ညှင်းဆိုတာက အရေပြားမှာ မှိုစွဲတဲ့ ရောဂါတစ်မျိုးပါ။ ညှင်းဖြစ်စေတဲ့မှိုပိုးက အရေပြားပေါ်မှာ ရှိနေတတ်တဲ့ Malassezia မှိုပိုး အမျိုးအစားပါ။ ပုံမှန်အားဖြင့်ကတော့ အရေပြားပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ မှိုပိုးနဲ့ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိနေပါတယ်။ သူတို့က သင့်ကိုယ်တွင်းကို ကူးစက်ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမရှိအောင် ကာကွယ်ပေးရင်း အရေပြားပေါ်မှာ အသိုက်ဖွဲ့လို့နေနေတတ်ကြတာပါ။ သူတို့တွေရှိနေလိုပလည်း အချို အန္တရာယ်များတဲ့ ရောဂါပိုးတွေက ကိုယ်တွင်းကို ဝင်ရောက်မလာတာပေါ့။ အရေပြားဆဲလ်တွေ နဲ့ သူတို့လေးတွေက အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေနဲ့ နေထိုင်ရှင်သန်နေကြတာပါ။
ပုံမှန် အခြေအနေအတိုင်း ရှင်သန်နေတာက ပြဿနာမရှိပေမယ့် ဒီမှိုပိုးအရေအတွက်က ထိန်းမရနိုင်တဲ့အထိ ပေါက်ဖွားလာမယ်ဆိုရင်တော့ အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသားအရောင်ပြောင်းတာမျိုး ဖြစ်လာစေနိုင်ပါတယ်။ Malassezia မှိုပိုးတွေ အဆမတန် ပေါက်ဖွားလာမှုက အရေပြားပေါ်မှာ အရောင်ရင့်ရင့် အကွက်တွေ၊ အရောင်ခပ်ဖျော့ဖျော့ အကွက်တွေဖြစ်လာစေနိုင်ပါတယ်။ ဒီလိုအရေပြားပေါ်မှာ အကွက်တွေဖြစ်လာတာကို ညှင်း လို့ခေါ်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။