ရှူးဖိနပ်စီးရသူတွေမှာ ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်သာ ဝတ်သင့်ပါတယ်။ နိုင်လွန်၊ သိုးမွေး၊ polypropylene စသည့်ချည်တွေဟာ စိုထိုင်းမှုကို အမြန်စုပ်ယူနိုင်ပါတယ်။ ခြေအိတ်ကို နေ့စဉ်လဲသင့်သလို ချွေးများများ ထွက်နေပါကလည်း တတ်နိုင်သလောက် ချက်ချင်းလဲပါ။ တစ်ရက်ကို တစ်စုံထက် ပိုပြီးလည်း သုံးနိုင်တယ်။
သင့်တင့်လျောက်ပတ်သောဖိနပ်စီးပါ
မှိုတွေဟာ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ နေတာကြောင့် ဖိနပ်တွေဟာ အရေးပါပါတယ်။ ကောင်းကောင်းတော်ပြီး ခြေချောင်းလေးတွေအတွက် နေရာအလုံအလောက်ရမယ့် ဖိနပ်မျိုးရွေးပါ။ ဖိနပ်သားကိုလည်း အလေးပေးသင့်တယ်။ သားရေသားဟာ အသင့်တော်ဆုံး ဖြစ်ပြီး ရှူးဖိနပ်တွေထက်စာရင် ခြေချောင်းလေးတွေကို လွှတ်ထားတတ်တဲ့ ကြိုသိုင်းဖိနပ်တွေက ပိုကောင်းပါလိမ့်မယ်။
ပေါင်ဒါမှုန့်သုံးပါ
ခြေထောက်ဆေးပြီး သုတ်ပြီးတဲ့အခါ မှိုအန္တရာယ်ကာကွယ်ပေးတဲ့ ပေါင်ဒါမျိုးလိမ်းပေးပါ။ ဆေးပေါင်ဒါဟာ အကောင်းဆုံးဖြစ်ပြီး ထိုပေါင်ဒါမျိုးကို ဆေးဘက်ဆိုင်ရာ စတိုးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
ပဝါ၊ ခြေအိတ် မျှဝေမသုံးပါနဲ့
မှိုပိုး ကူးနိုင်တာကြောင့် ပဝါတွေ၊ ခြေအိတ်တွေ မျှဝေသုံးစွဲခြင်းဟာ မှိုစွဲနိုင်ချေ ပိုများစေပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်သုံးပစ္စည်းတိုင်းကို မျှေ၀ မသုံးစွဲသင့်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။