backup og meta

အဆီပြန်တဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းကြမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီပြန်တဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းကြမလဲ

    လှပပြီး စတိုင်ကျတဲ့ ဆံပင်ဟာ သင့်ကို သပ်ရပ်စနစ်ကျသူအဖြစ် ညွှန်ပြပါတယ်။ ဒါပေမယ့် သင့်မှာ အဆီပြန်တဲ့ ဆံပင်ရှိနေခဲ့ရင် သင့်ဆံပင်ကို တစ်နေကုန် တောက်ပသန့်ရှင်းအောင် ထားဖို့ ခက်ခဲပါတယ်။ ဒီဆောင်းပါးမှာတော့ အဆီပြန်တဲ့ ဆံပင်ကို ဘယ်လိုဂရုစိုက်မလဲဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    တတ်နိုင်သမျှ ဆံပင်ကို လက်နဲ့ထိခြင်း၊ ဖီးခြင်းတွေကို ရှောင်ကျဉ်သင့်ပါတယ်။

    ဆံပင်တွေကို လက်နဲ့ ထိခြင်းဟာ ပြဿနာအခံကို ထင်တာထက်ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ ဥပမာ အဆီပါတဲ့ ဟင်းတွေကို ပြင်ဆင်ပြီး ဆံပင်ကို လက်နဲ့ ထိလိုက်တယ်ဆိုရင် ဒီအဆီတွေဟာ ဆံပင်ထဲကိုရောက်သွားပါလိမ့်မယ်။ ဒီလိုပဲ မိတ်ကပ်လိမ်းနေစဉ် အဆီပါတဲ့ အလှပြင်ပစ္စည်းတွေဟာ လက်မှာ ကပ်နေနိုင်တာကြောင့် ဒါဟာလည်း ဆံပင်ထဲရောက်သွားနိုင်ပါတယ်။ ဒီအခြေအနေကို ရှောင်ကျဉ်ဖို့ မိတ်ကပ် မလိမ်းစဉ် သင့်ဆံပင်ကို အနောက်မှာ

    သပ်ရပ်စွာ ချည်နှောင်ထားသင့်ပါတယ်။ ဆံပင်ကို လက်နဲ့မဟုတ်ပဲဘီးနဲ့ ဖြီးသင့်တယ်ဆိုတာကိုလည်း သတိရသင့်ပါတယ်။

    အရေးကြီးကိစ္စတွေ ရှိတယ်ဆိုရင် ခေါင်းလျှော်တာထက် တစ်နည်းနည်းနဲ့ ဆံပင်ကို ပြုပြင်သင့်ပါတယ်။

    သင်တခုခုသွားစရာရှိနေပြီး နောက်ကျနေပြီဆိုရင် ဆံပင်ကို အမြန်လျှော်ခြင်းဟာ လူတွေအများစု ကြုံတွေ့နေကျ ဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ကို အမြန်လျှော်မယ်ဆိုရင် ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေဟာ ဆံပင်အတွင်းမှာ ကျန်နေနိုင်ပြီး အဆီပိုထွက်နိုင်ပါတယ်။ ဒီလိုလုပ်မယ့်အစား ကလေးပေါင်ဒါ (သို့) dry shampoo ကို အသုံးပြုပြီး သင့်ဆံပင်ကို ခဏတာ ခြောက်သွေ့သန့်ှရှင်းအောင် လုပ်သွားသင့်ပါတယ်။ dry shampoo ကို ဆံပင်အရင်းနားကို ဖျန်းပေးပြီး လုံလောက်တဲ့ ပမာဏ အသုံးပြုဖို့ သတိရသင့်ပါတယ်။ ပေါင်ဒါ အသုံးပြုသူတွေမှာတော့ အသုံးပြုပြီးရင် ခေါင်းဖြီးပေးခြင်းဖြင့် သင့်ဆံပင်အတွင်းမှာ ရှိတဲ့ အဖြူတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။

    နေ့တိုင်းခေါင်းလျှော်ခြင်းဟာ ဆံပင်ဆီထွက်ခြင်းကို သက်သာစေပါသလား။

    လူအတော်များများကတော့ ဒီလိုထင်ပြီး ဒါဟာ မှားယွင်းပါတယ်။ နေ့စဉ် ခေါင်းလျှော်ခြင်းဟာ အဆီတွေကို မပျောက်ကွယ်သွားစေတဲ့အပြင် အဆီပိုထွက်စေပြီး ဆံပင်ဟာ ဆီပိုများလာပါလိမ့်မယ်။ သဘာဝအတိုင်း အဆီထွက်တဲ့ ဆံပင်ရှိရင် နေ့စဉ် ခေါင်းလျှော်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီအစား သင့်ဆံပင်ကို တစ်ပတ်မှာ ၃-၄ ကြိမ်လောက် လျှော်ပေးနိုင်ပါတယ်။

    ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတံဆိပ်ကို သေချာ ရွေးချယ်သင့်ပြီး အဆီထွက်တဲ့ ဆံပင်အတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသာ သုံးစွဲသင့်ပါတယ်။ ဒီထုတ်ကုန်တွေဟာ သင့်ဆံပင်ကို အရမ်းခြောက်သွေ့မနေစေပဲ အဆီပိုတွေကို ဖယ်ရှားပေးတယ်ဆိုရင် ဒါဟာ သင်သုံးသင့်တဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ သင်နဲ့ သင့်လျော်တဲ့ ထုတ်ကုန်ကို ရှာမတွေ့ခင်

    • စမ်းသုံးကြည့်ရမှာမို့ စိတ်ရှည်သင့်ပါတယ်။ စမ်းသုံးဖို့ ငွေရေးကြေးရေးရော အချိန်ရော မရှိခဲ့ရင် ဆံပင်ကျွမ်းကျင်သူကို မေးမြန်းဝယ်ယူသင့်ပါတယ်။

    တစ်လတစ်ခါမှာ clarifying shampoo ကို အသုံးပြုသင့်ပြီး သူဟာ အဆီပိုတွေနဲ့ သင့်ဆံပင်ပေါ်မှာ ရှိနေတဲ့ အခြားထုတ်ကုန်တွေ့ို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ သူ့ကို တစ်လတစ်ခါသာ အသုံးပြုသင့်ပြီး နေ့စဉ် အသုံးပြုခြင်းဟာ သူဖယ်ရှားပေးလိုက်တဲ့ အစိတ်အပိုင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ ဆံပင်တွေက အဆီပိုထုတ်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

    အဆီပြန်တဲ့ ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေသေးရင် သင့်စားသောက်ပုံဟာ အဆီထွက်ခြင်းနဲ့ ပတ်သက်နေမလားဆိုတာ သိရဖို့ အစားအသောက်ကျွမ်းကျင်ပညာရှင် ကို ဆက်သွယ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement