသုံးဖို့ စဉ်းစားကြည့်နိုင်ပါတယ် –

    · မျက်လုံး၊ ပါးစပ်တဝိုက်၊ နှဖူးတို့မှ အရေးအကြောင်းတို့ကိုဖျောက်ချင်ရင်

    · နေလောင်ခြင်း၊ အသက်အရွယ်ကြီးခြင်းကြောင့် ဖြစ်လာသော အရေးအကြောင်းတွေကိုဖျောက်ချင်ရင်

    · အမာရွတ်ငယ်တွေပိုမိုသက်သာချင်ရင်

    · ဆားဝက်ခြံတွေသက်သာချင်ရင်

    · အသက်ကြီးခြင်းကြောင့်ပေါ်လာသော အစက်အပြောက်များ၊ အမည်းကွက် အမည်းစက်များကိုဖျောက်လိုရင်

    · အသားအရေအခြေအနေကောင်းချင်ရင်

    တကယ်လို့အသားရောင်ညိုမည်းရင်၊ ဝက်ခြံတွေဆိုးရင်၊ အနာရှိရင် သို့မဟုတ် ထိခိုက်လွယ်သောအသားအရေဖြစ်ရင် ထိုနည်းလမ်းကိုအားမပေးပါဘူး။ ထိုအရေပြားခွာခြင်းဟာ အသားရောင်ရင့်သူတွေမှာ အရောင်ဖျော့ခြင်း ပြဿနာတစ်ခုဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်နေလျှင်လည်း မလုပ်သင့်ပါဘူး။ ပိုမိုတိကျသောအချက်အလက်များအတွက် အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်သင့်ပါတယ်။

    ဘာတွေသိထားသင့်သလဲ

    အရေပြားမခွာမီ တကယ်လို့

    · isotretinoin (Acnotinâ or Isotinaâ) or tretinoin cream (Retin Aâ or Locacidâ) စသည်ဖြင့် ဆေးတစ်မျိုးမျိုးသောက်နေပါက

    · ရေယုန်များမကြာခဏပေါက်တတ်ပါက

    · အရောင်ကျဆေး၊ သွေးကျဲဆေးများမှီဝဲနေရပါက

    · အရေပြားထိခိုက်မခံစေသောအခြေအနေ၊ ဥပမာ- နှင်းခူ၊ အရေပြားရောင်တတ်ခြင်း စသည့် အခြေအနေများရှိပါက

    · ကိုယ်ဝန်ရှိပါက သို့မဟုတ် သန္ဓြေတားဆေးသောက်နေပါက ဆရာဝန်ကိုပြောပြပါ။

    အရေပြားခွာရန်အတွက် သင့်အရေပြားကို စစ်ဆေးမှုတွေလုပ်ရပါမယ်။

    အသုံးပြုသောဓါတုပစ္စည်းအမျိုးမျိုးရှိပြီး အသင့်အတော်ဆုံးကို ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

    နောက်ဆက်တွဲပြဿနာများ

    နောက်ဆက်တွဲပြဿနာတချို့တော့ရှိပါတယ်။ ဒါတွေကတော့-

    · နီရဲခြင်း – အသားအရေနီရဲတတ်ပါတယ်။ လအနည်းငယ်ကြာနိုင်ပြီး ပုံမှန်ထက်ပိုကြာနေပါက ဆရာဝန်ကိုချက်ခြင်းပြောပြသင့်ပါတယ်။

    · အမာရွတ်ကျန်ခြင်း – အမာရွတ်ကျန်ခဲပေမယ့် သင့်အသားအရေက အမာရွတ်အလွယ်တကူဖြစ်တတ်ပါက ပဋိဇီဝဆေး သို့မဟုတ် စတီးရွိုက်တစ်မျိုး ပေးပါလိမ့်မယ်။

    · ရောဂါပိုးဝင်ခြင်း – တချို့အခါတွေမှာ အရေပြားခွာခြင်းဟာ HSV ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်သော ရေယုန်များပေါက်စေနိုင်ပါတယ်။ တခြားသော ဘတ်တီးရီးယား သို့ မှိုစွဲခြင်းရောဂါများလည်း ရစေနိုင်ပါတယ်။

    · အသားအရေအရောင်ပြောင်းခြင်း – အသားအရေအရောင်ရင့်သွားခြင်း သို့ ဖျော့သွားခြင်းများ ဖြစ်စေနိုင်တယ်။ ထိုဖြစ်ရပ်ဟာ အသားညိုသူ၊ မည်းသူတွေမှာ ပိုအဖြစ်များပါတယ်။

    · နှလုံး၊ ကျောက်ကပ်၊ အသည်းထိခိုက်ခြင်း – carbolic acid (phenol) သုံးရသော အရေပြားခွာခြင်းတွေမှာဆိုရင် နှလုံးခုန်မမှန်ခြင်း၊ ကျောက်ကပ်၊ အသည်းများ ထိခိုက်စေခြင်းများ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကိုကာကွယ်ဖို့ ၁၀ မိနစ်၊ မိနစ် ၂၀ အတွင်းမှာ အပြီးလုပ်လေ့ရှိပါတယ်။

    အရေပြားအသစ်ပြည့်ဝစွာ ဖြစ်မလာသေးသ၍ နေရောင်တိုက်ရိုက်ထိခြင်းကိုရှောင်သင့်တယ်။ ကုသမှုအပြီးမှာ သင့်အသားအရေကို စောင့်ရှောက်ဖို့ လိုက်နာသင့်သည့်အချက်များကို သေချာလိုက်နာသင့်ပါတယ်။ ဒါတွေဟာ ပြန်ကောင်းမှုကို အထောက်အပံ့ပေးသလို နောက်ဆက်တွဲပြဿနာတွေကိုလည်း ကန့်သတ်လျှော့ချပေးပါလိမ့်မယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement