backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Rosacea (ရိုစီယာ)


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Rosacea (ရိုစီယာ) ကဘာလဲ။

Stock Blush လို့လဲ ခေါ်တဲ့ rosacea ဟာ အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး မျက်နှာမှာ နီမြန်းခြင်းများ နှင့် တခါတရံ အနီရောင် အနာတွေ အနီဖုတွေနဲ့ ပြည်ဖုတွေကို ဖြစ်စေပါတယ်။ ဒီရောဂါက နှာခေါင်း၊ မေးစေ့၊ ပါးနှင့် နှဖူးမှာ နီခြင်းတို့ကို ဖြစ်စေပါတယ်။ အချိန်ကြာလာတဲ့ အမျှ အရေပြားက ပိုပြီးနီလာပြီး သွေးကြောတွေကို ပိုပြီးထင်ထင်ရှားရှား ပေါ်လာစေပါတယ်။

Rosacea ရဲ့ ရောဂါလက္ခဏာတွေက ရက်သတ္တပတ်မှ လနှင့်ချီကြာလာနှင့်မျှ ပိုဆိုးလာပြီးနောက် ပြန်ကျသွားတတ်ပါတယ်။ Rosacea ကို ဝက်ခြံ၊ ဓါတ်မတည့်မှု၊ သို့ တခြားအရေပြားရောဂါတွေနဲ့ မှားတတ်ပါတယ်။ အစောပိုင်းမှာ မကုပဲထားလျှင် rosacea က အချိန်နဲ့ အမျှတိုးပွားလာနိုင်ပါတယ်။

Rosacea (ရိုစီယာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါက အဖြစ်များပါတယ်။ သက်လတ်ပိုင်း အမျိုးသမီးတွေ နဲ့ လူဖြူတွေမှာ ပိုအဖြစ်များပါတယ်။ ဥရောပ မြောက်ပိုင်းသားတွေနဲ့ အသားရေ နူးညံ့တဲ့လူတွေက rosacea ဖြစ်ဖို့များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Rosacea (ရိုစီယာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

rosacea ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အရေပြားနီခြင်း။ ။ rosacea ဖြစ်တဲ့လူတွေမှာ အရင်က အရေပြားနီခြင်းတွေ ခဏခဏဖြစ်ဖူးကြပါတယ်။ blush တွေက ပေါ်လာပြီး ပျောက်သွားနိုင်ပါတယ်။ သို့သော် ၎င်းက ရောဂါရဲ့ အစလက္ခဏာလဲ ဖြစ်နိုင်ပါတယ်။
  • ဆက်ဖြစ်နေသောနီရဲခြင်း။ ။ အင်ဒီယန်းတစ်ယောက်လို သို့ နေလောင်သလို ပျောက်ကွယ်မသွားပဲ မျက်နှာ ဆက်တိုက်နီနေခြင်း
  • အင်ပြင် သို့ ပြည်ဖုများ. . ဒီအနီရောင် အဖုတွေမှ တစ်ခါတစ်ရံ rosacea ဖြစ်စေနိုင်ပါတယ်။ တခါတလေ အင်ပြင်တွေက ဝက်ခြံနဲ့တူနေတတ်သော်လည်း blackhead တော့မပါပါဘူး။ သို့မဟုတ် စူးသလို ခံစားရနိုင်ပါတယ်။
  • သွေးကြောများပေါ်လာခြင်း။ ။ သွေးကြောငယ်များသည် အရေပြားမှာ သိသာထင်ရှားစွာ ပေါ်လာတတ်ပါတယ်။
  • မျက်စိကသိကအောက်ဖြစ်ခြင်း။ ။ မျက်စိများ ကသိကအောက်ဖြစ်နိုင်ပါတယ်၊ ရေဝင်သလို သို့မဟုတ် မျက်စိနီခြင်းတွေ တချိုး rosacea လူနာတွေ မှာ တွေ့ရတတ်ပါတယ်။ ဒီအခြေအနေကို rosacea မျက်လုံးလို့ ခေါ်ပြီး ဝက်ခြံရည်အိတ်၊ နီပြီးရောင်နေတဲ့ မျက်ခွံတွေကို ဖြစ်စေပါတယ်။ ဒီအခြေအနေဆိုးကို မကုသပဲ ထားမယ်ဆိုလျှင် မျက်စိသူငယ်အိမ်ပျက်စီးပြီး အမြင်အာရုံပါ ပျောက်သွားနိုင်ပါတယ်။
  • ပူခြင်း သို့ စူးခြင်း။ ။ မျက်နှာမှာ ပူသလို၊ စူးသလို သို့ ယားသလို ခံစားရနိုင်ပါတယ်။
  • အရေပြားခြောက်ခြင်း။ ။ အရေပြားခြောက်လာတာနဲ့ အမျှ အလယ်မှာ ကြမ်းတမ်းလာပါတယ်။
  • Array။ ။ အနီးအနားက အရေပြား ပြောင်းလဲမှု မရှိပဲ အနီကွက်များ ပေါ်လာခြင်း။
  • အရေပြားထူခြင်း။ ။ တချို့ rosacea လူနာတွေမှာ ဆဲလ်လွန်ကဲမှုကြောင့် အရေပြားထူပြီး ကြီးလာနိုင်ပါတယ်။ ဒီအခြေအနေက နှာခေါင်းမှာ ဖြစ်တာ များပြီး နှာခေါင်းပုံပျက်စေပြီး ခြင်္သေ့နှာခေါင်းလို့ခေါ်ကြပါတယ် (rhinophyma)

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Rosacea (ရိုစီယာ) ကိုဘာတွေကဖြစ်စေသလဲ

မျိုးရိုးဗီဇအကြောင်းအရာတွေ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ ကြောင့် rosacea ဖြစ်ရတယ်လို့ ယုံကြည်ကြပါတယ်။ အရက်၊ hot drinks တွေ နှင့် တချို့ အစားအစာတွေက ရောဂါကို မဖြစ်စေနိုင်ပေမယ့်လဲ ပိုဆိုးစေနိုင်ပါတယ်။ နေရောင်၊ စိတ်ဖိစီးခြင်း၊ပြင်းထန်တဲ့လေ့ကျင့်ခန်း၊sauna၊ corticosteroids ဆေးဝါးတွေ နှင့် သွေးထိန်းဆေးတွေက ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Rosacea (ရိုစီယာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

rosacea ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • လိင် ။ ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်နိုင်ပါတယ်။
  • လူမျိုး ။ ။ အသားဖြူပြီး နူးညံ့တဲ့လူတွေက ပုံမှန်လူတွေထက် ဖြစ်နိုင်ချေပိုများပါတယ်။
  • အသက်အရွယ် ။ ။ အသက် ၃၀-၆၀ ကြားလူတွေမှာ ပိုပြီး ဖြစ်နိုင်ချေများပါတယ်။
  • မျိုးရိုးဗီဇ ။ ။ မိသားစုထဲမှာ rosacea ဖြစ်ဖူးလျှင် သင်လဲ ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Rosacea (ရိုစီယာ) ကို ဘယ်လိုအတည်ပြုပါသလဲ

အသုံးအများဆုံး ရောဂါရှာဖွေနည်းကတော့ လက်တွေ့စမ်းသပ်ခြင်းပဲ ဖြစ်ပါတယ်။ ထို့ပြင် ဆရာဝန်က သင့်ရဲ့ ရောဂါရာဇဝင်နှင့် မိသားစုကျန်းမာရေးရာဇဝင်တွေကို အခြေခံပြီး ဒီရောဂါလက္ခဏာတွေက တခြားဖြစ်စေနိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဝက်ခြံ၊ နှင်းခူ၊ lupus သို့ တခြားအရေပြားရောဂါတွေကို ဖယ်ရှားပြီး စဉ်းစားပါလိမ့်မယ်။

Rosacea (ရိုစီယာ) ကို ဘယ်လိုကုသပါသလဲ

သင့်မှာ rosacea အပျော့စားရှိနေလျှင် သင့်ကို ပဋိဇီဝဆေးခရင် ( metronidazole, clindamycin နှင့် erythromycin ) သို့ ပဋိဇီဝဆေးတွေ ပေးပါလိမ့်မယ်။ rosacea က မကြာခဏပြန်ဖြစ်နိုင်တဲ့ အတွက် ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ရန် ဆေးကို ပုံမှန် စွဲသောက်ရနိုင်ပါတယ်။ အစောပိုင်းကုသမှုတွေက ရောဂါအခြေအနေကို လျော့ကျစေပါတယ်။ ပိုဆိုးတဲ့ အခြေအနေမှာ ဆိုရင်တော့ ဆေးတွေ ပေါင်းပြီး သောက်ဖို့ လိုအပ်နိုင်ပါတယ်။ ဖြစ်ခဲတဲ့ အခြေအနေတွေ၊ ဆိုးရွားတဲ့ နှာခေါင်းရောင်နေခြင်းတွေကိုတော့ ခွဲစိပ်ခြင်း သို့ လေဆာကုထုံးတွေ ပေးရပါတယ်။ လေဆာကုထုံးကို တခါတရံမှာ သွေးပြန်ကြောကြီးပြီးရောင်နေတဲ့ အခြေအနေတွေမှာလဲ ပေးပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက rosacea ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် rosacea ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• မျက်နှာကို အဝတ်နဲ့ ဖြစ်ဖြစ်၊ ပျော့ပျောင်းတဲ့ သန့်စင်ပစ္စည်းနှင့် ဖြစ်ဖြစ် တစ်နေ့ကို နှစ်ကြိမ်သစ်ပေးပါ။

• သန့်စင်ပစ္စည်းတွေ၊ နေလောင်ကာတွေ၊ နှင့် သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုပေးပါ။ အစောပိုင်းကုသခြင်းဖြင့် နောက်ဆက်တွဲ ပြသနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

• တစ်နေ့တာ လုပ်ဆောင်မှုတွေ၊ အစားအသောက်တွေ၊ နှင့် တကိုယ်ရည်ဥုံးပစ္စည်းတွေကို မှတ်သားထားခြင်းဖြင့် ရောဂါရဲ့ ဇစ်မြစ်ကို ရှာတွေ့နိုင်ပါတယ်။ ဥပမာ အရေပြားက အပူအစပ်တွေ စားမိပြီးနောက် တစ်မျိုးဖြစ်လာတယ်ဆိုလျှင် ဒါအစပ်စားလို့ဖြစ်တာဆိုပြီး သိနိုင်ပါတယ်။

• အနံ့အရသာ၊ ဆီ၊ သို့ အနံ့အပြင်စားတွေ မပါတဲ့ ပျော့ပျောင်းတဲ့ သန့်စင်ပစ္စည်းတွေကို ပြောင်းလဲ အသုံးပြုခြင်းဖြင့် အရေပြား ယားရံခြင်းကို သက်သာစေနိုင်ပါတယ်။

• မျက်လုံး သို့ မျက်ခွံမှာ တခြားရောဂါလက္ခဏာတွေ ပေါ်လာလျှင် သို့ ကုသမှုက ၃ပတ် ၄ပတ်ကြာတဲ့ အထိ မထိရောက်လျှင် ဆရာဝန်ကို ဆက်သွယ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement