backup og meta

အိမ်မှာ လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာ  လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်

    သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ ၅၀%ကို သင့်ခန္ဓါကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့စာရင် သင့်လက်တွေက ပိုပြီးလုပ်ဆောင် ပေးနေရတာပါ။ ဒီအသုံးများတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းလေးကို ဂရုစိုက်ဖို့ ကျွန်မတို့ ဘယ်လောက် စဉ်းစားပေးခဲ့ကြပါသလဲ။

    အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့။ သူတို့ဟာ ပန်းကန်ဆေးတာကစ ကြမ်းတိုက်တာ အဆုံးအိမ် အလုပ်တွေလုပ်ရင်း ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေဟာ အသားအရေနဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ chemical အမျိုးမျိုးနဲ့ ပုံမှန်နီးပါး ထိတွေ့နေကြရတာမဟုတ်လား။

    သင့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြတဲ့ နေရာမှာ Manicure ကောင်းကောင်း လုပ်ထားခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ ဒီနေရာမှာပဲ လက်သည်းတွေကို စွဲလမ်း တပ်မက်ခြင်း အစပြုတော့တာပါပဲ။

    အောက်မှာဖော်ပြထားတဲ့ လက်သည်းနဲ့ လက်တွေအတွက် ရိုးရှင်းတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေက သင့်ရဲ့ပုံစံကို ပိုပြီးကြည့်ကောင်းလာစေရုံသာမက သင့်လက်သည်းတွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံလည်း ပေါက်စေပါတယ်။ သင်ကိုယ်တိုင် သင့်လက်သည်းတွေကို ကြည့်ကောင်းလာအောင် အိမ်မှာဘယ်လိုပြုပြင်နိုင်မလဲဆိုတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို အောက်မှာဖော်ပြထားပါတယ်။

    (၁) ဂွမ်းစလေးကိုယူပြီး လက်သည်း ဖျက်ဆေးထဲနှစ်လိုက်ပါ။ ပြီးရင် သင်လက်သည်းဆိုးထားသည် ဖြစ်စေ မဆိုးထားသည်ဖြစ်စေ သင့်လက်သည်းတွေပေါ်မှာ ပွတ်တိုက်ပေးပါ။ ဘာကြောင့် လုပ်ရတာလဲ? ဘာလို့လဲဆိုတော့ လက်သည်းဖျက်ဆေးနဲ့ ဖျက်လိုက်ခြင်းက ကျွန်မတို့မျက်လုံးတွေနဲ့ မမြင်နိုင်တဲ့အရာတွေကိုဖယ်ရှားပေးနိုင်တယ်လေ။

    (၂) နောက်တစ်ဆင့်မှာ သင့်ရဲ့ လက်သည်းလေးတွေကို ရေနွေးဇလုံထဲမှာ ၅မိနစ်မှ ၁၀မိနစ် နှစ်ထားပေးပါ။ အဲ့လိုလုပ်ခြင်းက သင့်လက်သည်းတွေကို အလွယ်တကူ တိုက်စားပုံဖော်နိုင်ပါတယ်။ ရေအေးလာတဲ့အချိန် (သို့) အခန်းအပူချိန် ရောက်လာတဲ့အခါမှာတော့ သင့်လက်သည်းတွေကို ရေနွေးဇလုံထဲကနေ ထုတ်လို့ရပါပြီ။ သင့်လက်သည်းလေးတွေရဲ့ ပျော့ပျောင်းမှုကိုသင်စပြီးခံစားလာရမှာပါ။ လက်သည်းတွေကို သဘက်လေးနဲ့ ခြောက်အောင် သုတ်ပေးပါ။

    (၃) သင့်လက်သည်းတွေကို သင်ထားလိုတဲ့ အရှည်ထိညှပ်ပေးပါ။ စလုပ်တဲ့ လူတွေအတွက်ဆိုရင်တော့ သင့်လက်သည်းတွေ အလွယ်တကူ မကျိုးသွားဘူးလို့ထင်ရတဲ့ မတိုမရှည် အနေအထားထိ ညှပ်ပေးသင့်ပါတယ်။

    (၄) Nail Filer (လက်သည်းတိုက်ကိရိယာ) ကိုအသုံးပြုပြီးသင့်လက်သည်းတွေကိုပုံဖော်ပါ။ ဖန် နဲ့လုပ်ထားတာဖြစ်ဖြစ် emery board ဘုတ်ပြား နဲ့လုပ်ထားတာပဲဖြစ်ဖြစ် သင်အဆင်ပြေရာသုံးနိုင်ပါတယ်။ တကယ်လို့ ဒါကသင့်ရဲ့ ပထမဆုံး အကြိမ်ဆိုရင်တော့ အနည်းငယ် ကြမ်းတမ်းပြီး အတော်စိတ်ရှုပ်စရာ ကောင်းတယ်လို့ ခံစားရနိုင်ပါတယ်။ သင့်လက်သည်းကို တိုက်စားပုံဖော်တဲ့နေရာမှာ လက်သည်းအလည်ကိုပဲ ဦးတည်ပြီး တစ်ဖက်တည်းပဲ တိုက်ပေးပါ။ (ရှေ့တိုးနောက်ဆုတ်မတိုက်ပါနဲ့။ ဦးတည်ရာတစ်ဖက်တည်းကိုပဲတိုက်ပါ)

    (၅) နောက်တစ်ဆင့်မှာလက်ချောင်းလေးတွေကို cuticle oil အဆီ လိမ်းပေးပါ။ သံလွင်ဆီသို့မဟုတ် jojoba oil ကိုပဲ အသုံးပြုမယ်ဆိုရင်လည်း ရပါတယ်။ လက်ချောင်းတစ်ချောင်းစီပေါ်ကို အစက်သေးသေးလေးချပြီး နာရီလက်တံအတိုင်း (သို့) နာရီလက်တံနဲ့ ပြောင်းပြန် နှိပ်နယ်ပေးပါ။

    (၆) လက်သည်းပန်းကုံးတွေကို cuticle pusher တွန်းတိုက်တံ အသုံးပြုပြီး အသာအယာ လက်ချောင်းတွေရဲ့ အနောက်ဘက်ကို တွန်းပေးပါ။ cuticle pusher တွေကို လက်သည်း အလှဖော်ပစ္စည်းများအစုံပါသောအိတ်တွင် ဖြစ်စေ တစ်ခုချင်းစီဖြစ်စေ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အချို့လူတွေက လက်သည်းပန်းကုံးကို ညှပ်ပစ်တတ်ပါတယ်။ ကျွန်မကတော့ ဒါကို ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ မမြင်ဘူးရှင့်။ လက်သည်းပန်းကုံးတွေက လက်သည်းအောက်ခြေကို ဘက်တီးရီးယားတွေ မှိုတွေနဲ့ yeast တွေ ရန်ကနေ ကာကွယ်ပေးနေတာဖြစ်လို့ သင့်လက်သည်းအတွက် သူက အရေးပါပါတယ်။

    (၇) လက်မှာလိမ်းတဲ့Lotionကိုလက်တွေပေါ်မှာလိမ်းပေးပါ။ လက်သည်းပေါ်မလိမ်းပါနဲ့။ လက်သည်းပေါ်ကျန်ရစ်နေတဲ့ဆီတွေနဲ့ Moisture တွေကိုဖယ်ရှားဖို့ ဂွမ်းတံထိပ်လေးနဲ့ လက်သည်းကိုပွတ်ပေးပါ။

    (၈) လက်သည်းတစ်ခုချင်းစီအပေါ်မှာ အောက်ခံအလွှာဆိုးပေးပါ။

    (၉)လက်သည်းနီ သင့်စိတ်ကြိုက်အရောင် ရွေးပြီးဆိုးပါ။ လက်သည်းနီဆိုးတဲ့အခါ စုတ်ချက် ၃ချက်နဲ့ဆွဲသင့်ပါတယ်။ ပထမတစ်ချက်ကို လက်သည်းအောက်ခြေ အလယ်ကနေ အပေါ်ထိဆွဲတင်လိုက်ပြီး ဘေးတစ်ဖက်စီကနေ တစ်ချက်စီဆွဲပေးပါ။ ပထမတစ်ထပ် လုံးဝခြောက်သွားပြီဆိုရင် ဒုတိယတစ်ထပ် ထပ်ဆိုးပေးပါ။

    (၁၀) လက်သည်းတစ်ခုချင်းစီမှာ အခြောက်မြန်စေတဲ့ အပေါ်ဆုံးအလွှာ အကြည်ရောင်လေးထပ်ပေးပါ။ ဒါက လက်သည်းနီကို ပိုပြီးကြာကြာခံစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement