brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) ကဘာလဲ။

seborrheic dermatitis ဆိုတာ အရေပြားခြောက်သွေ့စေပြီး ကွာကျစေတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ Seborrheic dermatitis က အရေပြားနီခြင်းနှင့် exfoliative skin တွေဖြစ်စေနိုင်ပါတယ်။ ဒီရောဂါက အဆီများတဲ့ အရေပြား အထူးသဖြင့် မျက်နှာ၊ ရင်ဘတ် နှင့် ကျောဘက်တွေမှာ ဖြစ်စေနိုင်ပါတယ်။

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး)

သို့သော် ဒီရောဂါက ထူပြီး ခြောက်သွေ့တဲ့ အရေပြားတွေမှာ လည်းဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ ဒီအရေပြားရောဂါကို ကျွဲအရေပြားရောဂါလို့ခေါ်ပါတယ်။ ဒီရောဂါက မကူးစက်နိုင်ပါဘူး ပြီးတော့ သင့်ရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်ပါဘူး

သို့သော် သင့်ရဲ့ ပုံပန်းသဏ္ဍန်ကို ထိခိုက်နိုင်ပြီး သင့်ကို နေရခက်စေနိုင်ပါတယ်။ Seborrheic dermatitis က နာတာရှည် ဖြစ်နိုင်ပြီး အကြိမ်ကြိမ် ကုသမှုတွေ ခံယူရနိုင်ပါတယ်။

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ

Seborrheic dermatitis က အဖြစ်နည်းတဲ့ ရောဂါ ဖြစ်ပါတယ်။ လူနိုင်းမှာ ဖြစ်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ရောဂါသည်တွေ သို့ ကိုယ်ခံအားအကောင်းတဲ့ လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်ခန္ဒါအစိတ်အပိုင်း တော်တော်များများမှာ ဒီအရေပြားရောဂါဖြစ်နိုင်သော်လည်း ဦးရေပြား၊ မျက်ခွံ၊ မျက်ခုံး၊ နှင့် နှာခေါင်းဘေးတွေမှာ အဖြစ်များပါတယ်။ ရင်ဘတ်အပေါ်ပိုင်း၊ ကျောကုန်း နှင့် တခြားအဆီများတဲ့ ခန္ဒါနေရာတွေ ဖြစ်တဲ့ ပေါင်ခြံ၊ ချိုင်းတွေမှာ အဖြစ်များပါတယ်။

ရောဂါလက္ခဏာတွေကတော့ ဗောက်ထခြင်း၊ diaper rash၊ အရေပြားခြောက်ခြင်း၊ အဆီများတဲ့ အကြေးခွံများ၊ အနည်းငယ် ယားယံခြင်း၊ skin rash (အထူးသဖြင့် နားနောက်ဘက်)နှင့် အရေပြားနီခြင်း (နှာခေါင်ူဘေး နှင့် နှဖူးအလယ်တို့မှာ) တို့ဖြစ်တတ်ပါတယ်။

Seborrheic dermatitis က ခန္ဒါကိုယ်နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီရောဂါက အရေပြားနေရာတွေ အထူးသဖြင့် ဦးရေပြား၊ မျက်ခုံးများ၊ မျက်ရစ်များ၊ နှာခေါင်း၊ နှုတ်ခမ်း၊ နားအနောက်ဘက်၊ အပြင်နား နှင့် ရင်ဘတ်တစ်ပြင်လုံးမှာ ဖြစ်နိုင်ပါတယ်။

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

  • အရေပြားအနာများ
  • နေရာတော်တော်များများမှာ အဖတ်တွေ ပေါ်လာခြင်း
  • အဆီပြန်တဲ့ အရေပြား နှင့် အဆီပြန်ခြင်း
  • အဖြူရောင် သို့ အဝါရောင် ခွာလို့လွယ်တဲ့ အရေးပြားဖတ်တွေ ပေါ်လာခြင်း
  • ယားခြင်း
  • အရေပြားနီခြင်း
  • အမွှေးကျွတ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • နေရာခက်ပြီး ညဘက်အိပ်မပြောနိုင် အလုပ်တွေ မလုပ်နိုင် ဖြစ်ခြင်း
  • စိတ်ရှုပ်ထွေးပြီး ရောဂါအတွက် စိတ်ပူပန်သောက ရောက်ခြင်း
  • အရေပြားရောဂါပိုးဝင်နေတယ်ဟု သံသယ ဝင်ခြင်း
  • အိမ်မှာ ကိုယ်တိုင် ကုသနေသော်လည်း သက်သာခြင်း မရှိလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေတဲ့ အရာကို သေချာ မသိရှိရသော်လည်း ဒီရောဂါက အောက်ပါအချက်တွေ နဲ့ ဆက်နွယ်နေနိုင်ပါတယ်။

