backup og meta

နေလောင်ကာခြင်း၏ အရေးပါပုံ


Wathun Myat Chal မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင်ကာခြင်း၏ အရေးပါပုံ

    ကမ်းခြေမှာ အားလပ်ရက် အနားယူတာဖြစ်ဖြစ်၊ အကောင်းဆုံး ပျော်ပွဲရွှင်ပွဲတွေမှာ ကခုန်တာပဲဖြစ်ဖြစ်၊ ဒီနွေရာသီကို ဥယျာဉ်ထဲမှာ ရိုးရိုးရှင်းရှင်း အနားယူတာပဲ ဖြစ်ဖြစ်၊ သင့်အသားအရေကို နေရောင်ခြည်ကနေ ကာကွယ်တာက နုပျိုမှု ရရှိဖို့နဲ့ ထိန်းသိမ်းဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

    သင့်အရေပြားကို ဘာလို့ ကာကွယ်သင့်တာလဲ

    အရင်တုန်းက နေရောင်ခြည်နဲ့ ထိတွေ့တာ ကျန်းမာစေတဲ့အရာလို့ သိထားခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာ နေရောင်ခြည်နဲ့ ထိတွေ့တာဟာ အချိန်မတိုင်ခင် အိုမင်းခြင်းနဲ့ အရေပြားကင်ဆာ တို့လိုမျိုး ကျန်းမာရေး ထိခိုက်စေတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ နေရောင်ခြည်မှာ UVA နဲ့ UVB တို့ ပါဝင်ပါတယ်။ ဒါတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဖြစ်ပြီး အချိန်မတိုင်ခင် အိုမင်းခြင်းနဲ့ အရေပြားရောဂါ အများအပြားကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

    ဒီရောင်ခြည်တွေ အရေပြားထဲ ဝင်တဲ့အခါ အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး မြင်ရတဲ့ ဒဏ်ရာတွေအပြင် မမြင်ရတဲ့ ဒဏ်ရာတွေပါ ဖြစ်စေပါတယ်။ ဒါတွေက မှဲ့၊ တင်းတိပ်၊ အရေးအကြောင်းနဲ့ အရေပြားကင်ဆာတွေကို ပိုပြီး ဖြစ်စေပါတယ်။

    နေရောင်ခြည်ကြောင့် ဖြစ်တဲ့ ထိခိုက်မှု အချို့

    UV ကြောင့်ဖြစ်ပြီး မြင်ရတဲ့ ထိခိုက်မှုထဲက အဖြစ်များဆုံး တစ်ခုကတော့ နေရောင်အောက် နာရီအနည်းငယ်ထွက်ပြီးနောက် ဖြစ်တဲ့ နေလောင်ခြင်းပါ။ တချို့ကိစ္စတွေမှာ ဒီအမျိုးအစားက အသားအရည် ညိုလာခြင်း၊ ဒါမှမဟုတ် အရေပြားရောင်ခြယ် များလာခြင်း စတာတွေ ဖြစ်လာပါတယ်။ ဒါကို ရက်အနည်းငယ်လောက် နေရောင်နဲ့ ထိပြီးနောက်မှာ သိသာလာပါလိမ့်မယ်။

    သင့်တင့်တဲ့ အသားအရေရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်တဲ့ တင်းတိပ်တွေက အများအားဖြင့်တော့ နေရောင်ထိလို့ ဖြစ်တာပါ။ တင်းတိပ်ဆိုတာ နေရောင်ထိလို့ အသားအရေ ပျက်စီးနေတယ်ဆိုတာကို ပြတဲ့ လက္ခဏာ ဖြစ်ပြီး နေရောင်ကနေ ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာကို ညွှန်ပြတာလည်း ဖြစ်ပါတယ်။

    ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်တွေက သာမန်မျက်စိနဲ့ မြင်ဖို့ခက်တဲ့ အရေပြားဆဲလ် ပျက်စီးခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ တချို့ဒဏ်ရာတွေက သူ့ဖာသာ ပြန်ကုစားနိုင်ပေမယ့် တချို့ဒဏ်ရာတွေက တစ်နှစ်ပြီးတစ်နှစ် ပိုတိုးလာတာပါ။ နှစ် ၂၀၊ ၃၀ ဒါမှမဟုတ် အဲ့ထက်ပိုကြာတဲ့အခါ ဒီစုလာတဲ့ ဒဏ်ရာတွေက အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ အရေပြားကင်ဆာကိုတောင် ဖြစ်စေပါတယ်။

    ဘာကြောင့်လဲဆိုတော့ အရေပြားက UVA ကို UVB ထက် ပိုပြီး စုပ်ယူလို့ပါ။ UVA က အရေပြားရဲ့ ကျုံ့ဆန့်နိုင်မှု စွမ်းရည်ကို ထိခိုက်စေပြီး UVB ကြောင့်ဖြစ်တာထက် ပိုပြင်းတဲ့ အမဲအစက်အပြောက်တွေကိုလည်း ဖြစ်စေပါတယ်။ UVA ဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ (အချိန်မတိုင်မီ အိုမင်းအောင် လုပ်ဆောင်ပေးတဲ့) အရာလို့ သိထားပါတယ်။

    ကျွန်တော်တို့ အသားအရေကို ခရမ်းလွန်ရောင်ခြည် ခံယူပြီး melanin ဓါတ်ကို ထွက်စေတဲ့အခါ ကြေးနီရောင်သန်းနေတဲ့ အသားအရေက ဝင်းဝါတယ်လို့ လူတွေက ယူဆကြပါတယ်။ melanin ဓါတ်က အရေပြား ထူလာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါက အရေပြား တောက်ပမှု လျှော့ချပေးနိုင်ပါတယ်။

    UVB ထက် ပို အန္တရာယ်များတဲ့ UVA

    အပေါ်မှာ ပြောထားတဲ့အတိုင်းပဲ UVA က UVB ထက် ပိုအန္တရာယ် များပါတယ်။ ပိုပြီး နွေးထွေးတဲ့ နွေလတွေမှာ UVB က အပြင်းထန်ဆုံးဖြစ်နေတဲ့အချိန် ကျွန်တော်တို့ဟာ တကယ်တော့ တစ်နှစ်လုံး UVA ကို ထိတွေ့နေကြရတာပါ။ ဒါက ဘာကို ဆိုလိုတာလဲဆိုရင် ကျွန်တော်တို့ဟာ မည်းမှောင်ပြီး တိမ်ဖုံးနေတဲ့အောက်မှာ နေတဲ့အချိန်မှာတောင် ပြင်းထန်တဲ့ UVA ကို ထိတွေ့နေရတာလို့ ပြောတာပါ။ ထပ်ပြောရရင် UVA က ဖန်သားတွေကို ထိုးဖောက်နိုင်ပါတယ်။ သင့်အစီအစဉ်က ဘာပဲ ဖြစ်ဖြစ် သင့်နေထိုင်မှုထဲမှာ နေရောင်ခြည်ကို နေ့စဉ် ကာကွယ်ဖို့ စိတ်ထဲမှတ်ထားအောင် အဓိက ပြောချင်တာပါ။

    တိမ်တွေက UVB၊ လောင်ကျွမ်းစေတဲ့ ရောင်ခြည်တွေကို တားဆီးနိုင်ပေမယ့် UVA ကို မတားဆီးနိုင်ဘူးဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် နေလောင်နိုင်ချေ နည်းနေစဉ်မှာ အတွင်းနက်နက်ထိ ထိုးဖောက်နိုင်တဲ့ UVA နဲ့ ထိတွေ့ပြီး အရေပြား ထိခိုက်နိုင်ပါတယ်။ ဒါက အသားအရေကို ညိုမည်းစေပြီး အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ သင့်အရေပြားကို နေရောင်ကနေ ကာကွယ်ဖို့ အရေးကြီးပါတယ်။ တိမ်ထူတဲ့ နေ့တွေ ဆိုရင်တောင်မှပေါ့။

    သင့်အရေပြားကို နေရောင်ကနေ ကာကွယ်ရမယ်ဆိုတာ သိပြီးရင် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးတဲ့ broad-spectrum sun care လိုမျိုး တစ်ခုလောက် သုံးသင့်ပါတယ်။ အရေပြားအထူးကုတွေက အပြင်မထွက်ခင် အမျိုးအစားတစ်ခုကို သင့်တင့်တဲ့ ပမာဏလောက် လိမ်းဖို့ ညွှန်ကြားထားပါတယ်။ ကာကွယ်တဲ့ သက်ရောက်မှုကို ထိန်းဖို့ တစ်နေ့လုံး မကြာမကြာလိမ်းပေးဖို့ကို အမှတ်ရရပါမယ်။

    Hello Health Group သည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement