backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Keratosis pilaris (ကြာဆူး)


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Keratosis pilaris (ကြာဆူး)

အဓိပ္ပါယ်ဖွင့်ဆိုချက်

ကြာဆူးဆိုတာ ဘာလဲ

Keratosis pilaris (ကြာဆူး) ဆိုတာ လက်၊ခြေထောက်နဲ့တင်ပါးတို့မှာ အသားခြောက်ပြီး ခပ်ကြမ်းကြမ်းအဖုလေးတွေဖြစ်လာတတ်တဲ့ အန္တရာယ်မရှိတဲ့အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။

ကြာဆူးဟာ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင်moisturizer နဲ့creamလေးတွေသုံးပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။

လက္ခဏာများ

ကြာဆူးရဲ့လက္ခဏာတွေက –
  • ကြမ်းတမ်းခြောက်သွေ့ပြီး ခပ်စူးစူး အဖုလေးတွေဖြစ်လာခြင်း
  • အရေပြားမှာ ကြက်သီးထသလိုဖြစ်လာခြင်း
  • ဆောင်းတွင်း သို့မဟုတ်ခြောက်သွေ့တဲ့ရာသီဥတုမှာ ပိုသိသာလာခြင်း
  • အနည်းငယ် ယားယံခြင်း တို့ဖြစ်ပါတယ်။

တချို့တွေမှာတော့ သိသာထင်ရှားတဲ့အဖုလေးတွေအစုလိုက်ဖြစ်လာပြီး အရေပြားအနီကွက် အပျဉ်လိုက်ဖြစ်နေတတ်ပါတယ်။

အကြောင်းရင်းများ

အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့တခြားထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ keratinပရိုတင်းတွေများပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။ ဒီပရိုတင်းအစုကမွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။

ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။ ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီးနွေရာသီမှာပျောက်ကင်းတတ်ပါတယ်။ ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့fatty acid တို့ချို့တဲ့မှုနဲ့လည်း ဆက်နွှယ်နေပါတယ်။

ဖြစ်နိုင်ခြေများစေသောအချက်များ

ဘယ်သူတွေမှာ ကြာဆူးဖြစ်နိုင်ခြေပိုများသလဲ

ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကြာဆူးဖြစ်တတ်တာများပါတယ် –

  • ကြာဆူးဖြစ်လေ့ရှိတဲ့သူတွေဆွေမျိုးရင်းချာထဲမှာရှိနေရင်
  • ပန်းနာရင်ကျပ်ရောဂါ
  • ခြောက်သွေ့တဲ့အသားအရေရှိသူဖြစ်ရင်
  • နှင်းခူနာ
  • ပန်းဝတ်မှုန်ကြောင့်ဖျားနာခြင်း (Hay fever)
  • ကိုယ်အလေးချိန်များနေသူဖြစ်ရင်
  • Ichthyosis vulgaris (အသားအရမ်းခြောက်သွေ့စေတဲ့ အရေပြားရောဂါ)
  • Melanoma အရေပြားကင်ဆာရှိနေပြီး ကင်ဆာဆေးသုံးစွဲနေရသူဖြစ်ရင်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ရောဂါအဖြေရှာခြင်း

ပုံမှန်အားဖြင့် ကြာဆူးအတွက် ဆရာဝန်ပြပြီးရောဂါရှာဖွေစစ်ဆေးမှုခံယူဖို့မလိုအပ်ပါဘူး။ ဆရာဝန်ပြမယ်ဆိုရင်လည်း ဒီလိုဖြစ်နေတဲ့အရေပြားကို ဆရာဝန်က ကြည့်ပြီးစစ်ဆေးပေးမှာပါ။ဆေးစစ်ဖို့၊ရောဂါရှာဖွေဖို့အထိ လိုအပ်မှာမဟုတ်ပါဘူး။

ကုသမှု

ကြာဆူးဖြစ်ခြင်းအတွက် ကုသမှုသီးသန့်မရှိပါဘူး။ ဒါပေမယ့် ကိုယ်အသားအရေအတွက်ခြောက်သွေ့မှုမဖြစ်စေဖို့ အစိုဓါတ်ထိန်းတဲ့လိုးရှင်းတွေ၊ ခရင်မ်တွေ လူးပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အတော်များများကဆေးဆိုင်မှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမယ့် ပိုပြင်းထန်တဲ့အခြေအနေတွေအတွက်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ဝယ်လိမ်းပါ။

ကြာဆူးဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ

မဖြစ်အောင် ကြိုတင်ကာကွယ်လို့မရနိုင်ပေမယ့်ဖြစ်လာရင်တော့ အသားအရေကို ကိုယ်တိုင်ဂရုစိုက်ပေးရင်သက်သာပျောက်ကင်းနိုင်ပါတယ်။ ကြာဆူးဖြစ်လာရင် –

  • အဖုလေးတွေကို မကုတ်ပါနဲ့။ အရေပြားကို ခပ်ကြမ်းကြမ်းမပွတ်တိုက်ပါနဲ့။
  • ရေချိုးရင်ရေနွေးနဲ့မချိုးပါနဲ့။ရေနွေးနဲ့ချိုးတာ၊ရေအကြာကြီးချိုးတာတွေက အရေပြားပေါ်ကအဆီတွေကို ပါသွားစေနိုင်ပါတယ်။ ဒါ့ကြောင့်ရေချိုးချိန်ကို ကန့်သတ်ပါ။
  • အစိုဓါတ်ထိန်းပါ။ရေချိုးပြီးရင် အရေပြားမစိုမခြောက်အနေအထားမှာVaseline၊glycerin သို့မဟုတ်lanolin ပါဝင်တဲ့moisturizer တစ်မျိုးကိုလူးပေးပါ။ moisturizer ပျစ်ရင် ပိုကောင်းပါတယ်။ ကြာဆူးဖြစ်တဲ့နေရာမှာ မကြာခဏလူးပေးနိုင်ပါတယ်။
  • တင်းကျပ်တဲ့အဝတ်အစားတွေနဲ့မပွတ်တိုက်အောင်ဂရုစိုက်ပါ။ ကြာဆူးဖြစ်နေတဲ့ အရေပြားကို အဝတ်အစားကျပ်ပြီး မပွန်းမိအောင်ဂရုစိုက်ပါ။
  • အဆီဓါတ်ပါတဲ့ဆပ်ပြာကိုသုံးပါ။
  • အိမ်ထဲမှာ လေထုစိုထိုင်းဆကိုထိန်းပေးတဲ့humidifier သုံးပေးပါ။
  • အသားအရေကို ထိတွေ့မှုညင်သာပါ။ အနံ့ပြင်းတဲ့၊ အာနိသင်ပြင်းတဲ့ကိုယ်တိုက်ဆပ်ပြာတွေမသုံးပါနဲ့။ အရေပြားဆဲလ်သေတွေကို ကိုယ်တိုက်အဝတ်စနုနုလေးနဲ့အသာအယာဖယ်ရှားပါ။ကြေးတွန်းတဲ့အခါ အကြမ်းပရမ်းပွတ်တိုက်တာကမွေးညင်းပေါက်ကိုထိခိုက်စေပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။
  • Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement