backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vitiligo (ခရုသင်းဖြစ်ခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Vitiligo (ခရုသင်းဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vitiligo (ခရုသင်းဖြစ်ခြင်း) ကဘာလဲ။

ခရုသင်း ဆိုတာ အရေပြားအရောင်အဆင်းမရှိတဲ့ အရေပြားရောဂါကို ခေါ်ပါတယ်။ အရောင်ဟာ အကွက်လိုက်ပျောက်ဆုံးပြီး လက်ဖမိုးတွေ၊မျက်နှာနဲ့ ချိုင်းကြားတွေမှာဖြစ်တတ်ပါတယ်။

အသက်အန္တရာယ်မရှိနိုင်သလို ကုသလို့လဲမရပါဘူး သို့သော် တချို့အရောင်တွေက မျက်နှာနဲ့ လည်ပင်းတွေမှာ ပြန်ပေါ်လာတတ်ပါတယ်။ တခါတရံ thyroid ရောဂါနှင့်လဲ ဆက်စပ်ပြီး ဖြစ်ပေါ်နိုင်ပါတယ်။

Vitiligo (ခရုသင်းဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ခရုသင်း က လူမျိုးဘာသာမရွေးဖြစ်နိုင်ပါတယ်။ အသားအရောင်နက်တဲ့ သူတွေမှာ ပိုသိသာပါတယ်။ အရွယ်ပေါင်းစုံ ဖြစ်နိုင်သော်လည်း တဝက်လောက်က အသက် ၂၀ အောက်တွေမှာ ဖြစ်တာ တွေ့ရပါတယ်။

လက္ခဏာများ

Vitiligo (ခရုသင်းဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရေပြားမှာ အရောင်ပျောက်ပြီး ပြားကပ် ဖြူစွပ်နေတဲ့ အကွက်ငယ်လေးတွေ ပေါ်လာပါမယ်။ အကွက်လေးတွေကို လက်နဲ့ စမ်းကြည့်လို့မရပါဘူး။ နာလည်းမနာသလို ယားလဲမယားပါ။ အရွယ်အမျိုးမျိုးရှိကြပြီး တခါတလေ တစ်လက်မလောက်ထိ ရျိကြပါတယ်။

အကွက်ငယ်တွေဟာ ပုံစံအတိအကျမရှိတဲ့ အကွက်ကြီးတွေအဖြစ် ပြန့်နှံ့လာတတ်ပါတယ်။ သူတို့ဟာ တစ်နေရာတည်းကိုပဲ ခန္ဓါကိုယ်ရှေ့နောက်နှစ်ခြမ်းလုံမှာ ဖြစ်တတ်ပါတယ်။ တခါတလေ ဖြစ်တဲ့နေရာက အမွှေးတွေပါ အရောင်အဆင်းပျောက်ဆုံးတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်အရေပြား သို့ အမွှေး သို့ မျက်လုံးမှာ အရောင်အဆင်းပျောက်ဆုံးလာလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ခရုသင်း ဟာ ကုသလို့မရပါ။ သို့သော် အရောင်ပျောက်မှုကို နှေးစေတဲ့ သို့ အရောင်ပြန်ရနိုင်အောင် ကုသမှုတွေနဲ့ ကာကွယ်လို့ရပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Vitiligo (ခရုသင်းဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားမှုအကြောင်းအရာကိုတော့ မသိရပါ။

ခရုသင်း ဆိုတာမွှေးညင်းတွေရဲ့ အရောင်ကိုဖြစ်စေတဲ့ melanin ထုတ်ပေးတဲ့ melanocytes ဆဲလ်လေးတွေ အရေပြားမှာ ပျောက်ဆုံးရာကနေ ဖြစ်ပေါ်လာတာပါ။ ခရုသင်း က ကင်ဆာမဟုတ်သလို ကူးစက်နိုင်တဲ့ရောဂါလဲ မဟုတ်ပါ။ သူက မျိုးရိုးလိုက်ပြီးတော့လဲ ဖြစ်နိုင်ပါတယ်။

Risk factors

Vitiligo (ခရုသင်းဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ခရုသင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

ဥပမာအားဖြင့်

  • မျိုးရိုးဗီဇ – ခရုသင်း ဟာ မိသားစုဝင်ထဲမှာ ခရုသင်း ဖြစ်ဖူးရင် သို့ အရွယ်မတိုင်ခင် ဆံပင်ဖြူတဲ့သူရှိရင် မျိုးရိုးလိုက်ပြီး ဖြစ်နိုင်ချေပိုရှိပါတယ်။
  • တခြားအရာတွေကတော့ autoimmune Hashimoto’s thyroiditis ကဲ့သို့သော ရောဂါတို့ဖြစ်ကြပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vitiligo (ခရုသင်းဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က အရေပြားကို စမ်းသပ်ပြီး အရေပြားနမူနာစ ( biopsy sample) တစ်ခုယူပြီး microscope အောက်မှာ အဏုစိပ်ကြည့်ရျုခြင်းဖြင့် ရောဂါအဖြေရျာနိုင်ပါတယ်။ ဆရာဝန်က အရေပြားအထူးကုနှင့် ပြကြည့်ရန်လည်း တိုက်တွန်းနိုင်ပါတယ်။

Vitiligo (ခရုသင်းဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုပိုင်းမှာ အလှကုန်ပစ္စည်းတွေ၊ ခရင်မ်တွေ နဲ့ အထူးပြုအလင်းပေးကုထုံးတွေလဲ ပါဝင်ပါတယ်။ အပျော့စားခရုသင်း ကတော့ ကုသမှု မလိုလောက်ပါဘူး။ အကွက်သေးသေးလေးတွေ အတွက် အလှပြင်ပစ္စည်းတွေနဲ့ မိတ်ကပ်တွေနဲ့ ကာလို့ရပါတယ်။

အသားရေအသင့်အတင့်ရျိသူတွေ အတွက်ကတော့ SPF 15 နှင့် အထက်ရှိတဲ့ နေလောင်ကာတေါသုံးခြင်း သို့ နေရောင်တိုက်ရိုက်မထိအောင် ရှောင်ခြင်းဖြင့် ထိရောက်နိုင်ပါတယ်။

အရေပြားကို steroid cream လဲ လိမ်းလို့ရပါတယ်။ အကောင်းဆုံးအခြေအနေရဖို့ကတော့ ၃ ၊ ၄ လ လောက်ကြာနိုင်ပါတယ်။steroid cream တွေကို မျက်ခွံ၊ချိုင်းကြား နှင့် ပေါင်ခြံတွေမှာ မလိမ်းသင့်ပါ။

အထူးပြု အလင်းပေးကုထုံးမှာ psoralensလို့ခေါ်တဲ့ ဆေးတစ်မျိုးပေးပြီး နောက်က ခရမ်းလွန်ရောင်ခြည်ပေးခြင်းဖြင့် ကုပါတယ်။ psoralens ကို သောက်ဆေးအနေနဲ့လဲ သုံးလို့ရပါတယ်။ ဒီကုထုံးဟာ မျက်နှာ၊လည်ပင်း၊ကိုယ်လုံး၊လက်မောင်းနဲ့ ပေါင်တို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကုရတဲ့ နေရာပါ်မူတည်ပြီး ၂၅ခါကနေ အခါ ၅၀လောက်ကုပြီးနောက်မှာအဖြေစသိရပါတယ်။ ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားအနေနဲ့ကတော့ နေလောင်ခြင်းနှင့် အရေကြည်ဖုထခြင်းဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခရုသင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခရုသင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• SPF 15 နှင့်အထက် နေလောင်ကာခရင်မ်ကို ခရုသင်း ဖြစ်နေတဲ့ အကွက်တွေမှာ သုံးပါ။

• လက္ခဏာအသစ်တွေပေါ်လာလျှင် သင့်ဆရာဝန်ကို ဆက်သွယ်ပါ။ တချို့ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

• ဦးထုပ်၊ အင်္ကျ ီလက်ရှည်၊ဘောင်းဘီရှည် ဝတ်ပါ။

• ကုသနေရင်း နီရဲလာလျှင် သို့ အရေကြည်ဖုတွေ ဆိုးရွားလာလျှင် ဆရာဝန်နဲ့ ပြပါ။

မှတ်ထားရမှာက ဒီအရောင်ပြန်တင်တဲ့ကုထုံးတွေက လုံးဝအကင်း ရာသက်ပန်ပျောက်သွားအောင် မကုပေးနိင်ကြပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement