backup og meta

ခြေထောက်မှာသဲဝဲရှိကြောင်း သတိပေးနေသည့်လက္ခဏာများ

သဲဝဲက ခြေထောက်ကိုအဓိကအသုံးပြုနေရတဲ့သူတွေနဲ့ အားကစားသမားတွေမှာပဲ ရနိုင်တယ်လို့သင်တွေးကောင်းတွေးထင်နိုင်ပေမဲ့အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အတွေ့ရများတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။

ခြေထောက်ကို အများဆုံးအသုံးပြုပြီးလှုပ်ရှားနေရတဲ့ အားကစားသမားတွေမှာ အများဆုံးတွေ့လေ့ရှိတာကြောင့် သဲဝဲ (athlete’s foot) လို့ခေါ်ခြင်း ဖြစ်ပါတယ်။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်နိုင်ပါတယ်။ ခြေဖဝါးနဲ့ခြေချောင်းတွေကြားမှာဖြစ်တတ်တဲ့ အလွန်အတွေ့ရများတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။

အရေပြားအကြေးခွံထသလို နီပြီးပေါက်ပြဲနာကနေတစ်ဆင့် အရည်တွေတစိမ့်စိမ့်ထွက်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ မှိုပိုးစွဲခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အချို့သောကိစ္စတွေမှာ ဆုံးဖြတ်ရခက်တာကြောင့် အကြောင်းရင်းကိုဆုံးဖြတ်ရာမှာ သင့်တော်တဲ့စမ်းသပ်စစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။

သတိပေးလက္ခဏာတွေက ဘာတွေလဲ။

ခြေထောက်မှာ သဲဝဲကူးစက်ပိုးဝင်နေကြောင်းကို ဖော်ပြနေတဲ့လက္ခဏာတွေ အများကြီးရှိနေပါတယ်။ လူတစ်ဦးချင်းစီအလိုက် မတူနိုင်ပါဘူး။ အောက်ပါလက္ခဏာတွေ သင့်မှာတစ်ခုသို့တစ်ခုထက်ပိုပြိးရှိခဲ့မယ်ဆိုရင် သဲဝဲဖြစ်နေတာဖြစ်နိုင်ပါတယ်။

  • ခြေချောင်းကြားတွေနဲ့ခြေဖဝါးမှာ ယားခြင်း၊ တဆစ်ဆစ်စူးခြင်း၊ ပူခြင်း
  • ခြေဖဝါးမှာ ယားနာအရေကြည်အိတ်ထခြင်း
  • ခြေဖဝါးအရေပြားများ ကွာကျခြင်း၊ အဖြစ်အများဆုံးနေရာကတော့ ခြေချောင်းကြားနေရာတွေနဲ့ခြေဖဝါး
  • သင့်ခြေဖဝါးအရေပြား ခြေထောက်စောင်းအရေပြားများ ခြောက်သွေ့ခြင်း
  • ခြေသည်းအရောင်ပြောင်းခြင်း၊ ထူခြင်း၊ ကျိုးပဲ့ခြင်း၊ ခြေသည်းခွံကျွတ်ထွက်ခြင်း

ရှူးဖိနပ်နဲ့ခြေအိတ်ကို ချွတ်လိုက်တဲ့အခါမှာ ယားယံခြင်းကပိုဆိုးပါတယ်။ ခြေဖဝါးစောင်းတွေမှာ နာတာရှည်ခြောက်သွေ့ခြင်း၊ အရေပြားအကြေးခွံအဖတ်များထခြင်းတွေတောင် ဖြစ်စေနိုင်ပါတယ်။ နှင်းခူရောဂါ၊ အရေပြားခြောက်ခြင်းစတာတွေနဲ့ အထင်မှားနိုင်ပါတယ်။

မှိုပိုးစွဲခြင်းကြောင့်ဖြစ်တဲ့ ခြေထောက်သဲဝဲစားတာက ဘက်တီးရီးယားပိုးတွေကူးစက်ဝင်ရောက်တဲ့အခါမျိုးမှာ အလွန်အမင်းနာကျင်စေတဲ့အနီဖိမ့်များ၊ ခြေထောက်ဖောရောင်ခြင်း၊ အရည်ကြည်ထခြင်းနဲ့ ကူးစက်ခံရတဲ့နေရာမှာအနာပေါက်တွေတောင် ဖြစ်စေနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ဖျားခြင်းနဲ့အတူ ပြည်ထွက်ခြင်းတွေ တွေ့ရမယ်ဆိုရင် သင့်ဆရာဝန်ကိုအမြန်ဆုံးခေါ်သင့်ပါတယ်။

အချို့အခြေအနေတွေမှာ သတိပေးလက္ခဏာတွေမတွေ့ရတာကြောင့် အားကစားသမားခြေထောက်ရနေကြောင်း လုံးဝသတိမထားမိတာမျိုးဖြစ်နိုင်ပါတယ်။ သူ့နာမည်အတိုင်း လူအများစုက အားကစားသမားစစ်စစ်တွေမှာသာ ဖြစ်တတ်တယ်လို့ယူဆနေဆဲထင်နေဆဲ ဖြစ်ပါတယ်။ သတိပေးလက္ခဏာတွေကို စစ်ဆေးရာမှာ အခက်အခဲဖြစ်စေပါတယ်။

လူတွေက သိပ်မပြင်းထန်တဲ့လက္ခဏာတစ်ချို့ကို လျစ်လျူရှုတတ်ကြပြီး အခြားအခြေအနေတွေကြောင့် ဖြစ်တယ်လို့တွေးထင်နေတာကြောင့် သတိထားမိဖို့ခက်ပါတယ်။

မကုသဘဲထားမယ်ဆိုရင် ပိုဆိုးနိုင်ပြီးနာကျင်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် လက္ခဏာတွေကိုသတိထားမိမိချင်း ဆရာဝန်နဲ့တတ်နိုင်သမျှ မြန်မြန်သွားတွေ့သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/athletes-foot#Symptoms5

http://www.webmd.com/skin-problems-and-treatments/tc/athletes-foot-symptoms

http://www.emedicinehealth.com/athletes_foot/page2_em.htm#athletes_foot_symptoms_and_signs

ယခုပုံစံ

26/10/2022

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Thin Myat Sandi Cho မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement