backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Skin Rash (အရေပြားအကွက်ထခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Skin Rash (အရေပြားအကွက်ထခြင်း)

Skin Rash (အရေပြားအကွက်ထခြင်း) အကြောင်းလေး ပြောပြပေးချင်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Skin Rash (အရေပြားအကွက်ထခြင်း) ကဘာလဲ။

အရေပြားအကွက်ထခြင်း ဆိုသည်မှာ အရေပြား အရောင်နှင့်ပုံစံ ပုံမှန်မဟုတ်ပဲ ပြောင်းလဲသွားခြင်းကို ဆိုလိုပါသည်။ အကွက်များမှာ များသောအားဖြင့် အရေပြားရောင်ခြင်းကြောင့်ဖြစ်ရပြီး ၎င်းတွင်းလည်း အကြောင်းရင်းအမျိုးမျိုးရှိ၏။

အကွက်ထခြင်းအမျိုးမျိုးရှိပါသည်။ ၎င်းတို့မှာ-

Skin Rash (အရေပြားအကွက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ် မရွေး ဖြစ်နိုင်သည်။ ရောဂါ ဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Skin Rash (အရေပြားအကွက်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရေပြားအကွက်ထခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ယားယံခြင်း
  • အရေပြားနီခြင်း
  • ခြောက်သွေ့၊ ကြမ်းတမ်းပြီး ဖီးထနေသော အရေပြားမှ အချိန်ကြာအောင် ကုတ်ဖဲ့ရခြင်းကြောင့် ထူထဲပြီး သားရေပုံစံဖြစ်နေခြင်း
  • ကုတ်မိသည့်အခါ အရည်များထွက်လာနိုင်သော အရည်ကြည်ဖုများပေါက်ခြင်း
  • အရေပြားပေါက်သွားသည့်နေရာများတွင် ပိုးဝင်ခြင်း

အထက်တွင် ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ် ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါ အချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • အကွက်ထခြင်းပိုဆိုးလာလျှင်
  • အရည်ကြည်ဖုများမှ သွေးယိုလာခြင်း၊ ဖောင်းကြွလာခြင်း၊ အရေပြားကွာခြင်း၊ ဖျားခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ အဆစ်အမြစ်များနာခြင်းတို့လို အပိုလက္ခဏာများခံစားလာရလျှင်
  • အကွက်များမှနာလာလျှင်
  • အကွက်တစ်ဝိုက်တွင် ကြီးမားသော အရည်ကြည်ဖုများ ပေါက်လာခြင်း
  • နေ့စဉ်အလုပ်များမလုပ်နိုင်အောင် သို့မဟုတ် မအိပ်နိုင်အောင် အကွက်ထခြင်းက နှောက်ယှက်နေလျှင်

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

အရေပြားအကွက်ထခြင်းကို ဘာတွေကဖြစ်စေသလဲ

  • ဓါတ်မတည့်ခြင်း
  • ဘက်တီးရီးယား သို့မဟုတ် မှိုပိုများဝင်ခြင်း
  • အင်းဆက်ကိုက်ခြင်း
  • အပင်များနှင့် ဓါတ်မတည့်ခြင်း ဥပမာ အဆိပ်နွယ်ပင်
  • ဖိစီးမှု
  • ပတ်ဝန်ကျင်မှ အဆိပ်များနှင့် ဓါတ်မတည့်ခြင်း
  • မှိုကူးစက်ခြင်း
  • အပူနှင့်ထိမိခြင်း
  • ရေကျောက် သို့မဟုတ် ရေယုန်တို့လို ဖျားနာမှုများဖြစ်ခြင်း
  • ဆေးများ၏ဘေးထွက်ဆိုးကျိုးများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Skin Rash ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

မိသားစုအတွင်း သို့မဟုတ် မိမိ၌ ဓါတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်ရာဇဝင်ရှိလျှင် အကွက်ထနိုင်ချေ များ၏။ ထို့အတူ အပြင်တွင် အချိန်ကုန်ရသော လူများ၌လည်း အဆိပ်နွယ်၊ အဆိပ်ဝက်သစ်ချ၊ အဆိပ်ပင်များနှင့် ထိတွေ့မိခြင်း အင်းဆက်ကိုက်ခြင်းတို့ြုဖစ်တတ်သောကြောင့် ဖြစ်နိုင်ချေများပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Skin Rash ကို ဘယ်လိုအတည်ပြုပါသလဲ

အရေပြားအပြင်ဖက်အလွှာကိုကြည့်ရုံနှင့် အရေပြားအကွက်ထခြင်းကို သိရှိနိုင်သည်။ အရေပြားအထူးကုများသည် အကွက်ပုံစံ၊ ပြင်းအား၊ အရောင်၊ အရွယ်အစား၊ နာကျင်မှုရှိမရှိနှင့် အကွက်ပေါ်သော ခန္ဓါကိုယ်အစိတ်အပိုင်းများပေါ်မူတည်ကာ ခြုံငုံစဉ်းစားမည်ဖြစ်သည်။

အရေပြားအကွက်ထခြင်းကို ဘယ်လိုကုသပါသလဲ

အကွက်ထခြင်းအများစုမှာ ပြင်းထန်လေ့မရှိပဲ အလိုလိုပျောက်၏။ လက္ခဏာများကိုသာ ကုသပြီးနောက် ရက်အနည်းငယ်ထိ အကွက်များပျောက်မပျောက် စောင့်ကြည့်ရမည်။ အကွက်ထခြင်းမှာ ဆိုးဝါးပြီး တခြားသောလက္ခဏာများပါပေါ်လာလျှင် သို့မဟုတ် မြန်မြန်ကြီးဆိုးဝါးလာလျှင် ဆရာဝန်နှင့်ပြပါ။

ပါရာစီတမော့ သို့မဟုတ် အိုင်ဗျူပရိုဖန်တို့လို အလွယ်ဝယ်ယူနိုင်သည့်ဆေးများသည်လည်း အကွက်ထခြင်းကို သက်သာစေနိုင်ပါသည်။ ထိုဆေးများအားမသုံးခင် ဆရာဝန်နှင့်အရင်ဆွေးနွေးပါ။ ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ကိုယ့်သဘောနှင့်ကိုယ် ရက်ရှည်သောက်တာမျိုးမလုပ်ပါနှင့်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာတတ်သည်။ ကျောက်ကပ်နှင့် အသည်းရောဂါရှိသူများ အစာအိမ်နာရှိသူများဆိုလျှင် ထိုဆေးများကို သုံးရန် မသင့်တော်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရေပြားအကွက်ထခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရေပြားအကွက်ထခြင်းကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • ဓါတ်မတည့်မှုကို ဖြစ်စေမည့် အရာများကို ရှောင်ပါ
  • အကွက်ထလျှင် အေးအောင်လုပ်ပါ
  • အကွက်များအား အုတ်ဂျုံပျစ်ပျစ်ကို ကြက်သီးနွေးဖျော်ပြီး ကပ်ပေးပါ
  • ဟိုက်ဒရိုကော်တီဇုမ်း သို့မဟုတ် ကလမင်းပါသော လိုရှင်းများ ခရင်မိများကဲ့သို့ အယားသက်သာဆေးများကိုလိမ်းပါ
  • ပွယောင်းသည်များကို ဝတ်ဆင်ပါ

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement