အဓိပ္ပါယ်ဖွင့်ဆိုချက်
Impetigo (အနာစက်) ကဘာလဲ။
အနာစက်ဆိုသည်မှာ အလွန်ကူးစက်လွယ်သော အရေပြားကူးစက်ရောဂါတစ်ခုဖြစ်ပြီး အရေပြားတွင် နာကျင်သောအနာများကို ဖြစ်စေပါသည်။ အနာများသည့် အနီရောင်ရှိပြီး နေရာအနှံ့ပေါက်နိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် နှာခေါင်း၊ ပါးစပ်၊ လက်နှင့် ခြေတွင် အဖြစ်များ၏။ အနာကွဲသည့်အခါတွင် အရည်များစိမ့်ထွက်တတ်ပြီး အဝါရောင်ချပ်ပြားများ ဖြစ်လာနိုင်ပါသည်။
Impetigo (အနာစက်) က ဘယ်လောက်အဖြစ်များသလဲ
အနာစက်ရောဂါသည် ကလေးများတွင် အဖြစ်များသော အရေပြားကူးစက်ရောဂါဖြစ်ပြီး အထူးသဖြင့် ၂-၅ နှစ်အတွက်းကလေးများတွင် အဖြစ်များ၏။ လူကြီးများတွင်ဖြစ်ခဲသည်။ များသောအားဖြင့် တခြားသော အရေပြားလက္ခဏာ သို့မဟုတ် ကူးစက်ရောဂါတို့နှင့် တွဲလာတတ်ပြီး အမျိုးသားများတွင် အဖြစ်များသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Impetigo (အနာစက်) ရဲ့လက္ခဏာတွေကဘာတွေလဲ
အနာစက် ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
- အနီရောင်အနာများ မြန်မြန်ပေါက်လွယ်သော ရည်ကြည်ဖုများ ပေါက်ခြင်း
- ရည်အနည်းငယ်ကြာသည်အထိ အရည်များစီးကျတတ်ပြီး နောက်တွင် အဝါရောင်ချပ်ပြားကြီးဖြစ်သွားတတ်ခြင်း
- နှာခေါင်း၊ ပါးစပ်နှင့် တခြားနေရာများတွင် အရေပြားနာများပေါက်ခြင်း
- .ယားခြင်း ကျိန်းစပ်ခြင်း
- ပြင်းထန်သည့်အခြေအနေများတွင် နာကျင်သော အနာနှင့်အရည်များမှ နက်ရှိုင်းသည့်အနာများအဖြစ် ပြောင်းသွားတတ်သည်။
- ကူးစက်ရာနှင့်နီးသည့် ပြန်ရည်ကျိတ်များ ရောင်ခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။