  • ကိုယ်ခံအားစနစ် အားနည်းနေခြင်း
  • လုံလောက်တဲ့ အာဟာရ မရရှိခြင်း
  • ဦးနှောက်နှင့် အာရုံကြောပြသနာများ
  • Malassezia လို့ခေါ်တဲ့ မှိုတစ်မျိုး အရေပြား အဆီမှ ရှိနေခြင်း
  • Psoriasis ကြောင့် အရေပြား ရောင်ခြင်း
  • ရာသီဥတုအလိုက်ဖြစ်ပေါ်ခြင်း။ ဒီရောဂါက နွေဦးပိုင်းနှင့် ဆောင်းတွင်းတွေမှာ ပိုဆိုးတတ်ပါတယ်။
  • ကလေးတွေမှာ ဖြစ်တဲ့ ကျွဲအရေပြားကတော့ မမွေးဖွားမှီအချိန်မှာ အမေဆီက ဟော်မုန်းတွေ တဖြည်းဖြည်း ပျောက်ကွယ်လာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

seborrheic dermatitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများဖြစ်တဲ့ Parkinson’s ရောဂါနှင့် စိတ်ကျရောဂါများရှိခြင်း
  • ခုခံအားစနစ်ကျဆင်းနေတဲ့ အစားထိုးကုသမှု ခံယူထားသူများ သို့ HIV/AIDS ပိုးရှိသူများ၊ အရက်ကြောင့် မုန့်ချိုအိတ်ရောင်ရောဂါ၊ နှင့် တခြားသော ကင်ဆာရောဂါများ ရှိခြင်း
  • နှလုံးကျဆင်းရောဂါ။
  • ဟော်မုန်းရောဂါတွေကြောင့် အဝလွန်ခြင်း ဥပမာ ဆီးချိုသွေးချို
  • တချို့ဆေးဝါးများ
  • မျက်နှာမှ အရေပြားကို seborrheic dermatitis ဖြစ်ပွားနိုင်ချေများစေတဲ့ ကုတ်ခြင်းနှင့် တခြားအကြောင်းအရာများ

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ seborrheic dermatitis မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်တွေက သင့်ကို ကျန်းမာရေးအခြေအနေတွေ မေးမြန်းခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်းတွေပြုလုပ်ခြင်းဖြင့် သင့်အရေပြားရောဂါကို အတည်ပြုနိုင်ပါတယ်။ မသေချာလျှင် သို့ ကုသမှုများဖြင့် မသက်သာလျှင် သွေးစစ်ခြင်း နှင့် အရေပြားအသားစနမူနာယူပြီး စစ်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။

Seborrheic Dermatitis (အဆီထွက်များ အရေပြားရောဂါတစ်မျိုး) ကို ဘယ်လိုကုသပါသလဲ

ကုသမှုက သင့် အရေပြားရောဂါ အခြေအနေ နှင့် ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုပေါ် မူတည်ပါတယ်။ ခေါင်းမှာ seborrheic dermatitis ဖြစ်နေတဲ့ ကလေးငယ်တွေ နဲ့ လူကြီးတွေ မှာ အထူးပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေ သုံးသင့်ပါတယ်။ အကယ်၍ အကြေးခွံတွေက မပျော့ပျောင်းလျှင် ခေါင်းမလျှော်ခင်မှာ သတ္တူဆီနှင့် အရင် ပွတ်ပေးသင့်ပါတယ်။

ပိုမိုပြင်းထန်တဲ့ အခြေအနေတွေမှာ ဆိုလျှင် ဆရာဝန်တွေက selenium sulfide ပါတဲ့ ခေါင်းလျှော်ရော်နဲ့ ခရင်တွေ၊ ketoconazole သို့ corticosteroids တွေပေးနိုင်ပါတယ်။ ရောင်ခြင်းကို ကုသရန် ဆရာဝန်က immune modulator ပါတဲ့ ခရင်တွေလဲ ပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက seborrheic dermatitis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် seborrheic dermatitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆရာဝန်ကို သင့်မှာ ရှိနေတဲ့ ရောဂါအခြေအနေတွေ နှင့် ဆေးညွှန်းဖြင့်သော်လည်းကောင်း တရားဝင်ဝယ်သောက်ခြင်းဖြင့်သော်လည်းကောင်း သောက်နေစဲ ဆေးဝါးများအား အသိပေးပါ။

• သင့်အရေပြားကို စိုစွတ်စေဖို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုရှင်း နှင့် ရှန်ပူများအား နေ့စဉ်လိမ်းပေးပါ။

• နေ့တိုင်းအပြင်ထွက်သင့်ပါတယ်။ နေရောင်ခြည်က သင့်ရောဂါလက္ခဏာတေါကို သက်သာစေနိုင်ပါတယ်။ ဆရာဝန်ကို နေနဲ့ ဘယ်လောက်ကြာကြာထိသင့်သလဲကို မေးမြန်းနိုင်ပြီး နေလောက်ကာ ခရင်လိမ်းသွားဖို့လဲ မမေ့ပါနဲ့။

• ဖျားလာလျှင်၊ ပြည်ဖုတွေပေါက်လာလျှင် သို့ ရောဂါလက္ခဏာတွေ ပိုဆိုးလာတယ်ဆိုလျှင် ဆရာဝန်ကို အသိပေးသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။