backup og meta

ထိပ်ပြောင်ခြင်းကိုကာကွယ်ရန်နည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိပ်ပြောင်ခြင်းကိုကာကွယ်ရန်နည်းလမ်းများ

    အသက်အရွယ်ရလာသည်နှင့်အမျှ သင့်ဆံပင်၏ထူထဲမှုသည်လည်း တဖြည်းဖြည်းလျော့ပါးလာသည်။ သင့်ဆံပင်ဆံသားစပ်သည်လည်းနောက်သို့ရောက်ရောက်သွားပြီးသင်၏ဦးရေပြားသည်လည်းပါးလှပ်သောဆံပင်ကိုကျော်၍ပိုမိုမြင်လာရသည်။ ယခုဖြစ်စဉ်သည် မျိုးရိုးဗီဇပေါ်မူတည်၍ကြိုတင်သတ်မှတ်ထားပြီးဖြစ်သော်လည်းအောက်ပါနည်းလမ်းနှစ်သွယ်ကိုအသုံးပြု၍ ဆုံးရှုံးခဲ့ပြီးသောဆံပင်များကိုထပ်မံမဆုံးရှုံးတော့ရန်နှင့် ဆံပင်များထပ်မံပေါက်ရန်ကိုသာ ဖြစ်စေနိုင်ပါသည်။

    (၁)မီနောက်ဆီဒေးလ်ဟုခေါ်သောဆေးရည် (သို့မဟုတ်) လူးဆေး ( Minoxidil )

    သင့်အနေဖြင့်သောက်ဆေးများကိုလည်းမသုံးစွဲဘဲဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ချင်သည်ဆိုလျှင် မီနောက်ဆီဒေးလ်သည်သင်ရှာဖွေနေသောအဖြေဖြစ်လိမ့်မည်။ သင်၏ကျန်ရှိသောဘဝအချိန်များတွင် တစ်နေ့လျှင် ၂ ကြိမ်အသုံးပြုနိုင်ပါသည်။ အဆင်ပြေသည်မှာ ထိုဆေးသည်ဆရာဝန်ညွှန်ကြားချက်မလိုဘဲအသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ပြင်ပိုမိုကောင်းမွန်သည့်အချက်မှာထိုဆေး၌ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါးခြင်းဖြစ်သည်။ ထိုဆေး၏အလုပ်လုပ်ပုံကိုတိကျရှင်းလင်းသည့် သိပ္ပံနည်းကျဖြေရှင်းချက်မရှိသေးပါ။ သို့သော် သုတေသီများကထိုဆေးသည်ဆံရင်းရှိဆံအိတ်များကို ကြီးထွားစေပြီးဆံပင်ရှင်သန်မှုကိုအားပေးသည်ဟုဆိုကြသည်။ မီနောက်ဆီဒေးလ် ကိုအသုံးပြုမည်ဟု ဆန္ဒရှိလျှင်စိတ်ရှည်ဖို့တော့လိုလိမ့်မည်။ သိသာမြင်သာသောပြောင်းလဲမှုဖြစ်ရန် အနည်းဆုံးအချိန် ၄ လခန့်ယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။ အချို့လူများတွင် ထိုဆေးသည်ဦးရေပြားကိုယားယံစေခြင်း ၊ အဖတ်အဖတ်များကွာကျစေခြင်းမျိုးလည်းရှိနိုင်သည်ကိုတွေ့ရသည်။ ထို့ကြောင့် တုန့်ပြန်လွယ်သောအရေပြားရှိသူများသည် သတိပြု၍သုံးစွဲသင့်သည်။

    (၂)ဖီနာစထရိုက်ဟုခေါ်သောဆေးပြား ( Finasteride )

    အကြောင်းတစ်ခုခုကြောင့် မီနောက်ဆီဒေးလ်ကိုအသုံးမပြုနိုင်သူများအတွက် ဖီနာစထရိုက်သည်သာရွေးချယ်စရာကျန်ပါသည်။ ဖီနာစထရိုက်သည် ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း

    ( Dihydrotestosterone ) ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း( Dihydrotestosterone ) ထုတ်လုပ်မှုကိုဟန့်တားခြင်းဖြင့်အလုပ်လုပ်ပါသည်။ မျိုးရိုးဗီဇအရထိပ်ပြောင်ခြင်းဖြစ်နိုင်ခြေရှိသူများတွင် ထိုဟော်မုန်းသည် ဆံပင်ရင်းရှိဆံအိတ်လေးများထဲသို့ လွယ်ကူစွာရောက်ရှိပြီးဆံရင်းအိတ်သေဆုံးအောင်ပြုလုပ်သည်။ လူအများစုတွင် ဖီနာစထရိုက် သည်ထိပ်ပြောင်ခြင်းဖြစ်စဉ်ကိုဟန့်တားနိုင်စွမ်းရှိသည်ကိုတွေ့ရသည်။ ထိုဆေးကိုသောက်သုံးသူများတွင် ဆံပင်များပြန်လည်ရှင်သန်သည်ကိုသိသာစွာသတိထားမိကြသည်။ ပိုမိုကောင်းမွန်သောရလဒ်ရရန်မီနောက်ဆီဒေးလ်နှင့်လည်းတွဲဖက်၍အသုံးပြုနိုင်ပါသည်။ သင့်အနေဖြင့် မီနောက်ဆီဒေးလ် (သို့မဟုတ်) ဖီနာစထရိုက် (သို့မဟုတ်) နှစ်မျိုးစလုံးစသဖြင့် ဆန္ဒရှိသလိုသုံးစွဲနိုင်သည်။ သို့သော် သင်ရွေးချယ်ထားသောဆေးနည်းကိုတော့ စွဲမြဲစွာသုံးစွဲဖို့လိုသည်။ ထိပ်ပြောင်ခြင်းအတွက်လုံးဝပျောက်ကင်းစေသည့်နည်းလမ်းတော့မရှိပါ။ သင်လုပ်နိုင်သောအကောင်းဆုံးနည်းလမ်းမှာသင့်ပြဿနာကိုနှေးကွေးဟန့်တားစေရန် ကိုယ်တိုင်အားထုတ်မှုပင်ဖြစ်သည်။ သင်ရွေးချယ်ထားသောကုသမှုကိုရပ်တန့်လိုက်လျှင်သင်၏ဆံပင်များပြန်လည်ကျွတ်ထွက်မည်ဖြစ်ပြီးယခင်ကထက် ပို၍မြန်မြန်ကျွတ်ထွက်ခြင်းပင် ရှိနိုင်ပါသည်။

    လုံလောက်သောအချိန်နှင့် အားထုတ်မှုပြုပါကသင့်ဆံပင်များ၏တိုးတက်မှုကို မြင်တွေ့ရမည်ဖြစ်သည်။ သင်၏ပင်ကိုယ်မျိုးရိုးဗီဇကဆံပင်ကျွတ်ခြင်းပြဿနာဖြစ်စေနိုင်သော်လည်းထိုအတိုင်းမဖြစ်မနေ အဆုံးသတ်ရမည်တော့မဟုတ်ပါ။ အစပိုင်းတွင် မီနောက်ဆီဒေးလ် ဆေးရည်လူးရခြင်း (သို့မဟုတ်) ဖီနာစထရိုက်ဆေးပြားများသောက်ရခြင်းကသင့်အတွက်အဆင်မပြေဖြစ်နိုင်သော်လည်းနောက်ပိုင်းတွင်အသားကျလာပြီးသင့်အနေဖြင့် မလုပ်ရမနေနိုင်ခြင်းမျိုးပင် ဖြစ်လာပါလိမ့်မည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement