ထိုးထားတဲ့ တက်တူးကို သန့်စင် စေဖို့ရာအတွက် ပိုးမဝင်စေအောင် ၎င်းကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ဘတ်တီးရီးယားပိုး ကာကွယ်ပေးသော အနံ့မပါသည့် ဆပ်ပြာနဲ့ အကြိမ်ကြိမ် ဆေးကြောပေးသင့်ပါတယ်။ တက်တူး အနာမကျက်မခြင်း ဒီအလေ့အထကို ဆက်လက် ထိန်းသိမ်းပြီး ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ လက်မဆေးရသေးဘူးဆိုရင် တက်တူးကို မထိဖို့ရာ သတိရပါ။
တက်တူးကို ဒီလိုဆေးကြော သန့်စင်ပြီးတဲ့ အခါမှာ အဆီတစ်ခုကို လိမ်းပေးခြင်းအားဖြင့်ရေဓါတ်ပြည့်ဝနေအောင် လုပ်ပါ။ ဒီလိုပြုလုပ်ခြင်းကို ပထမပိုင်း ရက်အနည်းငယ်အတွင်းမှာပဲ ပြုလုပ်ပေးသင့်ပါတယ်။ သို့သော် တက်တူးအနာ အမြန်ကျက် စေဖို့ရာအတွက် ပါးပါးလေးပဲ လိမ်းပေးသင့်ပါတယ်။ အဆီတွေ အများကြီးလိမ်းပေးခြင်း အားဖြင့် ၎င်းဟာ အနာကျက်ခြင်းကို နှေးစေနိုင်ပါတယ်။
ဒီလို အဆီလိမ်းပြီး ရက်အတော်အကြာပြီးတဲ့ အခါမှာ လိုးရှင်းကို လိမ်းပေးသင့်ပါတယ်။
တက်တူးကိုလည်း လွတ်လွတ်လပ်လပ် ထားပေးဖို့ရာ အရမ်းကြပ်သော အဝတ်အစားတွေကို မဝတ်ပါနဲ့။ တက်တူးထိုးထားတဲ့ အရုပ်ပေါ်မှာ ခေါင်းအုံးပြီး အိပ်စက်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ တက်တူးကို အဝတ်အစားတွေနဲ့ ပွတ်တိုက်မယ်ဆိုရင်လည်း တက်တူးအရုပ်မှ မှင်ပျံ့ခြင်း သို့မဟုတ် တက်တူး ပုံပျက်သွားခြင်း ဖြစ်နိုင်ပါတယ်။
တက်တူး ဒဏ်ရာ ကျက်နေတဲ့ အချိန်အတောအတွင်းမှာ ရေကူးခြင်း၊ ရေစိမ်ချိုးခြင်း သို့မဟုတ် ချွေးအလွန်ထွက်စေသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် တက်တူးထိုးပြီး ပထမ ၂ပတ်အတွင်းမှာ နေရောင်နှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။ တကယ်လို့သာ ဒီလိုတွေ လုပ်ခဲ့မယ်ဆိုရင် တက်တူးကို ပျက်စီးစေနိုင်ပြီး အနာကျက်တဲ့ ဖြစ်စဉ်ကိုလည်း နှေးသွားစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။