home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပိုမို စိုပြည်ကောင်းမွန်သော လိင်မှုဘဝသို့

ပိုမို စိုပြည်ကောင်းမွန်သော လိင်မှုဘဝသို့

ကြင်ဖော်စုံတွဲတွေအနေနဲ့ လိင်ကိစ္စမှာ အပြောင်းအလဲမရှိဘဲ ထပ်တလဲလဲနဲ့ ရိုးအီလာရင် ငါတို့ပဲ ဖြစ်နေသလားဆိုပြီး ထင်တတ်ကြပါတယ်။ တကယ်တော့ စုံတွဲတိုင်း တစ်ချိန်ချိန်မှာ ကြုံတွေ့တတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ချစ်သက်ကြာလာရင် ပြောနေတဲ့ စကားတွေပါ ခြောက်သွေ့လာသလို ရှိပါတယ်။ ရင်းနှီးပွင့်လင်းခြင်းဟာ လိင်စိတ်ဆန္ဒ စေ့ဆော်ခြင်းကို အသုံးသတ်စေတယ်လို့ သုတေသီတစ်ဦးက ပြောဖူးပါတယ်။ တစ်ဦးအပေါ်တစ်ဦး အတွင်းကျကျသိမြင်လာချိန်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ လျော့နည်းသွားကြတယ်လို့ ဆိုပါတယ်။

အခု ဆက်လက်ဖော်ပြမှာကတော့ လိင်မှုကိစ္စမှာ စိတ်အားထက်သန်မှုလျော့နေရင် ဘယ်လိုပြန်လည် စေ့ဆော်သင့်သလဲ ဆိုတာတွေပါပဲ။

၁။ သင့်ကိုယ်ခန္ဓာရဲ့ စွမ်းအင်တွေကို နည်းလမ်းအသစ်နဲ့ ဖွင့်ထုတ်ပါ

အဲလိဆန်မွန်းလို့ အမည်ရတဲ့ သုတေသီဟာ ကခုန်ဖို့၊ ယောဂလေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုပါတယ်။ တစ်နည်းအားဖြင့် မိမိကိုယ်ခန္ဓာကို သန်မာအောင်၊ ပျော့ပြောင်းအောင် လေ့ကျင့်ခြင်းအပြင် အပြောင်းအလဲလုပ်ရာလည်း ရောက်ပါတယ်။ မိမိအဖော်အတွက်လည်း ပိုမိုဆွဲဆောင်ရာ ရောက်ပါတယ်။ စစ်တမ်းတစ်ခုအရ လိင်ပိုင်းဆိုင်ရာမှာ မပွင့်လင်းတဲ့ စုံတွဲများဟာ အထီးကျန်ဝမ်းနည်းလွယ်ပြီး မိမိအဖော်ကို မဆွဲဆောင်နိုင်သလို ခံစားရတတ်ပါတယ်။ မိမိကိုယ်ခန္ဓာကို နည်းလမ်းအသစ်တွေနဲ့ လေ့ကျင့်လှုပ်ရှားပြီး လိင်မှုကိစ္စကို ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ပါ။

၂။ ဒိုပါမင်းကို အစပျိုးပြီး အတွေ့အကြုံသစ်စတင်ပါ

အသစ်အဆန်းများကို ဖန်တီးခြင်းဟာ ရင်းနှီးကျွမ်းဝင်စိတ်ကို ပိုမိုအားပေးပါတယ်။ မိမိတို့ပြုမူနေကြ ပုံစံတွေထဲက ကွဲထွက်ပြီး စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေကို ရှာဖွေပါ။ အသစ်အဆန်းများကို ကြုံတွေ့ရတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ဒိုပါမင်းထွက်လာစေပြီး ပျားရည်ဆမ်းကာလတွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။
ပညာရှင်တွေရဲ့ အဆိုအရ ဒိုပါမင်းအပါအဝင် ဦးနှောက်ထဲက တခြားဓာတုပစ္စည်းတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုနဲ့ ရိုမန်တစ်ဆန်တဲ့ ခံစားချက်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါကြောင့် ကြင်ဖော်စုံတွဲတွေအနေနဲ့ လှုပ်ရှားမှုအသစ်တွေကို အတူတကွ ပြုလုပ်သင့်ခြင်း ဖြစ်ပါတယ်။ အတွေ့အကြုံအသစ်တွေဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆန္ဒနှိုးဆွပေးနိုင် အထောက်အကူပြုပါလိမ့်မယ်။

၃။ ပွင့်လင်းစွာ ဆွေးနွေးဖို့ အချိန်ပေးပါ

ကြင်ဖော်စုံတွဲတွေအနေနဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုဆွေးနွေးသင့်ပါတယ်။ သင်ဘာကို ကြိုက်သလဲ၊ ဘာကို မကြိုက်သလဲ၊ သင့်ရဲ့အဖော်ရော ဘာကြိုက်သလဲ စသဖြင့် အချိန်ယူ ဆွေးနွေးပါလို့ သုတေသီတစ်ဦးက တိုက်တွန်းပါတယ်။ ပုံစံအသစ်အဆန်းတွေ၊ လိင်မှုဆိုင်ရာ စိတ်ကူးစိတ်သန်းအသစ်တွေ၊ စိတ်လှုပ်ရှားစရာတွေ မကြာခဏ ရှာဖွေပြီး အတူတကွ မျှဝေဖို့လည်း ဆိုထားပါတယ်။ ကောင်းတာကတော့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုမြင့်တက်နေဖို့ မိမိကိုယ်ကို ဖိအားပေးနေခြင်းမျိုး မလုပ်ဖို့ပါပဲ။ မိမိရဲ့အဖော် ဘာကိုကြိုက်တယ် ဘာကိုမကြိုက်ဘူးလဲ သတိထားပြီး ညှိနှိုင်းလုပ်ဆောင်သွားရင် ဖိအားမရှိဘဲ သာယာကြည်နူးစရာ ဖြစ်ပါလိမ့်မယ်။

၄။ အွန်လိုင်းပေါ်မှာ လေ့လာပါ

အင်တာနက်ဟာ တခြားဗဟုသုတများသာမကဘဲ လိင်မှုကိစ္စများအတွက်လည်း ဟင်းလေးအိုးကြီးပဲ ဖြစ်ပါတယ်။ စုံတွဲများအနေနဲ့ အတူနေတဲ့ပုံစံအသစ်တွေ၊ နည်းစနစ်တွေ၊ အထောက်အကူပြုပစ္စည်းကိရိယာတွေ ရှာဖွေလေ့လာနိုင်ပါတယ်။ အတူတကွ ရှာဖွေကြည့်ရှုရင် ပိုမိုရင်းနှီးပြီး ကြည်နူးစရာအချိန်တွေပါ ရနိုင်ပါတယ်။

၅။ ပုံစံအသစ်နဲ့ ချစ်ပါ

Role play ဟာ စုံတွဲတွေရဲ့ လိင်မှုကိစ္စမှာလည်း အရေးပါတယ်လို့ ဆိုပါတယ်။ နောက်ခံ ဇာတ်လမ်းများ ထွင်ပြီး ဝတ်ပုံစားပုံပါ ပြောင်းလဲကြည့်ပါ။ အချစ်ဇာတ်လမ်းအသစ်သဖွယ် ခံစားကြည့်ဖို့တောင် တိုက်တွန်းပါတယ်။ ပိုကောင်းတာကတော့ မိမိနေအိမ် ဒါမှမဟုတ် အတူနေနေကြနေရာကိုပါ ပြောင်းလဲပြီး နေရာအသစ်မှာ ပြောင်းနေပါလို့ သုတေသီတွေက တိုက်တွန်းပါတယ်။

၆။ စိတ်ကြွစေသော ရုပ်ရှင်များ အတူကြည့်ပါ

စုံတွဲများအတူတကွကြည့်နိုင်တဲ့ လိင်စိတ်ကိုစေ့ဆော်ပေးတဲ့ ရုပ်ရှင်တွေ ရှိပါတယ်။ ဒီရုပ်ရှင်များကို အတူတကွကြည့်ပြီး ပြောဆိုဆွေးနွေးခြင်းဟာ စုံတွဲတွေအကြား ရင်းနှီးပွင့်လင်းပြီး ကြည်နူးဖွယ်ရာ အချိန်တွေကို ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။

၇။ မိမိအဖော်ရှေ့မှာ မိမိရဲ့သာယာမှုကိုပြပါ

မိမိရဲ့အဖော်ရှေ့မှာ အာသာဖြေပြခြင်းဟာ ရင်းနှီးမှုကို ပိုစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေအာသာဖြေခြင်းမှာလည်း ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြေလျော့မှုဖြစ်စေပြီး စိတ်ဖိစီးမှု လျော့စေပါတယ်။ မိမိအဖော်နဲ့ အတူနေဖို့အတွက်လည်း ကောင်းကောင်းအစပျိုးစေပါတယ်။

၈။ စိတ်ဖိစီးမှုတွေကို မျိုသိပ်မထားပါနဲ့

တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ထုတ်မပြောဖြစ်ခြင်းဟာ ကြာလာရင် နှစ်ဦးသားဆက်ဆံရေးကိုပါ ထိခိုက်လာစေပါတယ်။ ပြသနာတစ်ခုခုဆို ရှောင်နေတာထက် ပွင့်လင်းစွာ ပြောဆိုဖြေရှင်းသင့်ပါတယ်။ ပဋိပက္ခကို ရှောင်လွှဲထားတတ်တဲ့ စုံတွဲတွေထက် မကြခဏငြင်းခုန်နေကြတဲ့ စုံတွဲတွေက ပိုမိုပျော်ရွှင်ရကြောင်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 22/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။