backup og meta

လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ စိတ်ညစ်နေရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ စိတ်ညစ်နေရလား

    ပြီးပြည့်စုံတဲ့ လက်တစ်စုံပိုင်ဆိုင်ဖို့တာ ကျန်းမာပြီး လှပတဲ့ လက်သည်းလေးတွေရဲ့ အကူအညီမပါဘဲ မရနိုင်ပါဘူး။ ကြည်လင်တဲ့ လက်သည်းလေးတွေ ပါဝင်မှသာ လက်ရဲ့ အလှ ပြည့်စုံမှာပါ။ ဒါပေမဲ့ တချို့ မိန်းကလေးတွေမှာတော့ လက်သည်းရှည်လေး ရဖို့ အတော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းက ကြွပ်ဆတ်ပြီး လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ ပါ။ ဒါမျိုးတွေ ကင်းဝေးဖို့ဆိုရင်တော့ လက်သည်းကျိုးရတဲ့အကြောင်းရင်းနဲ့ လက်သည်းတွေ သန်မာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ သိထားဖို့ လိုပါတယ်။ ဖတ်ကြည့်ပါဦးနော်။

    လက်သည်းဆိုတာ

    ကျန်းမာတဲ့ လက်သည်းဆိုတာ အရောင်အသွေးတွေ စိုပြေပြီးလက်သည်းရှည်ထွက်လာတဲ့ ပုံသဏ္ဍာန်လေးလည်း တူညီနေခြင်းပါ။ ပြင်ပ ထိခိုက်မှုတွေ ရှိလာရင်လည်း တော်တန်ရုံ မကျိုးပါဘူး။

    ကိုယ့်ရဲ့ လက်သည်းဟာ ပျော့ပြောင်းပြီး အားနည်းတယ်ဆိုရင်တော့ ကျိုးလွယ်နေမှာ ဖြစ်ပြီး လက်သည်းရှည်လည်း အရမ်းကို နှေးနေမှာပါ။ ပြီးရင် လက်သည်းကွဲထွက်တာတွေနဲ့ အစင်းကြောင်း ဖြစ်တာတွေလည်း ရှိနေမှာပါ။

    လက်သည်းရှည်ထားမရဘဲ လက်သည်းကျိုးလွယ်ရတဲ့ အကြောင်းအရင်း

    Psoriasis လိုမျိုး အရေပြားရောဂါတွေက လက်သည်း ကျိုးကြေလွယ်တာကို ဖြစ်စေပါတယ်။ Hyperthyrodism လို သိုင်းရွိုက်ဂလင်းတွေ မူမမှန်တာမျိုး ရှိနေရင်လည်း လက်သည်းမှာ ပျော့ပြောင်းတာတွေ ဖြစ်ပြီး ကျိုးလွယ်ပါတယ်။

    သွေးအားနည်းရောဂါ ရှိနေတာကလည်း လက်သည်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့ပြင် ကယ်လ်စီယမ် ချို့တဲ့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    လက်သည်းတွေကို ကိုက်တာကလည်း ကျိုးကြေပြီး လက်သည်းရှည်ထားဖို့ ခက်တာတွေ ဖြစ်စေနိုင်ပါတယ်။ လက်သည်းဖျက်ဆေးတွေ ခဏခဏ အသုံးပြုတာကလည်း လက်သည်းဝါတာနဲ့ ကြွတ်ဆတ်တာတွေ ဖြစ်နိုင်ပါသေးတယ်။

    လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ စိတ်ညစ်နေရလား

    ဒါဆိုရင်တော့ လွယ်ကူတဲ့ အိမ်တွင်းနည်းလမ်းနှစ်ခုကို အသုံးပြုကြည့်ပါ။

    အုန်းဆီ

    အုန်းဆီကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ ပစ္စည်းပါ။ ဒီတော့ အုန်းဆီလေး သုံးပြီးတော့ ကျန်းမာတဲ့ လက်သည်းလေးတွေ ဖော်ဆောင်ကြမယ်နော်။

    အုန်းဆီလေးကို နည်းနည်းလေး ပူအောင် အပူပေးလိုက်ပါ။ ပြီးရင် အုန်းဆီကို လက်သည်းနဲ့ လက်ချောင်းထိပ်ဖျားလေးတွေမှာ လိမ်းလိုက်ပါ။ နောက်တော့ ဖြည်းဖြည်းလေး ထိတွေ့ နှိပ်နယ်ပေးပါ။

    ဒါဆိုရင် သွေးလည်ပတ်အားကောင်းပြီး လက်သည်းရဲ့ အစိုဓာတ်ကို ထိန်းပြီးသား ဖြစ်တာကြောင့် ကျိုးကြေပျက်စီးတာတွေ မရှိနိုင်တဲ့အပြင် ခြောက်သွေ့အက်ကွဲတာတွေ မရှိတော့ပါဘူး။ နေ့တိုင်း ပြုလုပ်နိုင်ပါတယ်။

    အုန်းဆီကို သံပရာရည်လေး နှစ်စက်လောက်ရောပြီး လက်သည်းမှာ ပွတ်လိမ်းပေးတာလည်း လုပ်လို့ ရပါတယ်။ လက်သည်းမှာ ကယ်လ်စီယမ် ရရှိပြီး ကျိုးတာတွေ မဖြစ်တော့ပါဘူး။ သံပရာရည် ပါဝင်တဲ့ နည်းလမ်းကတော့ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်ရင် လုံလောက်ပါတယ်။

    ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်ကတော့ ကျိုးကြေလွယ်တဲ့ လက်သည်းတွေအတွက် အကောင်းဆုံး ကုထုံးပါ။ ရှာလကာရည်မှာ လက်သည်းကို အာဟာရပြုနိုင်တဲ့ ဗီတာမင်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်တွေ ပါဝင်ပါတယ်။ နောက်ပြီး Malic acid ပါဝင်တာမို့ လက်သည်းပိုးဝင်တာတွေကိုလည်း တိုက်ထုတ်နိုင်ပါတယ်။

    ပန်းသီးရှာလကာရည်နဲ့ ရေလေး နည်းနည်းလောက် ရောစပ်လိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့ယူပြီး ပွတ်တိုက်ပေးပါ။ နည်းနည်းလေး ကြာအောင်ထားပြီး ရေဆေးကြောလိုက်ပါ။ မာကြောတဲ့ လက်သည်းလေးတွေ ရမှာမို့ လက်သည်းအရှည်ထားမရမှာတွေ စိတ်ပူစရာ မလိုတော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement