backup og meta

အမျိုးမျိုးသော ခြေထောက်ကူးစက်ပိုးများ


Hello Sayarwon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးမျိုးသော ခြေထောက်ကူးစက်ပိုးများ

    သင့်ခြေထောက်ကို အစဉ်အမြဲဂရုစိုက်နေမယ်၊ သန့်ရှင်းအောင်ထားမယ်ဆိုရင်တောင်မှ သင်နဲ့မတော်တဲ့ရှူးဖိနပ်ကျပ်ကျပ်တွေကြောင့်နဲ့ ရိုးရိုးထိခိုက်ဒဏ်ရာတွေကြောင့် သင့်ခြေထောက်ကိုကူးစက်ပိုးဝင်နိုင်ပါတယ်။ သင့်တွေ့ကြုံနိုင်တဲ့ ခြေထောက်ပိုးဝင်ခြင်းအမျိုးအစားအချို့ကို ရှင်းပြပါမယ်။

    ခြေဖဝါးကြွက်နို့

    သင့်အရေပြားပေါက်ပြဲသွားတဲ့အခါမျိုးမှာ ထိုဒဏ်ရာမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးသင့်ခန္ဓါကိုယ်ထဲကိုဝင်လာပြီး သင့်ခြေဖဝါးမှာ မာပြီးကြမ်းတမ်းတဲ့ကြွက်နို့တွေ ဖြစ်စေနိုင်ပါတယ်။ ခြေဖနောင့်ပေါ်မှာလည်း အလားတူကြွက်နို့တွေနဲ့ အသားမာတွေပေါ်လာနိုင်ပါတယ်။ အပေါက်သေးသေးလေးတွေ သို့ သေးငယ်တဲ့အမည်းစက်လေးတွေကို ကြွက်နို့တစ်ခုတည်းသို့အပြုံလိုက်ပေါက်နေတဲ့နေရာမှာ တွေ့နိုင်ပါတယ်။

    ဘယ်လိုကူးစက်ခံရတယ်ဆိုတာကို ရှာမတွေ့သေးပေမဲ့ ဖြစ်ရတဲ့အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့လူတွေ သို့ အများသုံးရေကူးကန်၊ ရေချိုးခန်းမျက်နှာပြင်တွေနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရနိုင်ပါတယ်။

    အန္တရာယ်မပေးနိုင်တဲ့အတွက်ကြောင့် ကုသမှုပေးဖို့မလိုအပ်ပါဘူး။ နာကျင်မှုခံစားရတဲ့အခါမှာတော့ ဖယ်ထုတ်ဖို့ salicylic acidသုံးနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဖယ်ရှားဖို့ မီးကင်ခြင်း၊ အေးခဲစေခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်းက ပိုကောင်းပါတယ်။

    မန်းရည်ရှိသောအနာများ

    သင့်အရေပြားမှာ အရည်ကြည်တွေနဲ့ပြည့်နေတဲ့ အရည်အိတ်ဖြစ်နေခြင်းဖြစ်တယ်။ သင့်ခြေထောက်တစ်နေရာတည်းကို ရှူးဖိနပ်နဲ့ထပ်တလဲလဲပွတ်တိုက်မိခြင်း ၊ သင့်ဖိနစ်ချောင်လွန်းခြင်း၊ ကျပ်လွန်းခြင်း၊ ရှူးဖိနပ်စီးတဲ့အခါတွေမှာ ခြေစွပ်မစွပ်ခြင်းကဲ့သို့သောသင့်အရေပြားကိုဆက်တိုက်ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။

    သင့်အတွက်အကြံပေးလိုတာကတော့ သင့်မှာအရည်ကြည်အိတ်ရှိနေတယ်ဆိုရင် သွားမထိဖို့ဖြစ်ပါတယ်။ ထိကိုင်ခြင်းကြောင့် အကာလေးပေါက်သွားပြီး ကူးစက်ပိုးတွေဝင်နိုင်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအစား ဆပ်ပြာအပျော့စားနဲ့ရေသို့ သန့်စင်ပဝါကိုသုံးပြီး ညင်ညင်သာသာဆေးကြောသန့်စင်ပြီး ဘတ်တီးရီးယားဆန့်ကျင်လိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။

    လိုအပ်မယ်ဆိုရင် အရေပြားကိုကူးစက်ပိုးတွေကနေ ကာကွယ်ဖို့ အနာပေါ်မှာ ပိတ်ကျဲနဲ့အုပ်ပြီး ဓါတ်မတည့်မှုအဖြစ်နည်းတဲ့ကပ်ခွာကပ်ပြီး လုံခြုံအောင်ထားနိုင်ပါတယ်။

    အားကစားသမားခြေထောက်

    ခြေထောက်မှိုစွဲခြင်းလို့လည်း ခေါ်နိုင်တဲ့ တွေ့ရများတဲ့ခြေထောက်အခြေအနေတစ်ခုဖြစ်ပါတယ်။ ခြေထောက်အရေပြားကို ပါးသွားစေပြီး ခြေသည်းတွေနဲ့ တစ်ခါတစ်ရံလက်တွေထိပါ ပြန့်သွားနိုင်တဲ့ကူးစက်နိုင်တဲ့ မှိုပိုးစွဲခြင်းဖြစ်ပါတယ်။

    အားကစားသမားခြေထောက်ကူးစက်ပိုးရှိမယ်ဆိုရင် အရေပြားကွာကျခြင်း၊ နီခြင်း၊ ယားခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း၊ တခါတရံအရည်ကြည်ထခြင်း၊ အနာတွေဖြစ်နိုင်ပါတယ်။

    အများဆုံးပစ္စည်းအပ်ခန်းနဲ့ ရေကူးကန်ဘေးမှာ ခြေဗလာလျှောက်ခြင်းသို့ ရောဂါပိုးရှိသူနဲ့တိုက်ရိုက်ထိတွေ့မိခြင်းကြောင့် ကူးစက်ခံရနိုင်ပါတယ်။ ရှူးဖိနပ်တွေတွေက မှိုပိုးကြီးထွားပေါက်ဖွားတတ်တဲ့ နေရာဖြစ်ပြီး အထူးသဖြင့်လေဝင်လေထွက်မကောင်းတဲ့ ခပ်ကျပ်ကျပ်ရှူးဖိနပ်တွေ ဖြစ်ပါတယ်။

    ဒီအခြေအနေမျိုးက မပြင်းထန်တတ်ပေမဲ့ သင်ပျောက်ကင်းလိုတာကြောင့် ပျောက်ကင်းအောင်ကြိုးစားဖို့လိုကောင်းလိုပါလိမ့်မယ်။ သင့်မှာဆီးချိုရောဂါရှိခြင်း သို့ သငိကိုယ်ခံအားစနစ်က မကောင်းဘူးအားနည်းနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့ အမြန်ဆုံးတွေ့သင့်ပါတယ်။

    သင့်ခြေထောက်ကူးစက်ပိုးဝင်ခြင်းတွေအတွက် အိမ်မှာပဲကုသမှုပေးနိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။ သင့်ဘာသာသင်ထိန်းချုပ်ဖို့မနိုင်တော့ဘူးဆိုရင် သင့်ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်ရောဂါကိုရောဂါရှာအတည်ပြုနိုင်ပါတယ်။ အခြားသောကျန်းမာရေးအခြေအနေတွေရှိမယ်ဆိုရင်လည်း စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement