backup og meta

အင်ပြင်ကွက်ထခြင်း (Hives) ကုသနည်းလမ်းညွှန်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်ပြင်ကွက်ထခြင်း (Hives) ကုသနည်းလမ်းညွှန်

    Hives ကို ဘယ်လိုကုသမလဲ။

    သင့်ဆရာဝန်ကတော့ ကိုယ်တိုင် ဆေးဆိုင်က ဝယ်ပြီးကုသနိုင်တဲ့ ဆေးတွေ (antihistamine) တွေကို သောက်ခိုင်းနိုင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်လုပ်ရမယ့်အဆင့်တွေက အသုံးမဝင်ဘူးဆိုရင်တော့ ဆရာဝန်ကို ဆေးညွှန်းတောင်းနိုင်ပြီးတော့ သင့်အတွက် အကောင်းဆုံးဖြစ်စေမယ့် ဆေးတွေကို ပေါင်းစပ်သောက်နိုင်ပါတယ်။

    ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကုသပါ။ သင့်ဆရာဝန်က Hives တွေဟာ အခြားအခြေအနေ တစ်ခုကြောင့် ဖြစ်တယ်လို့ထင်ရင် ဒီအခြေအနေကို ကုသဖို့ အရင်ကြိုးစားပါလိမ့်မယ်။ ဥပမာ နာတာရှည် Hives တွေရဲ့ Thyroiditis တွေမှာ Thyroid ရောဂါကို အရင်ကုခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

    အိပ်မငိုက်တဲ့ antihistamine တွေကို သောက်သုံးနိုင်ပါတယ်။ Antihistamine ဆေးတွေဟာ နေ့စဉ် Histamine ထုတ်လုပ်တာကို တားပေးတာကြောင့် ယားယံမှုကို သက်သာစေပါတယ်။ နောက်ပိုင်းပေါ်လာတဲ့ antihistamine ဆေးကတော့ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အရင်ဆေးတွေထက် အိပ်ငိုက်တာကို သက်သာစေပါတယ်။

    • Loratadine (Claritin, Alavert)
    • Fexofenadine (Allegra)
    • Cetirizine (Zyrtec)
    • Levocetirizine (Xyzal)
    • Desloratadine (Clarinex)

    တကယ်လို့ နောက်ပိုင်း antihistamine ဆေးတွေက အကျိုးမရှိဘူးဆိုရင် ဆေးအဟောင်းတွေကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ သင့်ကို အိပ်ငိုက်စေတာကြောင့် အိပ်ချိန်မတိုင်မီ သောက်သုံးသင့်ပါတယ်။ ဥပမာတွေကတော့

    • Hydroxyzine (Vistaril)
    • Diphenhydramine (Benadryl)
    • Chlorpheniramine (Chlor-Trimeton) တို့ပဲဖြစ်ပါတယ်။

    သင့်မှာ ကိုယ်ဝန် ရှိရင်၊ ကလေးနို့တိုက်နေရင် ၊ နာတာရှည် ရောဂါရှိရင် (သို့ ) တခြားဆေးတွေသောက်နေရင် ဆေးမသောက်ခင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    အခြားဆေးတွေကို သုံးစွဲကြည့်ပါ။ တကယ်လို့ antihistamine တစ်မျိုးတည်းနဲ့ မသက်သာရင် အခြားဆေးတွေဟာလည်း အကျိုးရှိနိုင်ပါတယ်။

    • H2 blocker – ဒီဆေးတွေကို ထိုးဆေးရော သောက်ဆေးအဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ ဥပမာတွေကတော့ cimetidine (Tagamet), ranitidine (Zantac), nizatidine (Axid) နဲ့ famotidine (Pepcid) တို့ပဲဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ အစာခြေပြဿနာတွေကနေ ခေါင်းကိုက်ခြင်းအထိ ရှိတတ်ပါတယ်။
    • အရောင်ကျဆေးများ – prednisolone လိုမျိုး corticosteroid သောက်ဆေးတွေဟာ ရောင်ရမ်းမှု၊ နီမြန်းမှုနဲ့ ယားယံမှုတို့ကို လျော့ကျစေပါတယ်။ သူတို့တွေဟာ ဘေးထွက်ဆိုးကျိုး ပြင်းထန်တာကြောင့် အချိန်ခဏသာ အသုံးပြုရပြီး ပြင်းထန်တဲ့ Hives နဲ့ angioedema တွေမှာ အသုံပြုနိုင်ပါတယ်။
    • Corticosteroid ခရင်မ်တွေကို အရေပြားပေါ်လိမ်းပေးခြင်းဟာ နာတာရှည် hives တွေ အတွက် အသုံးမဝင်ပါဘူး။ Corticosteroid ဟာ ကိုယ်ခံအားကို ကျဆင်းစေပြီး ရောဂါပိုးအလွယ်တကူ ဝင်ရောက်နိုင်တာကြောင့် သင့်မှာ ရှိနေပြီးဖြစ်တဲ့ ရောဂါပိုးကို ပိုဆိုးစေနိုင်ပါတယ်။
    • စိတ်ကျဆေး – Doxepin (Zonalon) လို့ ခေါ်တဲ့ စိတ်ကျဆေးဟာ ခရင်မ်ပုံစံနဲ့ အသုံးပြုနိုင်ပြီးတော့ ယားယံမှုကို သက်သာစေပါတယ်။ ဒီဆေးဟာ ခေါင်းမူးခြင်းနဲ့ အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

    အခြား ဆေးကုသမှုတွေကို လေ့လာပါ။ အခြား ဆေးကုသမှုတွေဟာ နာတာရှည် hives ရှိပြီး ဆေးမတိုးသူတွေအတွက် အသုံးဝင်နိုင်ပါတယ်။

  • ထိုးနိုင်တဲ့ ပန်းနာရင်ကျပ်ဆေး – လေ့လာမှု အတော်များများက omalizumab (Xoliar) ဟာ ကုသရန်ခက်ခဲတဲ့ နာတာရှည် hives တွေအတွက် အလွန်အစွမ်းထက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာ ဈေးကြီးတာပါတယ်။
  • Antihistamine ပါဝင်တဲ့ ပန်းနာရင်ကျပ်ဆေး – Leukotriene modifiers တွေ ရဲ့ အစွမ်းကို နှောင့်ယှက်တဲ့ ဆေးတွေဟာ antihistamine တွေနဲ့ အတူတူ အသုံးပြုရင် အကျိုးရှိနိုင်ပါတယ်။ ဥပမာတွေကတော့ montelukast (Singulair) နဲ့ zafirlukast (Accolate) တို့ပဲဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။
  • Cyclosporine – ဒီဆေးဟာ ကိုယ်ခံအားစနစ်ကို အကျိုးသက်ရောက်မှု ရှိပြီး နာတာရှည် Hives တွေကို သက်သာစေပါတယ်။ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့ပြီးခေါင်းကိုက်ခြင်းကနေ ရောဂါပိုး ကူးစက်မှု မြင့်မားခြင်းနဲ့ ကျောက်ကပ် လုပ်ငန်းဆောင်တာ လျော့ကျခြင်းတို့ဖြစ်နိုင်ပါတယ်။
  • Tacrolimus – Cyclosporin လိုမျိုးပဲ ဒီဆေးဟာလည်း hives ကိုဖြစ်စေတဲ့ ကိုယ်ခံအားစနစ်ကို လျော့ကျစေပါတယ်။ ပြီးတော့ သူဟာလည်း ပျော့တဲ့ ဘေးထွက်ဆိုးကျိုးတွေကနေ ပြင်းထန်တဲ့ ဆိုးကျိုးတွေအထိ ဖြစ်စေနိုင်ပါတယ်။
  • Mycophenolate – ဒီဆေးဟာလည်း ကိုယ်ခံအားကို ကျဆင်းစေပြီး hives ကို သက်သာစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ ကလေးပျက်ကျနိုင်ခြေနဲ့ မွေးလာတဲ့ကလေးမှာ ချို့ယွင်းမှု ရရှိနိုင်ခြေ များပြားပါတယ်။
  • Hives တွေကို ဘယ်လို ကိုင်တွယ်မလဲ။

    အောက်ဖေါ်ပြပါ အချက်တွေဟာ နာတာရှည် hives တွေကို သက်သာစေပါလိမ့်မယ်။

    • ပေါ့ပါးပြီး ချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
    • ကုတ်ခြင်း (သို့) ပြင်းထန်တဲ့ ဆပ်ပြာ သုံးခြင်းမှ ရှောင်ကျဉ်ပါ။
    • ရေချိုးခြင်း၊ ယပ်ခတ်ခြင်း၊ အေးတဲ့ အဝတ်နဲ့ အအေးခံခြင်းနဲ့ သက်သာစေတဲ့ လိုးရှင်းတွေ ရောဂါရှိတဲ့နေရာကို လိမ်းပေးခြင်းကို ပြုလုပ်သင့်ပါတယ်။
    • Hives တွေ ဘယ်အချိန် ဘယ်လိုဖြစ်လာလဲ၊ ဖြစ်လာတဲ့အချိန်မှာ ဘာလုပ်နေလဲ၊ ဘာစားနေလဲ အစရှိသည်တို့ကို ဒိုင်ယာရီ ရေးထားသင့်ပါတယ်။ ဒါဟာ သင်နဲ့ ဆရာဝန်ကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ လွယ်ကူစေပါတယ်။

    သိရှိပြီးဖြစ်တဲ့ Hives ဖြစ်စေတဲ့အရာတွေ ဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ အရက်၊ အကိုက်အခဲ ပျောက်ဆေး၊ အပူ၊ အအေး၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ကို ရှောင်ရှားသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement