backup og meta

ဆိုရီရေးစစ် (Psoriasis) ၏ နှလုံးရောဂါနောက်ဆက်တွဲပြဿနာ


Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုရီရေးစစ် (Psoriasis) ၏ နှလုံးရောဂါနောက်ဆက်တွဲပြဿနာ

    Psoriasis ကို အလိုအလျောက်ခုခံအားစနစ်မှ တိုက်ခိုက်သောရောဂါဟု အသိများကြပြီး၊ အရေပြားတွင် ယားယံခြင်း၊ ရောင်ယမ်းခြင်း၊ နှင့် အရေပြားအနာများကြွတက်လာခြင်းတို့ ဖြစ်သည်။ သင်၏ Psoriasis လက္ခဏာသည် အပျော့စားဖြစ်သော်လည်း Heart attack ကဲ့သို့သော နှလုံးရောဂါနောက်ဆက်တွဲ ပြသနာများဖြစ်တတ်ကြောင်း သိထားဖို့ အရေးကြီးသည်။ Psoriasis ဖြစ်သော လူနာများသည် များသောအားဖြင့် နာတာရှည် အရေပြားရောဂါဖြစ်တတ်ပြီး Heart attack ဖြစ်နိုင်ချေများသည်။ ပုံမှန်လူများထက် ဖြစ်နိုင်ချေ သုံးဆများကြောင်း လေ့လာမှုများက ဖော်ပြထားသည်။

    Psoriasis တွင် မတူညီသောပုံစံကွဲများရှိသည်။

    Psoriasis ရှိသော လူများတွင် Psoriasis မရှိသောသူများထက် နှလုံးရောဂါနှင့် လေဖြတ် နိုင်ချေ သုံးဆမြင့်တက်ကြောင်း အခိုင်အမာ ပြဆိုထားသော လေ့လာချက်များ ပေါ်ထွက်လာသည်။ ထိုအရာသည် ပြင်းထန်သော Psoriasis ရောဂါရှိသောသူများအတွက် မှန်ကန်သည်။ Psoriasis သည် အလိုအလျောက် ခုခံအားစနစ်မှ တိုက်ခိုက်သော ရောဂါဖြစ်သည့်အတွက် ခုခံအားစနစ်မှ ခန္ဓါကိုယ်၏ နေရာများသို့ ခုခံအားစနစ် အလုပ်လုပ်သည့်အတွက် ရောင်ယမ်းခြင်းများဖြစ်နိုင်ပါသည်။ လတ်တလော တွေ့ရှိချက်များအရ ရောင်ယမ်းခြင်းများသည် နှလုံးရောဂါနှင့် အလွန်ဆက်စပ်မှုရှိကြောင်း ပြဆိုထားကြသည်။ သွေးကြောများ ရောင်လာသောကြောင့် သွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်သည်။ သွေးကြောကျဉ်းခြင်း သည် အဆီများ သွေးကြောနံရံများတွင် အနည်ထိုင်လာသည့် အတွက် သွေးကြောနံရံများ မာပြီးထူလာသည့် အတွက် သွေးကြောကျဉ်းသွားခြင်းဖြစ်သည်။ ထိုမှတဆင့် နှလုံးသို့သွားသော သွေးစီးဆင်းမှုကို နှေးစေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို များစေသည်။ အချို့သော ဆေးကုသမှုများတွင် နှလုံးကို ထိခိုက်စေနိုင်သော ကုသမှုများပါဝင်ပြီး သွေးထဲရှိ ကိုလက်စထရော ပမာဏကို ပုံမမှန်ဖြစ်စေသည်။ ကိုလက်စထရော ပမာဏပြောင်းလဲသည့် အခါ သွေးကြောများကို မာစေပြီး နှလုံးရောဂါဖြစ်ပွားနီုင်ချေကို မြင့်တက်စေသည်။ အရေပြားအထူးကု များ၏ အဆိုအရ Psoriasis ရောဂါရှိသော လူနာများသည် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေ ပိုများကြောင်းတွေ့ရှိရသည်။ ထိုအချက်သည် ရောဂါအပြင်းစားရှိသောလူနာများနှင့် အသက် ၆၀ အောက်လူများတွင် ဆိုလိုသည်။

    နှလုံးရောဂါ ဖြစ်နိုင်ချေပိုများသည်ဆိုသော်လည်း အစားအသောက်၊ လေ့ကျင့်ခန်းနှင့် စိတ်ဖိစီးမှုများကို လျော့ချခြင်းဖြင့် ဖြစ်နိုင်ချေကို လျော့ချနိုင်သော နည်းလမ်းများစွာရှိပါသည်။

    တစ်ပတ်တွင် ၇၅ မိနစ် မှ ၁၅၀ မိနစ်အထိ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချနိုင်ပါသည်။ သင်လုပ်လိုသော မည်သည့်လေ့ကျင့်ခန်းမဆို၊ ကခြင်း၊ လမ်းလျောက်ခြင်း၊ ရေကုူးခြင်း၊ ကြိုးခုန်ခြင်း စသည်ဖြင့် လုပ်နိုင်ပါသည်။ လမ်းဖြည်းဖြည်းလျေက်ခြင်းကို ပုံမှန်ပြုလုပ်ပေးလျှင် သင်၏ နှလုံးကျန်းမာရေးကို ကောင်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေနိုင်သည်။ နေထိုင်မှု ပုံစံများကို ပြောင်းလဲခြင်း ဥပမာအားဖြင့် ဆေးလိပ်ဖြတ်ခြင်း နှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သင်၏ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ပြသနာများကို ပြေလည်စေသော အခြားဖြေရှင်းနည်းများဖြစ်သည်။

    စိတ်ဖိစီးမှုများခြင်းသည် နှလုံးကျန်းမာရေးကို ဆိုးရွားစေနိုင်သောကြောင့် စိတ်ဖိစီးမှုကို လျော့ချခြင်းသည် အရေးကြီးပါသည်။

    အစားအသောက်နှင့် အာဟာရသည်လည်း Psoriasis လူနာများတွင် နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ရာတွင် အရေးကြီးပါသည်။ ထိုအချက်သည် Psoriasis ရောဂါအတွက်လည်း အထောက်အကူပြုသည်။ Psoriasis ရောဂါရှိသူများတွင် နှလုံးကျန်းမာရေးအတွက် ကောင်းသော အဆီနှင့် ဆိုဒီယမ်နည်းသော အစားအသောက်များကို စားပေးသင့်သည်။ ထို့အပြင် ကိုယ်အလေးချိန်လျော့ချသည့် အစားအသောက်ပုံစံမျိုးကို Psoriasis ရောဂါလက္ခဏာပြင်းထန်သောသူများတွင် စားရန် အကြံပြုသင့်သည်။

    Psoriasis ရောဂါရှိသူများတွင် နှလုံးရောဂါဖြစ်ပွားနိုင်ချေ များသော်လည်း၊ ထိုသို့ဖြစ်နိုင်ချေကို လျော့ချရန်နည်းလမ်းများစွာ ရှိပါသည်။ သင့်တွင် Psoriasis ရောဂါရှိပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေများနေလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement