backup og meta

ကီးလွိုက်အမာရွတ်များ-ဖြစ်စေသော အကြောင်းများ၊ရောဂါလက္ခဏာများနှင့် ကုသမှုများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကီးလွိုက်အမာရွတ်များ-ဖြစ်စေသော အကြောင်းများ၊ရောဂါလက္ခဏာများနှင့် ကုသမှုများ

    သင်၏ ခန္ဓါကိုယ်ပေါ်ရှိအမာရွတ်များကြောင့် ရှိးတိုးရှန့်တန့်မဝံ့မရဲဖြစ်နေပါသလား။ ဤအမာရွတ်များကို မိတ်ကပ်၊ အဝတ်အစားများနှင့် ဖုံးကွယ်နေရသည်ကို ပင်ပန်းနေပြီလား။ အမာရွတ်များသည် သင့်အသားအရေ၏ အသွင်အပြင် ကိုပျက်စီးစေသည်။ အထူးသဖြင့် သိသာထင်ရှားစွာ ကြွတက်နေသော ကီးလွိုက်အမာရွတ်များဖြစ်သည်။ ကီးလွိုက် အမာရွတ်ဆိုတာဘာလဲ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲစသည့် မေးခွန်းများသည် လူအများစိတ်အဝင်စားဆုံး အရာများ ဖြစ်သည်။ ၎င်းတို့အတွက် အဖြေများကို အောက်တွင် ဖော်ပြသွားမည်။

    ကီးလွိုက်အမာရွတ် ဖြစ်စေသော အကြောင်းများ

    ခွဲစိတ်ရာများ၊ ဝက်ခြံအမာရွတ်များ၊ ထိုးဖောက်ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများနှင့် ရေကျောက်များစသော အရေ ပြားပျက်စီးမှုများဖြစ်ပြီးနောက် အမာရွတ်တစ်ရှုးထူထူများ ကြွတက်လာကာ အနာကျက်နေသော ဧရိယာ၏ အပြင် ဘက်သို့ ထွက်လာလျှင် ကီးလွိုက် အမာရွတ်များ ဖြစ်လာပါသည်။

    ကီးလွိုက်အမာရွတ်ဆိုတာဘာလဲ။

    ကီးလွိုက်အမာရွတ်ဆိုသည်မှာ အမာရွတ်တစ်ရှူးသည် မူလထိခိုက်မိသော ဒဏ်ရာထက်ပို၍ ကြီးမားကျယ်ပြန့်စွာ ကြီး ထွားလာပြီး အရေပြားပေါ်တွင် အပုံလိုက်ကြွတက်နေသော မာကြောသော အမာရွတ်တစ်မျိုးဖြစ်သည်။ ကီးလွိုက်အမာရွတ်များသည် အများအားဖြင့် ပန်းရောင် (သို့) ခရမ်းရောင်ဖြစ်ပြီး မျက်နှာပြင် ချောမွတ်ကာ ပုံသဏ္ဍာန်အတိအကျ မရှိပေ။ ကီးလွိုက်များသည် ခန္ဓါကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ရင်ညွန်ရိုး၊ ပခုံး၊ ရင်ဘတ်အထက်ပိုင်း၊ ကျော၊ နားရွက်နှင့် မျက်နှာတို့တွင် ပို၍ အဖြစ်များသည်။ အသက် ၁ဝနှစ်မှ ၃ဝနှစ်ကြားရှိသူများနှင့် အသားညိုသူများ တွင် ဖြစ်နိုင်ချေပိုများသည်။ ၎င်းတို့သည် ကင်ဆာအဖြစ်သို့ မပြောင်းလဲနိုင်ပါ။ သို့သော် ခံစားရသူများအနေနှင့် စိတ်ပျက်မှုများ၊ နာကျင်မှုများကို ခံစားရနိုင်သည်။

    သို့သော် အရေပြားပညာရှင်များကပင် ကီးလွိုက်အမာရွတ်များမည်သို့ ဖြစ်လာသည်ကို သေသေချာချာမသိပါ။ ကီးလွိုက်များသည် တစ်ရှူးများပွားခြင်း၊ ကြီးထွားခြင်းတို့ကို ထိန်းချုပ်သည့် ဆဲလ်အချက်ပြမှုများ ပြောင်းလဲခြင်းနှင့် ပတ် သက်နေသည်ဟု သူတို့က ရှင်းလင်းထားသည်။ ကီးလွိုက်များသည် မျိုးရိုးမလိုက်တတ်ပါ။ ထို့ကြောင့် သင်၏မျိုးရိုးဗီဇ နှင့် ကီးလွိုက်သည် သက်ဆိုင်ခြင်းမရှိပါ။

    ကီးလွိုက်အမာရွတ်များ၏ ရောဂါလက္ခဏာက ဘာတွေလဲ။

    ကီးလွိုက်အမာရွတ်များသည် နီရဲပြောင်တင်းနေတတ်သည်။ အချို့ကီးလွိုက်များသည် အချိန်ကြာလာသည်နှင့်အမျှ အလွန်ကြီးမားလာကာ မြင်မကောင်းရှုမကောင်း ဖြစ်လာသည်။ သင်၏ အရေပြားသည် နေရောင်နှင့် ထိတွေ့လျှင် ၎င်း တို့၏ အရောင်ရင့်လာသည်။ ၎င်းတို့သည် ယားယံစေတတ်ပြီး ထိမိရုံဖြင့်ပင် နာကျင်စေနိုင်သည်။ အဆစ်များပေါ်တွင်ဖြစ်သော ကြီးမားသော ကီးလွိုက်များသည် ယင်းအဆစ်၏ လှုပ်ရှားမှုများကို ထိခိုက်စေပြီး ၎င်းတို့ကို ပျောက်ကင်းအောင်ကုသရန် အခက်အခဲများစွာ ရှိပါသည်။

    ကီးလွိုက်အမာရွတ်အတွက် ကုသမှုများ

    တကယ်တော့ ကီးလွိုက်အမာရွတ်များ ပျောက်ကင်းသွားရန် (သို့) ၎င်းတို့၏ပုံသဏ္ဍာန်ပြောင်းလဲစေရန် လွယ်ကူရိုးရှင်း သော အဖြေမရှိပါ။ ကုသမှုခံယူပြီးနောက် သင်၏အရေပြားသည် ယခင်ကကဲ့သို့ အပြစ်အနာအဆာကင်းသွားမည် မ ဟုတ်သော်လည်း အနည်းဆုံးသင့်အနေနှင့် စိတ်သက်သာရာရသွားမည်ဖြစ်ပြီး ယခင်လောက်လည်း သိသာတော့မည်မဟုတ်ပါ။ ကီးလွိုက်အမာရွတ်များကို ကုသရန် ခတ်ပေါ်နည်းပညာများကို ပေါင်းစပ်အသုံးပြုရန်လိုအပ်ပါသည်။

    အအေးဖြင့်ကုသခြင်း – ဤကုသမှုသည် သေးငယ်၍ သက်တမ်းမကြာသေးသော ကီးလွိုက်အမာရွတ်များ (ဥပမာ-ဝက် ခြံအမာရွတ်များ) အတွက်အကောင်းဆုံးဖြစ်ပါသည်။ အအေးဖြင့်ကုသခြင်း (cryotherapy) တွင် နိုက်ထရိုဂျင်အရည်ကို သုံးကာ အမာရွတ်ကို အေးခဲစေပြီး သင်၏ အသားအရေကို ဝင်းလက်စေသည်။ cryotherapy ပြီးစီးရန်အတွက် ရက် ၂ဝ မှ ၃ဝ အထိကြာတတ်သည်။

    သမာရိုးကျခွဲစိတ်မှု – ဤကုသမှုသည် ကီးလွိုက်အမာရွတ်များကို ရိုးရှင်းစွာဖြတ်ထုတ်သော သမားရိုးကျခွဲစိတ်မှုဖြစ်သည်။ သို့ သော်လည်း ခွဲစိတ်မှုကြောင့် ကီးလွိုက်များပိုဖြစ်နိုင်သည်။ ကီးလွိုက်များပြန်ဖြစ်ခြင်းမှ ကာကွယ်ရန် ခွဲစိတ်ကုသမှုကို အခြားနည်းလမ်းများဖြစ်သော လေဆာကုသမှု၊ ဆေးထိုးကုသမှုတို့နှင့် ပေါင်းစပ်ပြုလုပ်သင့်သည်။ ခွဲစိတ်ပြီး ၂လမှ ၆လအတွင်း အမာရွတ်ပေါ်တွင် ဆီလီကုန်းဂျယ်လ် (silicone gel) ပတ်တီးဖြင့် တစ်ရက်လျှင် ၁၂နာရီမှ ၂၄ နာရီအထိ ပတ်ထားရန် လိုအပ်သည်။

    ဤလုပ်ငန်းစဉ်များကို သေချာစုံစမ်းပြီးမှ ပြုလုပ်သင့်ပြီး လိုင်စင်ရ ခွဲစိတ်ဆရာဝန်များဖြင့်သာ ပြုလုပ်သင့်သည်။

    ကော်တီကိုစတီးရွိုက်ထိုးဆေးများ – ဤကုသမှုသည် ကီးလွိုက်အမာရွတ်များအတွက် အသုံးများသော ကုသမှုဖြစ် သည်။ ကီးလွိုက်အမာရွတ်ကုသမှုအတွက် ထောက်ခံချက်ရရှိထားသော အထူးဆေးဝါးကို သင်၏အမာရွတ်အတွင်း သို့ ထိုးသွင်း၍ ကုသသည်။ ခွဲစိတ်မှုပြီးနောက် အအေးကုသမှုခံယူပါက ရလဒ်အကောင်းဆုံးဖြစ်သည်။ ကုသမှုပြုလုပ် စဉ်တွင် သင်သည် မသက်မသာဖြစ်ကောင်းဖြစ်မည်။ ကော်တီကိုစတီးရွိုက်ဖြင့် ကီးလွိုက်အမာရွတ်များကို ကုသရန် အချိန် ၄ပတ်မှ ၆ပတ်အထိ လိုအပ်သည်။

    လေဆာကုသမှုများ – လေဆာရောင်ခြည်ဖြင့်ကုသမှုများသည် ကီးလွိုက်အမာရွတ်များကို ဖယ်ရှားနိုင်သည်။ သို့သော် ကီးလွိုက်အမာရွတ်များ ထာဝရပျောက်သွားလိမ့်မည်ဟု မည်သူမျှ အာမခံချက်မပေးနိုင်ပါ။ ဤလုပ်ငန်းစဉ်သည် သမားရိုးကျခွဲစိတ်မှု၏ အခြားနည်းလမ်းတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းနည်းလမ်း ၂ခုလုံးကို သုံးခြင်းသည် အကောင်း ဆုံးရလဒ်များကို ပေးစွမ်းနိုင်သည်။

    ဓါတ်ရောင်ခြည်ကုသမှုများ- ဓါတ်ရောင်ခြည်ကုသမှုသည် ကီးလွိုက်အမာရွတ်များအတွက် နောက်ဆုံးရွေးချယ်စရာ ဖြစ်သော အငြင်းပွားဖွယ်ကုသမှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ရောင်ခြည်များသည် ကင်ဆာဖြစ်စေ သော အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။ စောစီးစွာသိရှိခြင်းနှင့် ကုသခြင်းတို့က သင့်အား အကောင်းဆုံး အကျိုးရလဒ်ကို ပေးစွမ်းနိုင်ပါ သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement