brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆိုရီရေးစစ် (Psoriasis) ကို Phototheraphy နှင့်Pulse Dye Laser ဖြင့်ကုသခြင်း

သင့်တွင် Psoriasis ရောဂါ အနုစား သို့မဟုတ် အပြင်းစားရှိနေလျင် ယင်းရောဂါသည် ရေတာရှည်ဖြစ်သည့်အတွက် သင်တတ်နိုင်သမျှ လေ့လာမှတ်သားထားရန်အရေးကြီးပါသည်။ Psoriasis ကို မည်ကဲ့သို့ သက်သာအောင်ပြုလုပ်မည်ဆိုသည့် ဗဟုသုတနှင့် ရနိုင်သောကုသမှုများအကြောင်းကို သိရှိထားရန်အရေးကြီးသည်။ Phototherapy နှင့် Pulse Dye Laser သည် psoriasis အတွက် အသုံးများသော ကုသမှုများဖြစ်သည်။

ဆိုရီရေးစစ် (Psoriasis) ကို Phototheraphy နှင့်Pulse Dye Laser ဖြင့်ကုသခြင်း

Phototherapy for Psoriasis

Phototherapy သည် ရောဂါဖြစ်သော အရေပြားနေရာကို တိုက်ရိုက်ကုသသည်။ ultraviolet light therapy ဟုလည်းခေါ်ပြီး ခရမ်းလွန်ရောင်ခြည် A နှင့် Bတို့ကို အသုံးပြု၍ ကုသသည်။ ခရမ်းလွန်ရောင်ခြည် B သည် A ထက် ရလဒ်ကောင်းပိုရနိုင်ပါသည်။ ကုသရာတွင် အောင်မြင်မှုရစေရန် ပုံမှန်အစီအစဉ်ဖြင့် ဆေးသွင်းခြင်းဖြင့် ကုသသင့်သည်။

ဤကုထုံး၏ကောင်းသောအချက်မှာ သင့်ဆရာဝန်၏ ဆေးခန်း သို့မဟုတ် ရုံးခန်းသို့ နေ့စဉ်သွားရောက်ရန်မလိုပေ။ သင့်အိမ်တွင်ပင် ဆေးကုသသောနေရာတစ်ခုလုပ်၍ ကုသနိုင်သည်။ သို့သော် သင်၏လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းလိုက်နာရန် အရေးကြီးသည်။ အချို့သောလူနာများတွင် ခရမ်းလွန်ရောင်ခြည်နှင့် ကုသရာတွင် ပိုကောင်းမလာခင် ပိုဆိုးသောအခြေအနေသို့ အရင်ရောက်သွားတတ်သည်။ ခရမ်းလွန်ရောင်ခြည်ကို လိုအပ်သည်ထက် ပိုပေးမိလျင် အရေပြားများ နီရဲလာခြင်း၊ ယားယံလာခြင်းတို့ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင် ပမာဏကို လျော့ချသင့်ပါသည်။

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း

phototherapy အပြင် နေရောင်ဖြင့်တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်း တူညီသော အာနိသင်ကို ရရှိနိုင်ပါသည်။ သို့သော် ဖြည်းညင်းစွာစတင်ရန်အရေးကြီးသည်၊ ပြင်းထန်သောနေရောင်အောက်တွင် ငါးမိနစ်မှဆယ်မိနစ်ခန့်သာနှင့် စတင်ပြီး တဖြည်းဖြည်းနှင့် နေရောင်ထဲတွင် နေချိန်ကို တိုးနိုင်ပါသည်။ ထိုသို့ အစီအစဉ်လုပ်ခြင်းဖြင့် ပမာဏကို ထိန်းညှိနိုင်ပြီး အလွန်အကျွံမဖြစ်စေရန် သတိပြုနိုင်ပါသည်။ ထိုသို့ ကုသမှုယူနေစဉ် ရောဂါမရှိသော အရေပြားနေရာများကို နေရောင်ကာလိမ်းဆေးများလူးခြင်းဖြင့် ကာကွယ်ထားနိုင်ပါသည်။ သင့်ကိုယ်တိုင် ထိုကုသမှုကို မစတင်မီ သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။ အချို့သော psoriasis ကို ကုသသော ဆေးများသည် သင့်အရေပြားကို နေရောင်နှင့် ထိတွေ့သည့်အခါ ထိခိုက်မှုပိုများစေနိုင်သောကြောင့် ဖြစ်ပါသည်။ အသားညိုအောင် နေရောင်ခံခြင်းသည် သင့် အရေပြားကို ထိခိုက်စေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေ၍ အရေပြားကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း များစေပါသည်။

Pulse Dye Laser

အခြားကုထုံးတစ်ခုမှာ လေဆာကို အသုံးပြုခြင်းဖြစ်သည်။ လေဆာကုထုံးသည် လေဆာအမျိုးအစား နှစ်ခုကို အသုံးပြုသည်။ a pulsed dye laser (PDL) နှင့် an excimer laser တို့ဖြစ်သည်။ Pulsed dye lasers လေဆာသည် အဝါရောင်အလင်းကို အရေပြားသို့ တိုက်ရောက်ထိတွေ့စေပြီး အပူအဖြစ်ပြောင်းလဲစေသည်။ ထိုအပူသည် အခြား ဆဲလ်များကို မထိခိုက်စေပဲ psoriasis ကို ဖြစ်စေသော သွေးကြောအပိုများကို ဖျက်ဆီးပစ်နိုင်သည်။ ထိုကုထုံးဖြင့် ကုသနေသောလူနာများသည် သုံးပတ်တစ်ခါ ၁၅ မိနစ်မှ မိနစ် ၃၀ အကြာ ကုထုံးကို ရယူသင့်ပါသည်။

သင့်ကုထုံးတွင် လေဆာပမာဏအတွက် သင့်ရောဂါအခြေအနေအရ အရေပြားအထူနှင့် အရေပြားအရောင်များပေါ်မူတည်၍ ပမာဏကွဲပြားနိုင်သဖြင့် သင့်ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ ကုသနေစဉ်အတွင် သင်၏မျက်လုံးများကို ကာကွယ်ရန် အမဲရောင် မျက်မှန်တပ်ထားရပါမည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။